Connect with us

Hi, what are you looking for?

သတင်း

မိုးမောက်တွင် အင်အား ၁၀၀ကျော်ပါစစ်ကြောင်းကို KIAကြားဖြတ်တိုက်ခိုက်

ဇန်နဝါရီလ ၂၄ ရက်နေ့က ဝက်လက်မြို့ထဲမှထွက်လာသည့် မိသားစုတစ်စုလိုက်ပါလာသော အိမ်စီးကားတစ်စီးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့၍ ကားပေါ်ပါ တစ်နှစ်အရွယ်ကလေးငယ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။

(KIA တပ်မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)
(KIA တပ်မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိဟုဆို

ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIAသတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

KIAတပ်မဟာ(၃)၊ တပ်ရင်း (၁၅)နယ်မြေ မိုးမောက် – လွယ်ဂျယ်လမ်း လော့ဒန်ကျေးရွာအနီးတွင် ဇန်နဝါရီ ၃၁ရက် နံနက်ပိုင်းက စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်ခဲ့သည်ဟု KIAက ဆိုသည်။

စစ်ကောင်စီတပ်က အင်အား ၁၀၀ကျော်ဖြင့် လော့ဒန်တောင်ကုန်းဘက် စစ်ရေးလှုပ်ရှားလာစဉ် KIAတပ်က မိုင်းဖြင့်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲတွင် စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း KIAသတင်းပြန်ကြားရေးက ဆိုသည်။ တိုက်ပွဲဖြစ်ပွားအပြီးတွင် အနီးဝန်းကျင်ဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယခင်ကလည်း အဆိုပါဒေသ၌ စစ်ကောင်စီတပ်နှင့် KIA/KPDF ပူးပေါင်းတပ်အကြား တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်ဟု အသိပေးသည်။

KIAတပ်မဟာ(၉) ၊တပ်ရင်း (၂၆)နှင့်တပ်ရင်း (၄၄)နယ်မြေအကြားရှိ ညောင်ပင်ကျေးရွာ တဝိုက်တွင်လည်း စစ်ကောင်စီတပ် ခလရ(၄၂)မှ စစ်အင်အား ၁၀၀ခန့်ဖြင့် စစ်ရေးလှုပ်ရှားလာ၍ အဆိုပါနယ်မြေ၌ တိုက်ပွဲများဖြစ်ပွားလာနိုင်ကြောင်း KIAသတင်းပြန်ကြားရေးက ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။