Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို-မန္တလေးလမ်းတွင် စစ်ကောင်စီယာဥ်အား မိုင်းဆွဲတိုက်ခိုက်

ဖေဖော်ဝါရီလ ၁ ရက် မွန်းလွဲပိုင်းက ရွှေဘိုမြို့နယ် ၊ ဘုန်းဘွဲ့ ကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ရာ Black WOLF -ARMY အဖွဲ့က ရဲဘော် ၃ ဦး ကျဆုံးခဲ့သည်။

(မိုင်းထိပြီးနောက် အခင်းဖြစ်နေရာအား တွေ့ရစဥ်။ဓါတ်ပုံ-Black Wolf-ARMY)
(မိုင်းထိပြီးနောက် အခင်းဖြစ်နေရာအား တွေ့ရစဥ်။ဓါတ်ပုံ-Black Wolf-ARMY)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင် PDFသုံးဦးကျဆုံးခဲ့ရသည့်နေရာ၌ စစ်ကောင်စီတပ်ယာဥ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတ​ပ်ဖွဲ့ဝင် များအထိအခိုက်များနိုင်ကြောင်း BLACK WOLF – ARMY တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (ဖေဖော်ဝါရီလ ၄ ရက်) နံနက် ၈ နာရီခွဲခန့်ကရွှေဘိုမြို့နယ်၊ ရွှေဘို-မန္တလေးလမ်းမကြီးပေါ် ဘုန်းဘွဲ့ ကျေးရွာအနီးတွင် ဝက်လက်မြို့နယ်၌ မီးရှို့ပြီး စိုင်နိုင်ကွေ့မှ ထွက်လာသော ၁၂ ဘီးကားတစ်စီးပေါ်တွင် စစ်ကောင်စီအင်အား ၆၀ ခန့် လိုက်ပါလာသည်ကို ကြိုတင်သတင်းရရှိခဲ့ကြောင်း သိရသည်။ အဆိုပါကားအားအသင့်နေရာယူကာစောင့်ဆိုင်းပြီးနောက် ရဲဘော်များကျဆုံးခဲ့ရသော နေရာ အရောက်၌ပဒေဿာမိုင်း ၁၀ လုံးအထိ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြသ်ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“ကားက ဒဏ်ရာရသူတွေကိုတင်ပြီး ရွှေဘိုမြို့ထဲဝင်သွားတယ်။”ဟု ၎င်းကဆက်ပြောသည်။

ရွှေဘိုဆေးရုံတွင် စစ်ကောင်စီတပ်သား အများအပြား စိုးရိမ်ဒဏ်ရာရကာ ရောက်ရှိနေပြီး သေဆုံးရုပ်အလောင်းများလည်း ရောက်ရှိနေကြောင်း သတင်းထပ်ရသည်ဟု၎င်းက ဆိုသည်။ စစ်​ကောင်စီတပ် ​သေဆုံးထိခိုက်မှုနှင့်ပတ်သပ်၍ People’s Spring က သီးခြားအတည်မပြုနိုင်ပါ။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေးတွင် PDF များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ဖေဖော်ဝါရီလ ၁ ရက် မွန်းလွဲပိုင်းက ရွှေဘိုမြို့နယ် ၊ ဘုန်းဘွဲ့ ကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ရာ Black WOLF -ARMY အဖွဲ့က ရဲဘော် ၃ ဦး ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။