Connect with us

Hi, what are you looking for?

သတင်း

စစ်လေယာဥ်ဆီများဝယ်ယူရရှိနေခြင်းကို တားဆီးပိတ်ပင်နိုင်ရေး ကုလလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာသို့ NUG တောင်းဆို

အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူများအား ဦးတည်ချက်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို မြန်မာပြည်အနှံ့အပြားတွင် ကျူးလွန်နေသည်ဟု NUG က ဖော်ပြသည်။

စစ်လေယာဥ်ဆီများဝယ်ယူရရှိနေခြင်းကို တားဆီးပိတ်ပင်နိုင်ရေး ကုလလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာသို့ NUG တောင်းဆို
စစ်လေယာဥ်ဆီများဝယ်ယူရရှိနေခြင်းကို တားဆီးပိတ်ပင်နိုင်ရေး ကုလလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာသို့ NUG တောင်းဆို

စစ်အုပ်စု၏ စစ်လေယာဥ်ဆီများဝယ်ယူရရှိနေခြင်းကို တားဆီးပိတ်ပင်နိုင်ရေးအတွက် ထိရောက်မှုရှိသော အရေးယူပိတ်ဆို့မှုများ ပြုလုပ်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တောင်းဆိုလိုက်သည်။

အဆိုပါအရေးယူမှုသည် မြန်မာပြည်သူလူထု၏ ထောင်ပေါင်းများစွာသော အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးနိုင်မည်ဖြစ်ပြီး စစ်အုပ်စု၏ လေယာဥ်ဆီများ ဝယ်ယူရရှိနေမှုကို ထိထိရောက်ရောက်တားဆီး ပိတ်ပင်မှုများ ပြုလုပ်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံများနှင့် နိုင်ငံတကာ ပိတ်ဆို့အရေးယူရေးအဖွဲ့များက မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထုအတွက် မဖြစ်မနေ ဆောင်ရွက်ပေးသင့်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့တိုက်တွန်းသည်။

“အကြမ်းဖက်စစ်အုပ်စု ၏ ပြည်သူလူထုအပေါ် သွေးချောင်းစီးသည့် အကြမ်းဖက်လုပ်ရပ်များကို ဆက်လက် လုပ်ဆောင်နိုင်နေစေသည့် အရင်း အမြစ်များအား မဖြစ်မနေ ဖြတ်တောက် အရေးယူရမည် ဖြစ်ပါသည်”ဟု NUG နိုင်ငံခြားရေးက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူများအား ဦးတည်ချက်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို မြန်မာပြည်အနှံ့အပြားတွင် ကျူးလွန်နေသည်ဟု NUG က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်လေယာဥ်မှူးများနှင့် ၎င်းတို့ကို ညွှန်ကြားစေခိုင်းသည့်စစ်အရာရှိများသည်စာသင်ကျောင်းများနှင့် ဆေးရုံများကို ဦးတည်ချက်ထား ရမ်းကားပြီး ကြောင်းကျိုးဆီလျော်မှုမရှိသည့်တိုက်ခိုက်မှုများကိုကျူးလွန်နေခြင်းသည် သိသာထင်ရှားသောစစ်ရာဇဝတ်မှုများနှင့်လူသားမျိုးနွယ်စုအပေါ်ကျူးလွန်နေသည့် ရာဇဝတ်မှုများဖြစ်သည်ဟု ဆက်လက်ဖော်ပြသည်။

ယခုနှစ်ဆန်းတွင်ပင် ထင်ရှားသော စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများမှာ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ မကွေးတိုင်းတို့၌ ဖြစ်ပွားခဲ့ပြီး ပြည်သူလူထုကို ဆေးကုသမှုပေးနေသည့် ဆေးရုံပါမချန် လေကြောင်းတိုက်ခိုက်မှုကို တိုးမြှင့်လုပ်ဆောင်နေသည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

Facebook