Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တစ်ဦးက လက်နက်နှင့် ကျည်များလာရောက်အပ်နှံဟု ရေးပြောက်ကျားတပ်ဖွဲ့ (YGF)ပြော

တပ်ဖွဲ့တည်ထောက်မှု (၂)နှစ် ပြည့်တော့မည်ဖြစ်သည့် YGFသည် စစ်ကောင်စီတပ်အားတိုက်ခိုက်မှုအရ လက်နက် ၁၁လက်ရယူနိုင်ခဲ့ကြောင်းလည်း သိရသည်။

ရေးမြို့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တစ်ဦးက လက်နက်နှင့် ကျည်များလာရောက်အပ်နှံဟု ရေးပြောက်ကျားတပ်ဖွဲ့ (YGF)ပြော
ရေးမြို့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တစ်ဦးက လက်နက်နှင့် ကျည်များလာရောက်အပ်နှံဟု ရေးပြောက်ကျားတပ်ဖွဲ့ (YGF)ပြော

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တစ်ဦးက ပစ္စတိုနှစ်လက် အပါအဝင် ကျည်ဆံနှင့် ဗုံးများလာရောက်အပ်နှံကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ (YGF) တာဝန်ရှိသူက ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၁ ရက်)နံနက် ၉ နာရီခွဲတွင် လာရောက် အပ်နှံသည့် ပစ္စည်းများမှာ ပစ္စတို နှစ်လက်၊၁၆ ကျည် ၆၉ တောင့်၊ ကာဘိုင်ကျည် ၁၀ တောင့်၊ ၄၅ ကျည် ၂၇ တောင့်၊ ၉ မမ ကျည် ၃ တောင့်၊ နာတိုကျည် ၅၀ တောင့်၊ စက်လက် ၁၇ တောင့်၊ ၉ လုံးကျည် ၇ တောင့်၊ ပွိုင့် ၂၂ ကျည် ၄၅ တောင့်၊ လက်ပစ်ဗုံး ၁၁ လုံး၊ ကျည်ခွံ ၆ ခု၊ကျည်ဖူး တစ်ခုနှင့်တို့ ပါရှိသည်။

Public Service Announcement
Public Service Announcement

“သူရဲ့ ဆန္ဒသဘောသဘာဝအလျောက်လာရောက်ပေး ပို့တာဖြစ်တယ်”ဟု YGF တာဝန်ရှိသူက ရှင်းပြသည်။

တပ်ဖွဲ့တည်ထောက်မှု (၂)နှစ် ပြည့်တော့မည်ဖြစ်သည့် YGFသည် စစ်ကောင်စီတပ်အားတိုက်ခိုက်မှုအရ လက်နက် ၁၁လက်ရယူနိုင်ခဲ့ကြောင်းလည်း သိရသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယခုလ ၂၀ ရက်က မွန်ပြည််နယ်၊ရေးမြို့နယ်အခြေစိုက် အမှတ် (၃၁၇)အမြောက်တပ်မှ စစ်ကောင်စီတပ်သားများကို ကြားဖြတ်တိုက်ခိုက်ရာ ငါးဦးသေဆုံးပြီး လက်နက်သုံးလက်ရရှိကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ YGFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။