Connect with us

Hi, what are you looking for?

သတင်း

ဟောင်ကောင်ကုန်တင်သင်္ဘော နစ်မြှုပ်မှုမှာ ၂ ဦးသေဆုံး ၊ ၈ ဦးပျောက်ဆုံးနေဆဲ

လက်ရှိအချိန်ထိ ၈ ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ဂျပန် နဲ့တောင်ကိုရီးယား ကမ်းခြေစောင့်သင်္ဘောတွေ ၊ လေယာဉ်တွေအပြင် ကုန်တင်သင်္ဘော ၂ စင်းကလည်း ဆက်လက်ရှာဖွေနေဆဲလို့ AP ကဖော်ပြပါတယ်။

ဟောင်ကောင်ကုန်တင်သင်္ဘော နစ်မြှုပ်မှုမှာ ၂ ဦးသေဆုံး ၊ ၈ ဦးပျောက်ဆုံးနေဆဲ
ဟောင်ကောင်ကုန်တင်သင်္ဘော နစ်မြှုပ်မှုမှာ ၂ ဦးသေဆုံး ၊ ၈ ဦးပျောက်ဆုံးနေဆဲ

တောင်ကိုရီးယား နဲ့ ဂျပန် ကြား ပင်လယ်ပြင်မှာ မြန်မာနိုင်ငံသားတွေပါတဲ့ ဟောင်ကောင် ကုန်တင်သင်္ဘော မနေ့က နစ်မြှုပ်ရာသင်္ဘောအမှုထမ်း ၂၂ ဦးအနက် ၁၄ ဦး ကို ကယ်ဆယ်ရရှိပြီး ၂ ဦးသေဆုံးသွားတယ်လို့ AP သတင်းဌာနက ဖော်ပြပါတယ်။

နစ်မြှုပ်သွားတဲ့ ကုန်တင်သင်္ဘောပေါ်မှာ အမှုထမ်း ၂၂ ဦးပါပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ရာမှာ ၁၄ ဦးကို ကယ်ဆယ်နိုင်ခဲ့တာပါ။

အဲဒီ ၁၄ ဦးထဲက ၉ ဦးဟာ သတိမေ့မြောနေပြီး အသေအပျောက်စာရင်းကို တောင်ကိုရီးယား အာဏာပိုင်တွေက ချက်ချင်းအတည်ပြုမပြုပါဘူး။

အဲဒီနောက် ဆေးဝါးကုသမှု ပေးရမယ့် သင်္ဘောအမှုထမ်း ၁၀ ဦးကို ဂျပန်နိုင်ငံတောင်ပိုင်း နာဂါဆာကီမြို့ကို လေယာဉ်နဲ့ ခေါ်ယူသွားခဲ့ပေမယ့် ဆိုက်ရောက်ချိန်ရာမှာပဲ သေဆုံးသူ ၂ ဦးရှိခဲ့တယ်လို့ ဂျပန်အာဏာပိုင်တွေက အတည်ပြုပါတယ်။

Public Service Announcement

Public Service Announcement

ရှာဖွေကယ်ဆယ်လို့ရတဲ့ ၁၄ ဦး နဲ့ အဲဒီအထဲက သေဆုံးသွားသူ ၂ ဦးဟာ ဘယ်နိုင်ငံသားတွေ ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ကနဦးသတင်းတွေအရ သင်္ဘောပေါ်မှာ တရုတ်နိုင်ငံသား ၁၄ ဦးနဲ့မြန်မာနိုင်ငံသား ၈ ဦးပါတယ်လို့သိရပါတယ်။

လက်ရှိအချိန်ထိ ၈ ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ဂျပန် နဲ့တောင်ကိုရီးယား ကမ်းခြေစောင့်သင်္ဘောတွေ ၊ လေယာဉ်တွေအပြင် ကုန်တင်သင်္ဘော ၂ စင်းကလည်း ဆက်လက်ရှာဖွေနေဆဲလို့ AP ကဖော်ပြပါတယ်။

ဒါပေမယ့် ပင်လယ်ပြင်မှာ ရာသီဥတု ပြင်းထန်လို့ ရှာဖွေကယ်ဆယ်ရေးနှောင့်နေးနေတယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေက ပြောထားပါတယ်။

တန်ချိန် ၆,၅၅၁ တန် သယ်ဆောင်လာတဲ့ ဟောင်ကောင် ကုန်တင်သင်္ဘော Jin Tian ဟာ တောင်ကိုရီးယား ဂျယ်ဂျုကျွန်းကနေ တောင်ဘက် မိုင် ၉၃ ခန့်အကွာ ၊ ဂျပန် နာဂါဆာကီရဲ့ အနောက်တောင် ဘက် မိုင် ၁၀၀ ခန့်အကွာ ပင်လယ်ပြင်မှာ နစ်မြှုပ်ခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

နိုင်ငံတကာ

ဂျုံတွေ တင်လာတဲ့ ကုန်တင်သင်္ဘောကို ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၀ ဦး သေဆုံးကြောင်း ယူကရိန်း ရေတပ်က ကြေညာခဲ့ပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။