Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဟောင်ကောင်ကုန်တင်သင်္ဘော နစ်မြှုပ်မှုမှာ ၂ ဦးသေဆုံး ၊ ၈ ဦးပျောက်ဆုံးနေဆဲ

လက်ရှိအချိန်ထိ ၈ ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ဂျပန် နဲ့တောင်ကိုရီးယား ကမ်းခြေစောင့်သင်္ဘောတွေ ၊ လေယာဉ်တွေအပြင် ကုန်တင်သင်္ဘော ၂ စင်းကလည်း ဆက်လက်ရှာဖွေနေဆဲလို့ AP ကဖော်ပြပါတယ်။

ဟောင်ကောင်ကုန်တင်သင်္ဘော နစ်မြှုပ်မှုမှာ ၂ ဦးသေဆုံး ၊ ၈ ဦးပျောက်ဆုံးနေဆဲ
ဟောင်ကောင်ကုန်တင်သင်္ဘော နစ်မြှုပ်မှုမှာ ၂ ဦးသေဆုံး ၊ ၈ ဦးပျောက်ဆုံးနေဆဲ

တောင်ကိုရီးယား နဲ့ ဂျပန် ကြား ပင်လယ်ပြင်မှာ မြန်မာနိုင်ငံသားတွေပါတဲ့ ဟောင်ကောင် ကုန်တင်သင်္ဘော မနေ့က နစ်မြှုပ်ရာသင်္ဘောအမှုထမ်း ၂၂ ဦးအနက် ၁၄ ဦး ကို ကယ်ဆယ်ရရှိပြီး ၂ ဦးသေဆုံးသွားတယ်လို့ AP သတင်းဌာနက ဖော်ပြပါတယ်။

နစ်မြှုပ်သွားတဲ့ ကုန်တင်သင်္ဘောပေါ်မှာ အမှုထမ်း ၂၂ ဦးပါပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ရာမှာ ၁၄ ဦးကို ကယ်ဆယ်နိုင်ခဲ့တာပါ။

အဲဒီ ၁၄ ဦးထဲက ၉ ဦးဟာ သတိမေ့မြောနေပြီး အသေအပျောက်စာရင်းကို တောင်ကိုရီးယား အာဏာပိုင်တွေက ချက်ချင်းအတည်ပြုမပြုပါဘူး။

အဲဒီနောက် ဆေးဝါးကုသမှု ပေးရမယ့် သင်္ဘောအမှုထမ်း ၁၀ ဦးကို ဂျပန်နိုင်ငံတောင်ပိုင်း နာဂါဆာကီမြို့ကို လေယာဉ်နဲ့ ခေါ်ယူသွားခဲ့ပေမယ့် ဆိုက်ရောက်ချိန်ရာမှာပဲ သေဆုံးသူ ၂ ဦးရှိခဲ့တယ်လို့ ဂျပန်အာဏာပိုင်တွေက အတည်ပြုပါတယ်။

ရှာဖွေကယ်ဆယ်လို့ရတဲ့ ၁၄ ဦး နဲ့ အဲဒီအထဲက သေဆုံးသွားသူ ၂ ဦးဟာ ဘယ်နိုင်ငံသားတွေ ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ကနဦးသတင်းတွေအရ သင်္ဘောပေါ်မှာ တရုတ်နိုင်ငံသား ၁၄ ဦးနဲ့မြန်မာနိုင်ငံသား ၈ ဦးပါတယ်လို့သိရပါတယ်။

လက်ရှိအချိန်ထိ ၈ ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ဂျပန် နဲ့တောင်ကိုရီးယား ကမ်းခြေစောင့်သင်္ဘောတွေ ၊ လေယာဉ်တွေအပြင် ကုန်တင်သင်္ဘော ၂ စင်းကလည်း ဆက်လက်ရှာဖွေနေဆဲလို့ AP ကဖော်ပြပါတယ်။

ဒါပေမယ့် ပင်လယ်ပြင်မှာ ရာသီဥတု ပြင်းထန်လို့ ရှာဖွေကယ်ဆယ်ရေးနှောင့်နေးနေတယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေက ပြောထားပါတယ်။

တန်ချိန် ၆,၅၅၁ တန် သယ်ဆောင်လာတဲ့ ဟောင်ကောင် ကုန်တင်သင်္ဘော Jin Tian ဟာ တောင်ကိုရီးယား ဂျယ်ဂျုကျွန်းကနေ တောင်ဘက် မိုင် ၉၃ ခန့်အကွာ ၊ ဂျပန် နာဂါဆာကီရဲ့ အနောက်တောင် ဘက် မိုင် ၁၀၀ ခန့်အကွာ ပင်လယ်ပြင်မှာ နစ်မြှုပ်ခဲ့တာပါ။

You May Also Like

သတင်း

အာဏာသိမ်းစစ်ကောင်စီ တပ်မ-၄၄ လက်အောက်ခံ ခမရ-၂၀၇၊ ခလရ-၂၊ ခမရ-၂၊ အမတ- ၆၀၂ နှင့် အမတ-၃၁၀ တပ်ရင်းများမှ လက်နက်ကြီး မကြာခဏပစ်ခတ်လေ့ရှိကြောင်း KNUက ထုတ်ပြန်သည်။

သတင်း

ယမန်နေ့တိုက်ပွဲ၌ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်(၁)ဦး ကျဆုံးခဲ့ပြီး ၂ဦး ဒဏ်ရာရခဲ့ကြောင်း၊ ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲအရှေ့ခြမ်းနှင့် သံလွင်မြစ်အရှေ့ဘက်ခြမ်းတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ကရင်နီစစ်ဘက်က အသိပေးထားသည်။

နိုင်ငံတကာ

မနှစ်က ဇွန်လတုန်းကလည်း အာဖဂန်ရဲ့ ပက်တီကာ ဒေသမှာ ရစ်ချ်တာစကေး ၅.၉ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် လူပေါင်း ၁၀၀၀ ကျော် သေဆုံးပြီး ၂၅ နှစ်အတွင်း နိုင်ငံရဲ့ အဆိုးဆုံး ငလျင်အဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီတပ်က ကရင်နီဒေသသို့ စစ်ကြောင်းအများအပြားဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောသည်။