Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်ရှိ လမ်းပိုင်းအချို့ကို ယာယီပိတ်

ပိတ်ပင်လိုက်သည့် လမ်းပိုင်းများနှင့် ဆက်စပ်နေသည့်နေရာများတွင် အကြမ်းဖက်စစ်ကောင်စီမှ စစ်ရေးလှုပ်ရှားမှုများရှိနေကြောင်း ဖော်ပြသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း - ၁၅ မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း - ၁၅ မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆို-နန်းဖဲ-ဘောလခဲလမ်း နှင့် ထီးပေါ်ဆိုလမ်းမကြီးကို ပြည်သူများအသုံး မပြုကြရန် ရက်အကန့်အသတ်မရှိ ပိတ်ပင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း – ၁၅က ထုတ်ပြန်သည်။

ပိတ်ပင်လိုက်သည့် လမ်းပိုင်းများနှင့် ဆက်စပ်နေသည့်နေရာများတွင် အကြမ်းဖက်စစ်ကောင်စီမှ စစ်ရေးလှုပ်ရှားမှုများရှိနေကြောင်း ဖော်ပြသည်။

ထို့ကြောင့် ယနေ့(ဇန်နဝါရီ ၂၇ ရက်)ကစ၍ စစ်ရေးအခြေအနေအရအသုံးမပြုရန် KNDF တပ်ရင်း – ၁၅က မေတ္တာရပ်ခံသည်။

“ဒီလ တတိယပတ်လောက်ကတည်းက သူတို့ဘက်က စစ်ကြောင်းသုံးခုလောက်နဲ့ ဝင်လာတယ်။ဒီးမော့ဆိုအရှေ့ဖက် ခြမ်းနှင့် ဖရူဆို ဆက်စပ်နေရာ တွေပဲ။တိုက်ပွဲလည်း နေ့စဥ်ရှိနေတယ်”ဟု ကရင်နီသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယခုလ ၂၀ ရက်က ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့သည်မှာ အကြမ်းဖက်စစ်ကောင်စီကို အထိနာစေခဲ့သည်လည်း ၎င်းက သုံးသပ်သည်။

ကရင်နီဒေသ နေရာအများစုတွင် အကြမ်းဖက်စစ် ကောင်စီတပ်များစစ်ကြောင်းထိုးနေပြီး လွိုင်ကော်၊မိုးဗြဲ ၊ဖရူဆိုနှင့် ဒီးမော့ဆိုတို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။

“မနေ့ကလည်း ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ တိုက်လေယာဥ်နှစ်စီးလာသွားတယ်။ပစ်တော့ မပစ်ခဲ့ဘူး။ခြိမ်းခြောက်ပျံသန်းနေတဲ့ပုံစံမျိုးလို့တော့ ပြောလို့ရတယ်။အခုအခြေအနေမှာ အရေအကြီးဆုံးက ဗုံးခိုကျင်းတွေ နဲ့ လေယာဥ်အန္တရာယ်ကနေ ရှောင်နိုင် အောင် လေ့ကျင့်ဖို့လိုတယ်။အထူးသဖြင့် ကလေးငယ် တွေ အတွက် ပိုအရေးကြီးတယ်”ဟု ကရင်နီအခြေ စိုက်စစ်ရှောင်အရေးကူညီပေးနေသူက ပြောသည်။

ထို့ကြောင့် ပြည်သူလူထုများဘေးကင်းစေရန် အတွက် လွိုင်ကော်- ဘုရားဖြူ-ဒီမော့ဆို အနောက်ခြမ်း၊လွိုင်ကော်-မိုးဗြဲ- ပီကင်း၊လွိုင်ကော်- ဒေါတမကြီး- ဘောလခဲ နှင့် လွိုင်ကော်- ရှားတော လမ်းပိုင်းများအသုံး မပြုသေးရန် ပြည်သူ့ကာကွယ်ရေးတပ်များက ထုတ်ပြန် ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေယာဉ်တွေပျံသန်းပြီး ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့ကို စစ်တပ်က လူလှိုင်းသုံးပြီး ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအခြေစိုက်တော်လှန်ရေးတပ်တာ၀န်ရှိသူတချို့က ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။