Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင် အပါအဝင် ၁၆ ဦးနှင့် စစ်တပ်ပိုင်ကုမ္ပဏီနှစ်ခုကို သြစတြေးလျ စတင်ဒဏ်ခတ်အရေးယူ

နိုင်ငံခြားရေးဝန်ကြီး Penny Wong လက်မှတ်ရေးထိုးသော ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုမှာ သြစတြေးလျအစိုးရ၏ မြန်မာ့အရေးအပေါ် ဆက်လက်စိုးရိမ်မှုများကို ဖော်ပြနေခြင်းဖြစ် ကြောင်း ပြောသည်။

(အာဏာသိမ်း​​ခေါင်း​ဆောင်မင်း​အောင်လှိုင်နှင့်နောက် လိုက်များကို ဇန်နဝါရီ၃၁ ရက်က​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)
(အာဏာသိမ်း​​ခေါင်း​ဆောင်မင်း​အောင်လှိုင်နှင့်နောက် လိုက်များကို ဇန်နဝါရီ၃၁ ရက်က​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် ၁၆ ဦးကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူကြောင်း သြစတြေးလျအစိုးရက ယနေ့ကြေညာသည်။

စစ်တပ်အာဏာသိမ်းမှု ၂ နှစ်ပြည့်ချိန်တွင် သြစတြေးလျအစိုးရက အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် စိုးဝင်းအပါအဝင် ၁၆ ဦးကို စတင်အရေးယူကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး Penny Wong လက်မှတ်ရေးထိုးသော ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုမှာ သြစတြေးလျအစိုးရ၏ မြန်မာ့အရေးအပေါ် ဆက်လက်စိုးရိမ်မှုများကို ဖော်ပြနေခြင်းဖြစ် ကြောင်း ပြောသည်။

(အာဏာသိမ်း​​ခေါင်း​ဆောင်မင်း​အောင်လှိုင်နှင့်နောက် လိုက်များကို ဇန်နဝါရီ၃၁ ရက်က​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)
(အာဏာသိမ်း​​ခေါင်း​ဆောင်မင်း​အောင်လှိုင်နှင့်နောက် လိုက်များကို ဇန်နဝါရီ၃၁ ရက်က​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)

“ဒီအရေးယူမှုတွေက စစ်ကောင်စီ ကျူးလွန်နေတဲ့ ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုနဲ့ အကျပ်ကိုင်မှုတွေကတဆင့် အရပ်သားပြည်သူတွေရဲ့ အခွင့်အရေးတွေကို ဖိနှိပ်ဖို့ ဆက်လက်ကြိုးပမ်းနေမှုတွေနဲ့ပတ်သက်လို့ သြစတြေးလျအစိုးရရဲ့ပစ်မှတ်ထား တုန့်ပြန်မှုဖြစ်ပါတယ်” ဟု သြစတြေးလျအစိုးရ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အာဏာသိမ်းမှုတွင် အဓိကတာဝန်ရှိသူ ၁၆ ဦးအပြင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)နှင့် ဦးပိုင်လိမိတက်(MEHL)တို့ကိုလည်း သြစတြေးလျအစိုးရက ဒဏ်ခတ်ပိတ်ဆို့သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်ကစလို့ အရေးယူဒဏ်ခတ်ပိတ်ဆို့ရန် သြစတြေးလျအစိုးရ၏ နှောင့်နှေးကြန့်ကြာနေမှုအပေါ် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် အဖွဲ့များက စိတ်ပျက်ကြောင်း တောက်လျှောက်ဝေဖန်ခဲ့ကြသည်။

(အာဏာသိမ်း​​ခေါင်း​ဆောင်မင်း​အောင်လှိုင်နှင့်နောက်လိုက်များကို ဇန်နဝါရီ၃၁ ရက်က​တွေ့ရစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။