Connect with us

Hi, what are you looking for?

သတင်း

PRIOက အဆိုပြု​သော ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု ဆန်ခါတင် ၅ ဦးစာရင်းတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် NUCC ပါဝင်

ငြိမ်းချမ်းရေးသုတေသနအင်စတီကျု့(PRIO) ဒါရိုက်တာ Henrik Urdal က ယမန်နေ့(ဖေဖော်ဝါရီ ၁ ရက်)တွင် လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုများအတွက် ဆန်ခါတင် ၅ ဦးစာရင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ၂၀၂၃ နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် PRIO ကဒါရိုက်တာက အဆိုပြု​သော ဆန်ခါတင် ၅ ဦးစာရင်းထုတ်ပြန်ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တို့ ပါဝင်ကြောင်းသိရသည်။

ငြိမ်းချမ်းရေးသုတေသနအင်စတီကျု့(PRIO) ဒါရိုက်တာ Henrik Urdal က ယမန်နေ့(ဖေဖော်ဝါရီ ၁ ရက်)တွင် လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုများအတွက် ဆန်ခါတင် ၅ ဦးစာရင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

PRIOက အဆိုပြု​သော ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု ဆန်ခါတင် ၅ ဦးစာရင်းတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် NUCC ပါဝင်
PRIOက အဆိုပြု​သော ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု ဆန်ခါတင် ၅ ဦးစာရင်းတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် NUCC ပါဝင်

“လူ့အခွင့်အရေး လေးစားမှုဟာ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းတွေနဲ့ ပင်ကိုယ်အားဖြင့် ဆက်စပ်နေတယ်ဆိုတာ သမိုင်းက ပြသခဲ့ပြီးပါပြီ။ ဒါ့ကြောင့် လူ့အခွင့်အရေးအတွက် အကြမ်းမဖက်တိုက်ပွဲဝင်ခြင်းဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အဖိုးတန်တဲ့ ပံ့ပိုးကူညီမှုတစ်ခုဖြစ်ပြီး အဲလ်ဖရက် နိုဘယ်ကိုယ်တိုင် သတ်မှတ်တဲ့ ‘လူမျိုးအချင်းချင်း မိတ်သဟာယ’ တိုးတက်မှုတစ်ရပ်ဖြစ်ပါတယ်။ ဒီနှစ်ဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းရဲ့ ၇၅ နှစ်မြောက်ဖြစ်တာကြောင့် ကျွန်ုပ်ရဲ့ နိုဘယ်ဆန်ခါတင်စာရင်းဟာ လူ့အခွင့်အရေးကာကွယ်သူတွေနဲ့ တက်ကြွလှုပ်ရှားသူများအပေါ် အချိန်နှင့်တစ်ပြေးညီ အာရုံစိုက်လုပ်ဆောင်နေခြင်းကို ထင်ဟပ်စေပါတယ်”ဟု Urdal က ပြောပါတယ်။

အထက်ပါ PRIO ဒါရိုက်တာ၏ ဆန်ခါတင် ၅ ဦးစာရင်းတွင် ပါဝင်သူများမှာ အီရန်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ၊ သတင်းထောက် Narges Mohammadi နှင့် ထင်ရှားသည့် အာဖဂန်သတင်းထောက် Mahbouba Seraj ၊ ဦးကျော်မိုးထွန်းနှင့် NUCC၊ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)၊ ဖိလစ်ပိုင်နွယ်ဖွား ဒေသခံပြည်သူများ၏ အခွင့်အရေးတက်ကြွလှုပ်ရှားသူ Victoria Tauli-Corpuz နှင့် အီကွေဒေါ ဒေသခံပြည်သူများ၏ အခွင့်အရေးတက်ကြွလှုပ်ရှားသူ Juan Carlos Jintiach ၊ လူ့အခွင့်အရေးအချက်အလက်ဆန်းစစ်ရေးအဖွဲ့ တို့ဖြစ်သည်။

Public Service Announcement

Public Service Announcement

သို့​သော် ယခုဆန်ကာတင်စာရင်းမှာ PRIO မှ ဒါရိုက်တာကအဆိုပြု​သောစာရင်းသာဖြစ်ပြီး နိုဗယ်ဆု​ရွေးချယ်​ရေးအဖွဲ့၏ ဆန်ကာတင်စာရင်းမဟုတ်​သေးပါ။ နိုဗယ်ဆုများအတွက် သက်ဆိုင်ရာပညာရှင်များ အဖွဲ့အစည်းများကအဆိုပြုစာရင်းများ​ပေးပို့နိုင်ကြသည်ဟုသိရသည်။

အထက်ပါ ဆန်ခါတင် ၅ ဦးစာရင်းထုတ်ပြန်ချိန်မှာ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့် နှစ်ပတ်လည်နှင့် တိုက်ဆိုင်နေပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှာ မြန်မာစစ်တပ်၏ ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ရက်စက်ကြမ်းကြုတ်မှုများကို နိုင်ငံတကာသိရှိစေရန် အချိန်နှင့်တစ်ပြေးညီ ကုလသမဂ္ဂကို အစီရင်ခံ တင်ပြနေသူဖြစ်သည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC မှာ မြန်မာ့နွေဦးတော်လှန်ရေး၏ တပ်ဦးနေရာမှ ဦးဆောင်နေပြီး ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ သပိတ်ကော်မတီအင်အားစုများ၊ တတ်သိပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ စသည်ဖြင့် အဖွဲ့အစည်း၊ အင်အားစုများကို ဖွဲ့စည်းစုဖွဲ့ ထားသည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ် အတည်ပြု ပြဋ္ဌာန်းခြင်း (၅) နှစ်ပြည့် ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( NUCC) က ထုတ်ပြန်ခဲ့ရာ ပဋိညာဉ်ရဲ့ ပြဋ္ဌာန်းချက်တွေနဲ့ပေးအပ်ထားသော တာဝန်များကို တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ ကတိသစ္စာတည်ကြည်စွာ လိုက်နာကျင့်သုံးသွားကြဖို့ လေးနက်စွာ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC-OT)နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUCCက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ဟာ ဖေဖော်ဝါရီ ၂၂ရက်မှာ ထပ်မံတွေ့ဆုံပြီး တော်လှန်ရေးဦးဆောင်မှုခိုင်မာရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ NUCCက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ရပ်တည်ချက်တွေကို ခိုင်ခိုင်မာမာ ဆက်လက် ထိန်းသိမ်းထားဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။