Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်ရှိ NUG တပ်ရင်းတစ်ခု၏ ရှေ့တန်းစခန်းအား စစ်ကောင်စီတပ်ရလေကြောင်းနှင့် မြေပြင် တပြိုင်နက်တိုက်ခိုက်

တိုက်ပွဲဖြစ်ပွားရာနေရာသည် မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် နယ်စပ်တွင်တည်ရှိပြီး မိုင်းဟုန်းကျေးရွာအပြင် အနီးရှိ ပင်တပြေကျေးရွာမှ ဒေသခံပြည်သူများပါ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဒဏ်ရာရရဲဘော်တစ်ဦးအား သယ်ထုတ်နေစဥ်၊ ဓာတ်ပုံ-NUG တပ်ရင်း(၁၂၂၂)
ဒဏ်ရာရရဲဘော်တစ်ဦးအား သယ်ထုတ်နေစဥ်၊ ဓာတ်ပုံ-NUG တပ်ရင်း(၁၂၂၂)

▪️စစ်ကြောင်းမှူးတစ်ဦးကျဆုံးပြီး တိုက်မိုင်းများထိ၍ စစ်ကောင်စီတ​ပ်အများအပြားကျဆုံးဟုဆို

မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တပ်ရင်း (၁၂၂၂)၏ ရှေ့တန်းစခန်းနေရာအား စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ သုံးစီးအပါအဝင် လေကြောင်းနှင့် မြေပြင်က တပြိုင်နက်တိုက်ခိုက်ရာ စစ်ကြောင်းမှူးတစ် ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း တိုက် မိုင်းထိ၍ အများအပြားသေဆုံးကြောင်း အဆိုပါတပ်ရင်း​၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ဇန်နဝါရီ ၂၀ ရက် မွန်းလွဲ ၁၂နာရီခွဲခန့်က မိုးကုတ် မြို့နယ် မိုင်းဟုန်းကျေးရွာအနီးရှိ တပ်ရင်း (၁၂၂၂) ရှိသည့် ရှေ့တန်းစခန်းနေရာအား စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု မိနစ် ၃၀ခန့်နှင့် မြေပြင်မှလည်း စစ်ကြောင်းလေးကြောင်း အင်အား ၂၀၀နီးပါးဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းတပ်ရင်း (၁၂၂၂)​၏ သတင်းနှင့်ပြန်ကြား ရေးတာဝန်ရှိသူက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုတွင် ဝေဟင်မှ ဂျက်ဖိုက် တာ သုံးစီးဖြင့် ဗုံးသီး (၃၀)လုံးခန့် ကြဲချကာ စက်လက် များဖြင့်လည်း ၁၀ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ၎င်းက ပြောသည်။

မြေပြင်စစ်ကြောင်းထိုး၍ တက်လာခဲ့သော စစ်ကောင်စီ တပ်သားများလည်း (၄၀)မမ၊ (၆၀) မမ ၊M9 များ ၊ ငါးကြင်းမှီးများဖြင့်လည်း တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုကြောင့် တပ်ရင်း (၁၂၂၂)၏ စစ်ကြောင်းမှူးတစ်ဦး လေယာဥ်ပေါ်မှ ကြဲချသော လက်နက်ကြီး ဗုံးဆံထိမှန်ကာ ကျဆုံးခဲ့ရကြောင်း အထက်ပါ တာဝန်ရှိသူက ​ပြောသည်။

ရဲဘော်သုံးဦးလည်း အပြင်းအထန်ဒဏ်ရာရှိခဲ့ပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်း၊ ကျန်ရဲဘော် များမှာ ကာပစ်ပစ်၍ ဆုတ်ခွာနိုင်ခဲ့သောကြောင့် အထိအခိုက်မရှိကြောင်းလည်း အသိပေးသည်။

စစ်ကြောင်းထိုးတိုက်ခဲ့မည်ကို ကြိုတင်သတင်းရရှိခဲ့ခြင်းကြောင့် စခန်းအနီးတွင် တိုက်မိုင်းများကြိုတင် ထောင်ထားခဲ့သည့်အတွက် မြေပြင်မှတက်လာသည့် စစ်ကောင်စီတပ်သား (၃၀)နီးပါး ထိခိုက်သေဆုံးခဲ့ကြောင်းတပ်ရင်း(၁၂၂၂​)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

“သတင်းပေးကြောင့်လို့ဘဲထင်ပါတယ်ဗျ။ မြေပြင်တစ်ခုထဲဆိုရင်တော့ ကျွန်တော်တို့အသာစီးရမဲ့ပွဲပါ။ လေကြောင်းနဲ့ပါ တိုက်ခိုက်တဲ့အတွက် အခုလိုကြုံခဲ့ရတာပါ။”ဟု ၎င်းက ပြောသည်။

မြေပြင်စစ်ကြောင်းထိုးရုံသာမက ဝေဟင်မှလည်း တိုက်ခိုက်ခဲ့သောကြောင့် စခန်းအား စွန့်ခွာခဲ့ပြီး စခန်းရှိ မီးစက်၊ဒိုင်နမို၊ ဆိုင်ကယ်(၅)စီး၊ ရိက္ခာပစ္စည်း အမြောက်အများ၊ ရဲဘော်များ၏ ကျောပိုးအိတ်များနှင့် တခြားသော ပစ္စည်းအချို့ ဆုံးရှုံးခဲ့ကြောင်းလည်း ထပ်မံအသိပေးသည်။

“အသက်လုပြီး ကာပစ်ပုံစံမျိုးနဲ့ ပစ်ပြီးပြေးခဲ့ရတဲ့အတွက် လိုအပ်ချက်တွေတော့ ရှိနေသေးတယ်။ ရဲဘော်တွေရဲ့အသုံးအဆောင်ပစ္စည်းတွေ ပါဝါဘဏိတွေ ကျောပိုးအိတ်တွေ စောင်တွေ အိပ်ရာတွေဆိုလည်း ဘာမှမပါခဲ့ဘူး။ ဆောင်းတွင်းလည်းမကုန်သေးတော့ ဒီရက်ပိုင်းမှာ အအေးတွေပိုနေတဲ့အချိန်ဆိုတော့ လက်တလောလိုအပ်မှုတွေ ရှိနေတယ်။”ဟု ၎င်းက ဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားရာနေရာသည် မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် နယ်စပ်တွင်တည်ရှိပြီး မိုင်းဟုန်းကျေးရွာအပြင် အနီးရှိ ပင်တပြေကျေးရွာမှ ဒေသခံပြည်သူများပါ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

Facebook