Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အေပက်ညီလာခံ တက်ရောက်ခဲ့တဲ့ ဟောင်ကောင် အစိုးရခေါင်းဆောင် ကိုဗစ် ကူးစက်ခံလာရ

တရုတ်လက်အောက်ခံ မြို့ပြနိုင်ငံငယ်ရဲ့ အစိုးရ အဖွဲ့က လီရဲ့ ဆေးစစ်ရလဒ် အဖြေဟာ Positive ဖြစ်ခဲ့ကြောင်း နိုဝင်ဘာ ၂၁ ရက်မှာ အတည်ပြု ထုတ်ပြန်ပါတယ်။

အေပက်ညီလာခံ တက်ရောက်ခဲ့တဲ့ ဟောင်ကောင် အစိုးရခေါင်းဆောင် ကိုဗစ် ကူးစက်ခံလာရ
အေပက်ညီလာခံ တက်ရောက်ခဲ့တဲ့ ဟောင်ကောင် အစိုးရခေါင်းဆောင် ကိုဗစ် ကူးစက်ခံလာရ

အေပက် ညီလာခံ တက်ရောက်ပြီး ပြန်လာတဲ့ ဟောင်ကောင် အစိုးရ ခေါင်းဆောင် ဂျွန်လီဟာ ကိုဗစ်ရောဂါ ကူးစက် ခံလာရကြောင်း သိရပါတယ်။

တရုတ်လက်အောက်ခံ မြို့ပြနိုင်ငံငယ်ရဲ့ အစိုးရ အဖွဲ့က လီရဲ့ ဆေးစစ်ရလဒ် အဖြေဟာ Positive ဖြစ်ခဲ့ကြောင်း နိုဝင်ဘာ ၂၁ ရက်မှာ အတည်ပြု ထုတ်ပြန်ပါတယ်။ လီဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကမှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ကို သွားရောက်ပြီး တရုတ် သမ္မတ ရှီကျင့်ဖျင် အပါအဝင် တခြား ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တချို့နဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (အေပက်) ဆွေးနွေးပွဲတွေမှာ တွေ့ဆုံခဲ့ပါတယ်။

လောလောဆယ်တော့ လီဟာ ဟောင်ကောင် ကျန်းမာရေးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ သီးသန့်ခွဲခြားပြီး Quarantine ဝင်နေတယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။ သူနဲ့အတူ ထိုင်းကို လိုက်ပါသွားတဲ့ တခြားအရာရှိနဲ့ ဝန်ထမ်းတွေ တစ်ဦးမှ ရောဂါ ကူးစက် မခံခဲ့ရဘူးလို့လည်း ဆိုပါတယ်။ လီဟာ Quarantine ဝင်နေတဲ့ ကာလမှာလည်း အိမ်ကနေပြီး အလုပ်ဆက်လုပ်မယ်လို့ သိရပါတယ်။

အေပက် ညီလာခံ တက်ရောက်တာဟာ ဟောင်ကောင် အစိုးရ ခေါင်းဆောင် အနေနဲ့ လီရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ်လည်း ဖြစ်ခဲ့ပါတယ်။ လီဟာ သဘောထား တင်းမာတဲ့ လုံခြုံရေး အရာရှိဟောင်း တစ်ဦးဖြစ်ပြီး တရုတ် အစိုးရအပေါ် အမာခံ အားပေး ထောက်ခံသူလို့ လူသိများပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုချက် နယ်မြေတွေထဲက တစ်ခုဖြစ်တဲ့ ဟောင်ကောင်ဟာ လက်ရှိ အချိန်ထိ နှာခေါင်းစည်း မဖြစ်မနေ ဝတ်ဆင်ရတာမျိုး၊ ကာကွယ်ဆေး ထိုးနှံထားကြောင်း ထောက်ခံစာတွေ စစ်ဆေးတာမျိုး၊ ပြည်ပက ဆိုက်ရောက်လာသူတွေကို လူကြားထဲ ၃ ရက်ကြာ သွားလာခွင့် မပေးဘဲ ကန့်သတ် စောင့်ကြည့်တာမျိုး တင်းကျပ်တဲ့ ရောဂါ ထိန်းချုပ်ရေး အစီအမံတွေကို ဆက်လက် ကျင့်သုံးနေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချအာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့်ကို အာဏာသိမ်းခေါင်းဆောင်က ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်မှာ လွှတ်ပေး လိုက်တယ်လို့ စစ်တပ်အတွက် ဝါဒဖြန့်ပေးနေတဲ့သတင်းမီဒီယာအချို့က ဖော်ပြလာပါတယ်။

နိုင်ငံတကာ

ဟောင်ကောင်ရဲ့ ထင်ရှားတဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ မီဒီယာ လုပ်ငန်းရှင် သူဌေးကြီး ဂျင်မီလိုင်ကို ထောင်ဒဏ် နှစ် ၂၀ စီရင် ချမှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဗင်နီဇွဲလားနည်းတူ ကျူးဘားမှာလည်း အစိုးရကို အပြောင်းအလဲလုပ်ဖို့ အမေရိကန်က စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

သတင်း

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ လူထောင်နဲ့ချီ သေဆုံးခဲ့ကြောင်း အီရန် အစိုးရ ခေါင်းဆောင်က ဝန်ခံခဲ့ပါတယ်။