Connect with us

Hi, what are you looking for?

သတင်း

မြန်မာစစ်တပ်ရဲ့ ပြစ်မှုတွေကို လူ့အခွင့်အရေး အဖွဲ့တစ်ခု ဦးဆောင်ပြီး ဂျာမနီမှာ အမှုဖွင့်တိုင်ကြား

Fortify Rights အဖွဲ့နဲ့ ဂျာမနီ နိုင်ငံရောက် လူပုဂ္ဂိုလ် ၁၆ ဦးတို့ဟာ မြန်မာစစ်တပ်ရဲ့ ၂၀၁၇ တုန်းက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် အကြမ်းဖက်ခဲ့တဲ့ လုပ်ရပ်တွေနဲ့ ၂၀၂၁ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အခုလို တိုင်ချက်ဖွင့်ခဲ့တာပါ။

Fortify Rights ပူးတွဲတည်​ထောင်သူနှင့် အမှု​ဆောင်အရာရှိချုပ် Matthew Smith ။ ဓါတ်ပုံ-AP
Fortify Rights ပူးတွဲတည်​ထောင်သူနှင့် အမှု​ဆောင်အရာရှိချုပ် Matthew Smith ။ ဓါတ်ပုံ-AP

လူမျိုးသုဉ်း သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ မြန်မာ အစိုးရအပေါ် လူ့အခွင့်အရေး အဖွဲ့တစ်ခုက ဦးဆောင်ပြီး ဂျာမနီ နိုင်ငံမှာ အရေးဆို အမှုဖွင့်လိုက်ပါတယ်။

Fortify Rights အဖွဲ့နဲ့ ဂျာမနီ နိုင်ငံရောက် လူပုဂ္ဂိုလ် ၁၆ ဦးတို့ဟာ မြန်မာစစ်တပ်ရဲ့ ၂၀၁၇ တုန်းက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် အကြမ်းဖက်ခဲ့တဲ့ လုပ်ရပ်တွေနဲ့ ၂၀၂၁ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အခုလို တိုင်ချက်ဖွင့်ခဲ့တာပါ။

စစ်အာဏာသိမ်းမှုဆန့်ကျင်​ကြောင်း ဆန္ဒပြပြည်သူများကို စစ်​ကောင်စီစစ်တပ်နှင့် ရဲများကအကြမ်းဖက်ဖြိုခွင်းစဥ်။ ဓါတ်ပုံ-AP
စစ်အာဏာသိမ်းမှုဆန့်ကျင်​ကြောင်း ဆန္ဒပြပြည်သူများကို စစ်​ကောင်စီစစ်တပ်နှင့် ရဲများကအကြမ်းဖက်ဖြိုခွင်းစဥ်။ ဓါတ်ပုံ-AP

ဂျာမနီမှာ မြန်မာစစ်တပ်ကို တရားစွဲဆို အမှုဖွင့်ထားတဲ့ အကြောင်းကို Fortify Rightsက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဇန်နဝါရီ ၂၄ ရက်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဲဒီ ဖြစ်ရပ်နှစ်ခုလုံးမှာ ပြစ်မှု ကျူးလွန်ခဲ့သူတွေဟာ သူတို့ရဲ့ လုပ်ရပ်အတွက် တာဝန်ခံမှု မရှိသေးဘူးလို့လည်း Fortify Rightsက ဆိုပါတယ်။

တိုင်ချက်ဖွင့်မှုကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က လက်ခံ ရရှိထားတဲ့ ဂျာမနီ ဖက်ဒရယ် အစိုးရ ရှေ့နေရုံးကတော့ အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။ လုပ်ထုံးလုပ်နည်းအရ အစိုးရ ရှေ့နေရုံး တာဝန်ရှိသူတွေဟာ စွဲချက်နဲ့ ပတ်သက်လို့ တရားခွင်တင်သင့်၊မတင်သင့်ကို ပြန်လည် သုံးသပ် စစ်ဆေးရဦးမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရခိုင်ပြည်နယ်​၊မောင်း​တော မြို့နယ်တွင် ၂၀၁၇ ခုနှစ်၌စစ်တပ်နှင့်ရဲများ မီးရှို့ ဖျက်ဆီးခံရ​သောရိုဟင်ဂျာ​နေအိမ်​ရှေ့မှရဲတစ်ဦး ဖြတ်​လျှောက်သွားစဥ်။ဓါတ်ပုံ-AP
ရခိုင်ပြည်နယ်​၊မောင်း​တော မြို့နယ်တွင် ၂၀၁၇ ခုနှစ်၌စစ်တပ်နှင့်ရဲများ မီးရှို့ ဖျက်ဆီးခံရ​သောရိုဟင်ဂျာ​နေအိမ်​ရှေ့မှရဲတစ်ဦး ဖြတ်​လျှောက်သွားစဥ်။ဓါတ်ပုံ-AP

ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းရှင်းလင်းမှုတွေလုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့တော့ မြန်မာ စစ်ဗိုလ်ချုပ်တွေဟာ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ စစ်ဆေးမှုတွေ ခံနေရဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အာဂျင်တီးနား၊ တူရကီနဲ့ အခုအခါ ဂျာမနီလို နိုင်ငံတွေမှာလူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူတွေက မြန်မာစစ်တပ်အပေါ် သီးခြားစွဲချက်တွေ တင်ထားကြတာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်မှာအာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူတွေနဲ့ အရပ်သား ပြည်သူတွေကိုရက်ရက်စက်စက် သတ်ဖြတ်တာတွေ၊ တရားလက်မဲ့ ဖမ်းဆီး ထောင်ချတာတွေ လုပ်ဆောင်ခဲ့သလို နိုင်ငံအနှံ့မှာလည်း ကျေးရွာတွေကို လေကြောင်းက တိုက်ခိုက်တာ၊ လူနေအိမ်တွေ အများအပြားကို မီးရှို့ဖျက်ဆီးတာတွေ ကျူးလွန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်တဲ့ နိုင်ငံတကာကုမ္ပဏီပေါင်းတွေ စာရင်းထဲမှာ နောက်ထပ် ၅၃ ခုကို Burma Campaign UKက ထပ်မံဖြည့်တင်းလိုက်ပါတယ်။

နိုင်ငံတကာ

ဂျာမနီက မိခင်နဲ့ကလေးများ စင်တာတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ မထင်မှတ်ဆုံး ရလဒ်တစ်ခုအဖြစ် နာမည်ကြီး ဂျာမနီ အသင်းဟာ ၃၂ သင်း ရှုံးထွက်အဆင့်မှာပဲ အိမ်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။ ဂျာမနီဟာ ပါရာဂွေးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်သွားလို့ ပြိုင်ပွဲကနေ ထွက်ခွာသွားရတာပါ။

နိုင်ငံတကာ

အုပ်စုအောက်ဆုံးအီ​ကွေ​ဒေါကဂျာမနီကိုအနိုင်ယူပြီးရှုံးထွက်တက်ဖို့အ​ခြေအ​နေ​ကောင်း