Connect with us

Hi, what are you looking for?

သတင်း

ပြည်သူများခံစားခဲ့ရသော အတိဒုက္ခများ၊ မငြိမ်သက်မှုများအတွက် စစ်ကောင်စီတွင် တာဝန်အရှိဆုံးဟု မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များကွန်ရက်ထုတ်ပြန်

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီအား အားပေးထောက်ခံသည့် မည်သူ့ကိုမဆို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအား ခြိမ်းခြောက်သူများအဖြစ် ရှုမြင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီး၍ ပြာကျ​နေ​သော အညာ​ဒေသမှ ​ကျေးရွာတစ်ရွာ။ ဓါတ်ပုံ-People's Spring
စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီး၍ ပြာကျ​နေ​သော အညာ​ဒေသမှ ​ကျေးရွာတစ်ရွာ။ ဓါတ်ပုံ-People's Spring

▪︎စစ်ကောင်စီအား ထောက်ခံပံ့ပိုးသူမည်သူ့ကိုမဆို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ခြိမ်းခြောက်သူများအဖြစ်ရှုမြင်

အာဏာသိမ်းခံထားရသည့် နှစ်နှစ်တာကာလအတွင်း ပြည်သူများခံစားခဲ့ရသော အတိဒုက္ခများ၊ မငြိမ်မသက်မှုများအတွက် စစ်ကောင်စီတွင် တာဝန်အရှိဆုံးဖြစ်ကြောင်းမြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စား လှယ်များကွန်ရက်က ယနေ့(ဖေဖော်ဝါရီ ၁)သဘောထားထုတ်ပြန်လိုက်သည်။

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီအား အားပေးထောက်ခံသည့် မည်သူ့ကိုမဆို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအား ခြိမ်းခြောက်သူများအဖြစ် ရှုမြင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီမှ ကျူးလွန်ထားသော ရာဇဝတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုးအတွက် တရားဥပဒေအရ အပြစ်ပေးနိုင်ရန်မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များကွန်ရက်က အခြားသောရည်ရွယ်ချက်တူ ဒီမိုကရေစီဘက်တော် သားများနှင့်ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

​”ကွန်ယက်ရဲ့ ရည်ရွယ်ချက်ကတော့ စစ်အာဏာရှင်အမြစ်ဖြတ်တော်လှန်ရေးမှာ ပါဝင်တိုက်ပွဲဝင်နေကြတဲ့အမျိုးသမီးထုနဲ့တစ်သားတည်းဖြစ်ကြောင်း၊ ဒီမိုက​ရေစီနဲ့လူ့အခွင့်အရေး၊ တရားမဲ့ပြုကျင့်မှုများကိုပြင်းပြင်း ထန်ထန်ရှုံ့ချပြီး ပြည်သူနဲ့အတူ ကျရာနေရာကပါဝင်ဆောင် ရွက်သွားမည်”ဟု မြန်မာအမျိုးသမီး လွှတ်တော်ကိုယ် စားလှယ်များကွန်ရက်မှ အဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပေးသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီက နိုင်ငံရေးထွက် ပေါက်တစ်ခုအနေဖြင့်ပြုလုပ်ရန်စီစဥ်နေသည့် မည်သည့်အတုအရောင်ရွေးကောက်ပွဲကိုမှ အသိအမှတ်ပြုမည်မဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးမျှော်လင့်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးတွင် ကဏ္ဍစုံမှ ပါဝင်သွားမည်ဟု အထက်ပါ ကွန်ရက်အဖွဲ့ဝင်က ဆက်ပြောသည်။

စစ်ကောင်စီသည် ၂၀၂၀ ခုနှစ် ပါတီစုံအထွေထွေ ရွေး ကောက်ပွဲရလဒ်နှင့် ပြည်သူ့ဆန္ဒအား မျက်ကွယ်ပြုကာတိုင်းပြာ်အာဏာအား မတရားသိမ်းယူခဲ့သည်မှာ ယခု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၁)ရက်တွင် နှစ်နှစ်ပြည့်ပြီဖြစ်ပြီး ထိုနှစ်တာကာလအတွင် နိုင်ငံ့ခေါင်းဆောင်များ၊ ရွေး ကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ ရဟန်ရှင်လူ ကျောင်းသားပြည်သူများအား အကြမ်းဖက်နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဥ်းချခြင်းများ ကျူး လွန်ခဲ့ကြောင်း ထောက်ပြသည်။

ထို့အတူ အာဏာသိမ်းမှု နှစ်နှစ်တာကာလအတွင်း မူး ယစ်ဆေးဝါးရောင်းဝယ်မှု၊ ဘိန်းစိုက်ပျိုးမှုများမြင့်တက်လာသည့်အပြင် တရားဥပဒေစိုးမိုးမှုကင်းမဲ့ကာ ခိုးဆိုးလုယက် ဓားပြတိုက်မှုများထူပြောလာပြီး စစ်ကောင်စီတပ်နှင့် ၎င်း၏အပေါင်းအပါများက အမျိုးသမီးနှင့် ကလေးငယ်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ဥပဒေမဲ့ပြုကျင့်မှုများရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။