Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အေပက်ညီလာခံ တက်ရောက်ခဲ့တဲ့ ဟောင်ကောင် အစိုးရခေါင်းဆောင် ကိုဗစ် ကူးစက်ခံလာရ

တရုတ်လက်အောက်ခံ မြို့ပြနိုင်ငံငယ်ရဲ့ အစိုးရ အဖွဲ့က လီရဲ့ ဆေးစစ်ရလဒ် အဖြေဟာ Positive ဖြစ်ခဲ့ကြောင်း နိုဝင်ဘာ ၂၁ ရက်မှာ အတည်ပြု ထုတ်ပြန်ပါတယ်။

အေပက်ညီလာခံ တက်ရောက်ခဲ့တဲ့ ဟောင်ကောင် အစိုးရခေါင်းဆောင် ကိုဗစ် ကူးစက်ခံလာရ
အေပက်ညီလာခံ တက်ရောက်ခဲ့တဲ့ ဟောင်ကောင် အစိုးရခေါင်းဆောင် ကိုဗစ် ကူးစက်ခံလာရ

အေပက် ညီလာခံ တက်ရောက်ပြီး ပြန်လာတဲ့ ဟောင်ကောင် အစိုးရ ခေါင်းဆောင် ဂျွန်လီဟာ ကိုဗစ်ရောဂါ ကူးစက် ခံလာရကြောင်း သိရပါတယ်။

တရုတ်လက်အောက်ခံ မြို့ပြနိုင်ငံငယ်ရဲ့ အစိုးရ အဖွဲ့က လီရဲ့ ဆေးစစ်ရလဒ် အဖြေဟာ Positive ဖြစ်ခဲ့ကြောင်း နိုဝင်ဘာ ၂၁ ရက်မှာ အတည်ပြု ထုတ်ပြန်ပါတယ်။ လီဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကမှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ကို သွားရောက်ပြီး တရုတ် သမ္မတ ရှီကျင့်ဖျင် အပါအဝင် တခြား ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တချို့နဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (အေပက်) ဆွေးနွေးပွဲတွေမှာ တွေ့ဆုံခဲ့ပါတယ်။

လောလောဆယ်တော့ လီဟာ ဟောင်ကောင် ကျန်းမာရေးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ သီးသန့်ခွဲခြားပြီး Quarantine ဝင်နေတယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။ သူနဲ့အတူ ထိုင်းကို လိုက်ပါသွားတဲ့ တခြားအရာရှိနဲ့ ဝန်ထမ်းတွေ တစ်ဦးမှ ရောဂါ ကူးစက် မခံခဲ့ရဘူးလို့လည်း ဆိုပါတယ်။ လီဟာ Quarantine ဝင်နေတဲ့ ကာလမှာလည်း အိမ်ကနေပြီး အလုပ်ဆက်လုပ်မယ်လို့ သိရပါတယ်။

အေပက် ညီလာခံ တက်ရောက်တာဟာ ဟောင်ကောင် အစိုးရ ခေါင်းဆောင် အနေနဲ့ လီရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ်လည်း ဖြစ်ခဲ့ပါတယ်။ လီဟာ သဘောထား တင်းမာတဲ့ လုံခြုံရေး အရာရှိဟောင်း တစ်ဦးဖြစ်ပြီး တရုတ် အစိုးရအပေါ် အမာခံ အားပေး ထောက်ခံသူလို့ လူသိများပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုချက် နယ်မြေတွေထဲက တစ်ခုဖြစ်တဲ့ ဟောင်ကောင်ဟာ လက်ရှိ အချိန်ထိ နှာခေါင်းစည်း မဖြစ်မနေ ဝတ်ဆင်ရတာမျိုး၊ ကာကွယ်ဆေး ထိုးနှံထားကြောင်း ထောက်ခံစာတွေ စစ်ဆေးတာမျိုး၊ ပြည်ပက ဆိုက်ရောက်လာသူတွေကို လူကြားထဲ ၃ ရက်ကြာ သွားလာခွင့် မပေးဘဲ ကန့်သတ် စောင့်ကြည့်တာမျိုး တင်းကျပ်တဲ့ ရောဂါ ထိန်းချုပ်ရေး အစီအမံတွေကို ဆက်လက် ကျင့်သုံးနေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

သတင်း

လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်မှုများကို မှတ်တမ်းတင်၍ စစ်ရာဇဝတ်မှုကျုးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ရန်၊ လိုအပ်သည့် နောက်ဆက်တွဲ ကာကွယ်မှုများ၊ ကူညီ ပံ့ပိုးမှုများပေးအပ်နိုင်ရန် တိုင်ကြားနိုင်မည့် နည်းလမ်းများကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်သည်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အမေရိကန် ထောက်လှမ်းရေးရဲ့ အဆိုအရ Tower 22 စခန်းကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းဟာ အီရန်လုပ် အမျိုးအစားဖြစ်ပြီး ယူကရိန်း စစ်ပွဲမှာ အသုံးပြုဖို့ ရုရှားဆီ တင်ပို့ထားတာတွေနဲ့လည်း တူညီတယ်လို့ သိရပါတယ်။