Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်းဦးတွင် စစ်ကောင်စီစစ်ကြောင်းမိုင်းထိ၊ စစ်အုပ်စုက ပစ်ခတ်၍ ပြည်သူနှစ်ဦးသေဆုံးချောင်းဦးချောင်းဦးတွင် စစ်ကောင်စီစစ်ကြောင်းမိုင်းထိ၊ စစ်အုပ်စုက ပစ်ခတ်၍ ပြည်သူနှစ်ဦးသေဆုံး

မိုင်းဆွဲတိုက်ခိုက်ခံရသော စစ်ကြောင်းသည်မုံရွာ-ချောင်းဦးလမ်းမကြီးပေါ်၌ ဆိုင်ကယ်စီးလာ‌သော ပြည်သူအမျိုးသမီးကို မြပုလဲဆီဆိုင်အနီးတွင် သေနတ်ဖြင့် အကြောင်းမဲ့ ထပ်မံပစ်ခတ်သတ်ဖြတ်သွားသည်။

ချောင်းဦးတွင် စစ်ကောင်စီစစ်ကြောင်းမိုင်းထိ၊ စစ်အုပ်စုက ပစ်ခတ်၍ ပြည်သူနှစ်ဦးသေဆုံး
ချောင်းဦးတွင် စစ်ကောင်စီစစ်ကြောင်းမိုင်းထိ၊ စစ်အုပ်စုက ပစ်ခတ်၍ ပြည်သူနှစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦးသေဆုံးကာ တစ်ဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း Chaung U Revolution အဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ၂၆ရက် နံနက်ပိုင်းက ချောင်းဦးမြို့မှထွက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် ခင်မွန်နှင့် အောင်ချမ်းသာကျေးရွာကြား၌ ရောက်ရှိလာကာ ခင်မွန်ရွာတောင်ပိုင်းမှ ဒေသခံအမျိုးသားတစ်ဦးအား အကြောင်းမဲ့ပစ်ခတ် သတ်ဖြတ်သွားကြောင်း Chaung U Revolution အဖွဲ့က အသိပေးသည်။

ထို့နောက် ၎င်းစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုမသိရသေးကြောင်း Chaung U Revolution အဖွဲ့က ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသော စစ်ကြောင်းသည်မုံရွာ-ချောင်းဦးလမ်းမကြီးပေါ်၌ ဆိုင်ကယ်စီးလာ‌သော ပြည်သူအမျိုးသမီးကို မြပုလဲဆီဆိုင်အနီးတွင် သေနတ်ဖြင့် အကြောင်းမဲ့ ထပ်မံပစ်ခတ်သတ်ဖြတ်သွားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် မြပုလဲဆီဆိုင်အနီးရှိ အောင်ချမ်းသာကျေးရွာကို လက်နက်ကြီးလှမ်းထုသဖြင့် ကျေးရွာအတွင်းရှိ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ကာ ဒဏ်ရာ (ပြင်းထန်) ရရှိခဲ့ကြောင်း Chaung U Revolution အဖွဲ့က ဆိုသည်။

ခင်မွန်ကျေးရွာနှင့် အောင်ချမ်းသာကျေးရွာမှ ပြည်သူများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးနေရကြောင်း သိရသည်။

ယခုအချိန်ထိ စစ်ကောင်စီတပ်သားများသည် ချောင်းဦး မြပုလဲ ဆီဆိုင်အနီးတွင် ရှိနေပြီး မုံရွာ-ချောင်းဦးကားလမ်းတလျှောက် ကင်းပုန်းများလည်းရှိနေကြောင်း၊ ပြည်သူများအနေဖြင့် မုံရွာ-မန္တလေးလမ်းမကြီးအား အသုံးမပြုသင့်သေးကြောင်း Chaung U Revolution က မေတ္တာရပ်ခံထားသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ Chaung U Revolution အဖွဲ့ထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း လက်တလောဆက်သွယ်၍ မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။