Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေးမြို့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တစ်ဦးက လက်နက်နှင့် ကျည်များလာရောက်အပ်နှံဟု ရေးပြောက်ကျားတပ်ဖွဲ့ (YGF)ပြော

တပ်ဖွဲ့တည်ထောက်မှု (၂)နှစ် ပြည့်တော့မည်ဖြစ်သည့် YGFသည် စစ်ကောင်စီတပ်အားတိုက်ခိုက်မှုအရ လက်နက် ၁၁လက်ရယူနိုင်ခဲ့ကြောင်းလည်း သိရသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တစ်ဦးက ပစ္စတိုနှစ်လက် အပါအဝင် ကျည်ဆံနှင့် ဗုံးများလာရောက်အပ်နှံကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ (YGF) တာဝန်ရှိသူက ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၁ ရက်)နံနက် ၉ နာရီခွဲတွင် လာရောက် အပ်နှံသည့် ပစ္စည်းများမှာ ပစ္စတို နှစ်လက်၊၁၆ ကျည် ၆၉ တောင့်၊ ကာဘိုင်ကျည် ၁၀ တောင့်၊ ၄၅ ကျည် ၂၇ တောင့်၊ ၉ မမ ကျည် ၃ တောင့်၊ နာတိုကျည် ၅၀ တောင့်၊ စက်လက် ၁၇ တောင့်၊ ၉ လုံးကျည် ၇ တောင့်၊ ပွိုင့် ၂၂ ကျည် ၄၅ တောင့်၊ လက်ပစ်ဗုံး ၁၁ လုံး၊ ကျည်ခွံ ၆ ခု၊ကျည်ဖူး တစ်ခုနှင့်တို့ ပါရှိသည်။

Public Service Announcement
Public Service Announcement

“သူရဲ့ ဆန္ဒသဘောသဘာဝအလျောက်လာရောက်ပေး ပို့တာဖြစ်တယ်”ဟု YGF တာဝန်ရှိသူက ရှင်းပြသည်။

တပ်ဖွဲ့တည်ထောက်မှု (၂)နှစ် ပြည့်တော့မည်ဖြစ်သည့် YGFသည် စစ်ကောင်စီတပ်အားတိုက်ခိုက်မှုအရ လက်နက် ၁၁လက်ရယူနိုင်ခဲ့ကြောင်းလည်း သိရသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယခုလ ၂၀ ရက်က မွန်ပြည််နယ်၊ရေးမြို့နယ်အခြေစိုက် အမှတ် (၃၁၇)အမြောက်တပ်မှ စစ်ကောင်စီတပ်သားများကို ကြားဖြတ်တိုက်ခိုက်ရာ ငါးဦးသေဆုံးပြီး လက်နက်သုံးလက်ရရှိကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ YGFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

TNLA သိမ်းပိုက်ထားသည့် နမ့်ခမ်းမြို့နယ်အတွင်း ယခင်က ပန်ဆေးပြည်သူ့စစ် ထိန်းချုပ်ခဲ့သည့် ဒေသမှ ဘိန်းခင်းများကို မတ်လ ၄ ရက်နေ့မှ ၁၂ရက် အတွင်း ၉ရက်ကြာ ဖျက်ဆီးခဲ့သည်ဟု အသိပေးသည်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

PNLA ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့ကို စစ်ကောင်စီနှင့် အပေါင်းအပါများက စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်နေသည်ဟု အသိပေးထားသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။