Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးတွင် စစ်ကောင်စီစစ်ကြောင်းမိုင်းထိ၊ စစ်အုပ်စုက ပစ်ခတ်၍ ပြည်သူနှစ်ဦးသေဆုံးချောင်းဦးချောင်းဦးတွင် စစ်ကောင်စီစစ်ကြောင်းမိုင်းထိ၊ စစ်အုပ်စုက ပစ်ခတ်၍ ပြည်သူနှစ်ဦးသေဆုံး

မိုင်းဆွဲတိုက်ခိုက်ခံရသော စစ်ကြောင်းသည်မုံရွာ-ချောင်းဦးလမ်းမကြီးပေါ်၌ ဆိုင်ကယ်စီးလာ‌သော ပြည်သူအမျိုးသမီးကို မြပုလဲဆီဆိုင်အနီးတွင် သေနတ်ဖြင့် အကြောင်းမဲ့ ထပ်မံပစ်ခတ်သတ်ဖြတ်သွားသည်။

ချောင်းဦးတွင် စစ်ကောင်စီစစ်ကြောင်းမိုင်းထိ၊ စစ်အုပ်စုက ပစ်ခတ်၍ ပြည်သူနှစ်ဦးသေဆုံး
ချောင်းဦးတွင် စစ်ကောင်စီစစ်ကြောင်းမိုင်းထိ၊ စစ်အုပ်စုက ပစ်ခတ်၍ ပြည်သူနှစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦးသေဆုံးကာ တစ်ဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း Chaung U Revolution အဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ၂၆ရက် နံနက်ပိုင်းက ချောင်းဦးမြို့မှထွက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် ခင်မွန်နှင့် အောင်ချမ်းသာကျေးရွာကြား၌ ရောက်ရှိလာကာ ခင်မွန်ရွာတောင်ပိုင်းမှ ဒေသခံအမျိုးသားတစ်ဦးအား အကြောင်းမဲ့ပစ်ခတ် သတ်ဖြတ်သွားကြောင်း Chaung U Revolution အဖွဲ့က အသိပေးသည်။

ထို့နောက် ၎င်းစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုမသိရသေးကြောင်း Chaung U Revolution အဖွဲ့က ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသော စစ်ကြောင်းသည်မုံရွာ-ချောင်းဦးလမ်းမကြီးပေါ်၌ ဆိုင်ကယ်စီးလာ‌သော ပြည်သူအမျိုးသမီးကို မြပုလဲဆီဆိုင်အနီးတွင် သေနတ်ဖြင့် အကြောင်းမဲ့ ထပ်မံပစ်ခတ်သတ်ဖြတ်သွားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် မြပုလဲဆီဆိုင်အနီးရှိ အောင်ချမ်းသာကျေးရွာကို လက်နက်ကြီးလှမ်းထုသဖြင့် ကျေးရွာအတွင်းရှိ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ကာ ဒဏ်ရာ (ပြင်းထန်) ရရှိခဲ့ကြောင်း Chaung U Revolution အဖွဲ့က ဆိုသည်။

ခင်မွန်ကျေးရွာနှင့် အောင်ချမ်းသာကျေးရွာမှ ပြည်သူများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးနေရကြောင်း သိရသည်။

ယခုအချိန်ထိ စစ်ကောင်စီတပ်သားများသည် ချောင်းဦး မြပုလဲ ဆီဆိုင်အနီးတွင် ရှိနေပြီး မုံရွာ-ချောင်းဦးကားလမ်းတလျှောက် ကင်းပုန်းများလည်းရှိနေကြောင်း၊ ပြည်သူများအနေဖြင့် မုံရွာ-မန္တလေးလမ်းမကြီးအား အသုံးမပြုသင့်သေးကြောင်း Chaung U Revolution က မေတ္တာရပ်ခံထားသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ Chaung U Revolution အဖွဲ့ထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း လက်တလောဆက်သွယ်၍ မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook