Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်းဦးမြို့နယ် ကံကြီးကုန်းရွာမှလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

စစ်အုပ်စုဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ပြီး သေ​ဆုံးသူများအား ကားဖြင့်လာရောက်ကောက်ယူသွားကြောင်းလည်း အသိပေးသည်။ ဖြစ်စဥ်နှင့်ပတ်သက်၍ CLDFထံ ဆက်သွယ်မေး​မြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ကံကြီးကုန်းရွာတွင် ပြီးခဲ့သည့်နှစ်အတွင်းက စစ်ကောင်စီက ပျူများအား ထောက်ပံ့နေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - Cj
ကံကြီးကုန်းရွာတွင် ပြီးခဲ့သည့်နှစ်အတွင်းက စစ်ကောင်စီက ပျူများအား ထောက်ပံ့နေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - Cj

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ကျေးရွာများအား ဝင်ရောက်မွှေနှောက်ဖျက်ဆီးရန် ထွက်လာသည့် စစ်ကောင်စီတ​ပ်နှင့်​ပျူစောထီးများအား ခြုံခိုတိုက်ခိုက်ခဲ့ရာ သုံးဦးထက်မနည်း သေဆုံးနိုင်ကြောင်း ချောင်းဦးမြို့နယ်ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (CLDF)က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၂ ရက် နံနက် ၈နာရီခွဲခန့်က ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာမှ ထွက်လာသော စစ်ကောင်စီတပ်နှင့်ပျူများအား ကင်းပုန်းဝပ်၍ ပြောက်ကျားနည်းဖြင့် ခြုံခို၍ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း CLDFက အသိပေးသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်နှင့်ပျူ သုံးဦးထက်မနည်း သေဆုံးနိုင်ကြောင်း CLDFက ဆိုသည်။

ကံကြီးကုန်းရွာမှ စစ်ကောင်စီတ​ပ်နှင့် ပျူများသည် အနီးဝန်းကျင်ရွာများမှ ပြည်သူများ၏ အိုးအိမ်၊ ပစ္စည်းများ ဖျတ်ဆီးခြင်း၊ သိမ်းယူခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းများကို နေ့စဉ်ပြုလုပ်နေကြောင်း၊ ယမန်နေ့ကလည်း ထိုသို့ပြုလုပ်ရန် ထွက်လာချိန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CLDFက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ပြီး သေ​ဆုံးသူများအား ကားဖြင့်လာရောက်ကောက်ယူသွားကြောင်းလည်း အသိပေးသည်။ ဖြစ်စဥ်နှင့်ပတ်သက်၍ CLDFထံ ဆက်သွယ်မေး​မြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အဆိုပါ ပြောက်ကျားစစ်ဆင်ရေးကို ဇန်နဝါရီ ၇ရက်က ကျဆုံးခဲ့ရသည့် အာဇာနည်ရဲဘော် “ဋ” အတွက် ရည်ရွယ်၍ “ဋ စစ်ဆင်ရေး” ဟု အမည်တပ်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ချောင်းဦးမြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (CLDF)နှင့် တော်လှန်ရေး ညီနောင်အင်အားစုများဖြစ်ကြသော မုံရွာခရိုင် အမှတ် (၁၂)တပ်ရင်း၊ တပ်ခွဲ (၃) – လျှပ်စီးတပ်ခွဲ တပ်ခွဲ (၄) – မီးတောက်တပ်ခွဲ၊ မုံရွာခရိုင် အမှတ် (၁၇)တပ်ရင်း၊ ရန်ရှင်း ဒေသကာကွယ်ရေးအဖွဲ့၊ Banana UG၊ ရှမ်းရှမ်းတောက် အထူးတပ်ဖွဲ့နှင့် ချောင်းဦးမြို့နယ်(ပ.လ.ဖ)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာရှိ ပျူစခန်းကို ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာ ၂၅ ရက် ညကလည်း ဒေသကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။