Connect with us

Hi, what are you looking for?

သတင်း

မိုင်းယော်ဒေသ၌ တပ်သားစုဆောင်းရန် ပြည်သူ့စစ် အဖွဲ့ခေါ်သွားသည့် တအာင်းလူငယ်များကို TNLA သွားကယ်

စစ်ကောင်စီအနေဖြင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားမှုမရှိသည့် အခြေအနေ၌ပင် လေကြောင်းမှ လာရောက်တိုက်ခိုက်ရခြင်းမှာ အင်အားမရှိသည့် သဘောကို တွေ့ရကြောင်း ၎င်းက သုံးသပ်သည်။

စစ်ကောင်စီတပ် လာရောက်တိုက်ခိုက်သော လေယာဉ်နှင့် TNLA တပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - TNLA
စစ်ကောင်စီတပ် လာရောက်တိုက်ခိုက်သော လေယာဉ်နှင့် TNLA တပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - TNLA

▪️စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်လာဟု TNLA ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ဒေသ ဂျာယန်ကျေးရွာအနီးရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က တအာင်းလူငယ်များကို ပြည်သူ့စစ်လုပ်ခိုင်းရန်အတွင်း ခေါ်ယူထားရာ အဆိုပါလူငယ်များကို တအာင်းတပ်မတော်(TNLA)က သွားရောက်ကယ်ထုတ်စဉ် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်လာကြောင်း TNLA တာဝန်ရှိသူက ပြောသည်။

“အခုက ဘယ်လိုဖြစ်လဲဆိုတော့ မနက်က ၈နာရီ အချိန်မှာ ။ကျွန်တော်တို့က မြန်မာစစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ကျွန်တော်တို့ တအာင်းလူမျိုးတွေကို ပြည့်သူ့စစ်လုပ်ဖို့ ခေါ်ယူထားတာကို သွားပြီးကယ်ဆယ်တဲ့ သဘောမျိုးပါ။ သွားပြီးတော့ ခေါ်ယူတဲ့အချိန်မှာ သူတို့ လေကြောင်းနဲ့ လာပြီး တိုက်ခိုက်တာ။ မြေပြင်မှာတော့ တိုက်ပွဲဖြစ်တယ်လို့ မကြားဘူး။ လေကြောင်းနဲ့ လာတိုက်ခိုက်တာ ဗုံးအလုံး ၃၀ကျော်နဲ့ လာ တိုက်ခိုက်တယ်။ မွန်းလွဲ ၁၂နာရီလောက်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဆက်တိုက် ပစ်ခတ်တဲ့ အခြေအနေပါ”ဟု TNLA တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ် လာရောက်တိုက်ခိုက်သော လေယာဉ်နှင့် TNLA တပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - TNLA
စစ်ကောင်စီတပ် လာရောက်တိုက်ခိုက်သော လေယာဉ်နှင့် TNLA တပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ – TNLA

ထိုသို့ တိုက်ခိုက်မှုကြောင့် ထိခိုက်ကျဆုံးအခြေအနေ အသေးစိတ်ကို မသိရသေးဟု ၎င်းက ဆိုသည်။ ထို့ပြင် ပြည်သူ့စစ်အဖွဲ့က ခေါ်ယူထားသည့် တအာင်းလူငယ်များကို ကယ်ထုတ်နိုင်ခြင်းရှိမရှိ အခြေအနေကိုလည်း မြေပြင်နှင့် အဆက်အသွယ်မရသေးဟု ပြောသည်။

“သူတို့ ခေါ်ယူထားတဲ့ ပုံစံမျိုးလောက်ပဲ ကျွန်တော်တို့က သိတယ်။ ဘယ်နှစ်ယောက်ရှိလဲဆိုတာ ကျွန်တော်တို့ မသိသေးဘူး။ ဒါပေမဲ့ အတိအကျကတော့ သူတို့ ခေါ်ယူထားတာရှိတယ်။ကျွန်တော်တို့ တအာင်းလူမျိုး လူငယ်လေးတွေပေါ့” ဟု TNLA တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီအနေဖြင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားမှုမရှိသည့် အခြေအနေ၌ပင် လေကြောင်းမှ လာရောက်တိုက်ခိုက်ရခြင်းမှာ အင်အားမရှိသည့် သဘောကို တွေ့ရကြောင်း ၎င်းက သုံးသပ်သည်။

TNLA သတင်းပြန်ကြားရေးဌာနကလည်း ယင်းဖြစ်စဉ်ကို ထုတ်ပြန်ခဲ့ရာ ပြည်သူ့စစ်အဖြစ် စုဆောင်းထားသည့် တအာင်းလူမျိုးများအား သွားရောက်ကယ်ဆယ်သည့် TNLAစစ်ကြောင်းအား မြန်မာ့စစ်တပ်မှ လေကြောင်းဖြင့် လာရောက်တိုက်ခိုက်သည်ဟု ဖော်ပြသည်။

အဆိုပါနယ်မြေသည် TNLAတပ်မဟာ(၆) စစ်ဒေသဖြစ်ပြီး တအာင်းလူမျိုးများအား ပြည်သူ့စစ်အဖြစ် အတင်းခေါ်ယူထားတဲ့လူငယ်များကို တအာင်းတပ်မတော် (TNLA)တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၅၉၅)မှ သွားရောက် ခေါ်ယူချိန်တွင် စစ်ကောင်စီတပ်မှ လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ပေါက်ကွဲမှု ဖြစ်စဉ်မှာ ထိခိုက်ပျက်စီးခဲ့တဲ့ အိမ်ခြေ ၄၉၅ လုံးအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၆၈၄၇၂သိန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း TNLAက ထုတ်ပြန်ပါတယ်။