Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းအောင်လှိုင် အပါအဝင် ၁၆ ဦးနှင့် စစ်တပ်ပိုင်ကုမ္ပဏီနှစ်ခုကို သြစတြေးလျ စတင်ဒဏ်ခတ်အရေးယူ

နိုင်ငံခြားရေးဝန်ကြီး Penny Wong လက်မှတ်ရေးထိုးသော ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုမှာ သြစတြေးလျအစိုးရ၏ မြန်မာ့အရေးအပေါ် ဆက်လက်စိုးရိမ်မှုများကို ဖော်ပြနေခြင်းဖြစ် ကြောင်း ပြောသည်။

(အာဏာသိမ်း​​ခေါင်း​ဆောင်မင်း​အောင်လှိုင်နှင့်နောက် လိုက်များကို ဇန်နဝါရီ၃၁ ရက်က​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)
(အာဏာသိမ်း​​ခေါင်း​ဆောင်မင်း​အောင်လှိုင်နှင့်နောက် လိုက်များကို ဇန်နဝါရီ၃၁ ရက်က​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် ၁၆ ဦးကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူကြောင်း သြစတြေးလျအစိုးရက ယနေ့ကြေညာသည်။

စစ်တပ်အာဏာသိမ်းမှု ၂ နှစ်ပြည့်ချိန်တွင် သြစတြေးလျအစိုးရက အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် စိုးဝင်းအပါအဝင် ၁၆ ဦးကို စတင်အရေးယူကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး Penny Wong လက်မှတ်ရေးထိုးသော ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုမှာ သြစတြေးလျအစိုးရ၏ မြန်မာ့အရေးအပေါ် ဆက်လက်စိုးရိမ်မှုများကို ဖော်ပြနေခြင်းဖြစ် ကြောင်း ပြောသည်။

(အာဏာသိမ်း​​ခေါင်း​ဆောင်မင်း​အောင်လှိုင်နှင့်နောက် လိုက်များကို ဇန်နဝါရီ၃၁ ရက်က​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)
(အာဏာသိမ်း​​ခေါင်း​ဆောင်မင်း​အောင်လှိုင်နှင့်နောက် လိုက်များကို ဇန်နဝါရီ၃၁ ရက်က​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)

“ဒီအရေးယူမှုတွေက စစ်ကောင်စီ ကျူးလွန်နေတဲ့ ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုနဲ့ အကျပ်ကိုင်မှုတွေကတဆင့် အရပ်သားပြည်သူတွေရဲ့ အခွင့်အရေးတွေကို ဖိနှိပ်ဖို့ ဆက်လက်ကြိုးပမ်းနေမှုတွေနဲ့ပတ်သက်လို့ သြစတြေးလျအစိုးရရဲ့ပစ်မှတ်ထား တုန့်ပြန်မှုဖြစ်ပါတယ်” ဟု သြစတြေးလျအစိုးရ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement
Public Service Announcement

အာဏာသိမ်းမှုတွင် အဓိကတာဝန်ရှိသူ ၁၆ ဦးအပြင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)နှင့် ဦးပိုင်လိမိတက်(MEHL)တို့ကိုလည်း သြစတြေးလျအစိုးရက ဒဏ်ခတ်ပိတ်ဆို့သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်ကစလို့ အရေးယူဒဏ်ခတ်ပိတ်ဆို့ရန် သြစတြေးလျအစိုးရ၏ နှောင့်နှေးကြန့်ကြာနေမှုအပေါ် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် အဖွဲ့များက စိတ်ပျက်ကြောင်း တောက်လျှောက်ဝေဖန်ခဲ့ကြသည်။

(အာဏာသိမ်း​​ခေါင်း​ဆောင်မင်း​အောင်လှိုင်နှင့်နောက်လိုက်များကို ဇန်နဝါရီ၃၁ ရက်က​တွေ့ရစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

You May Also Like

သတင်း

KNU၏ ပေါ်လစီမှာ ရှင်းလင်းကြောင်း၊ စစ်တပ်အနေဖြင့် ဘယ်တော့မှ နိုင်ငံရေး၌ ပြန်ဝင်လာစရာ အကြောင်းမရှိကြောင်း၊ ယင်းမူအတိုင်း ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ပဒိုစောတောနီးက ပြောသည်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မုံရွာမြို့ရောက်ရှိသည့်ရက်တွင်ဒေသတွင်းတော်လှန်ရေးအင်အားစုများကအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သတင်း

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) သို့ ယမန်နေ့က ရောက်ရှိလာခြင်း ဖြစ်သည်။

သတင်း

NUG သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းရွှေက မြန်မာစစ်ကောင်စီကိုယ်စားလှယ်များကို ဘရစ္စဘိန်း၌ ပြုလုပ်မည့်အစည်းအဝေးသို့ ဖိတ်ကြားထားမှုနှင့်ပတ်သက်၍ သြစတြေးလျအစိုးရထံ တရားဝင်ကန့်ကွက်စာပေးပို့ခဲ့ခြင်းဖြစ်သည်။