Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်သည်အထိ ဖော်ဆောင်နိုင်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းရန် KNU ဥက္ကဋ္ဌတိုက်တွန်း

ယနေ့ (ဖေဖော်ဝါရီ ၅ရက်) ကျရောက်သည့် KNU၏ (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့သို့ ပေးပို့သည့် KNU ဥက္ကဋ္ဌ၏ သဝဏ်လွှာ၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

KNU ၏ (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပနေစဉ်၊ ဓာတ်ပုံ - KNU
KNU ၏ (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပနေစဉ်၊ ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) အဖွဲ့ဝင် များ၊ ကရင့်အမျိုးသား တော်လှန်ရေးသမားများအနေဖြင့် KNUသည် ကရင်အမျိုးသားများအတွက် အရေးပါသော အခန်းကဏ္ဍ၌ ရှီနေသည်ကို ခံယူ၍ ကရင့်အမျိုးသားများ၏ နိုင်ငံရေးရည်မှန်းချက်များ ပြီးမြောက်အောင်မြင်သည်အထိ အကောင်အထည် ဖော်ဆောင်နိုင်ရန် ကျရာ တာဝန်အသီးသီး၌ တာဝန် ယူပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် သွားကြရန် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက တိုက်တွန်းနှိုးဆော်သည်။

ယနေ့ (ဖေဖော်ဝါရီ ၅ရက်) ကျရောက်သည့် KNU၏ (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့သို့ ပေးပို့သည့် KNU ဥက္ကဋ္ဌ၏ သဝဏ်လွှာ၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

KNU စတင်ဖွဲ့စည်းချိန်မှစ၍ ကရင်အမျိုးသားများအတွက် အစဉ်တစိုက် ကြိုးပမ်းအားထုတ်ခဲ့ကြသည့် နည်းတူ လာမည့် အနာဂတ်အချိန်တွင်လည်း ဆက်လက်ကြိုးစားအားထုတ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက ပြောသည်။

ထိုသို့ ကြိုးပမ်းအားထုတ်ကြရာ၌ ကရင့်အမျိုးသားများက အသိအမှတ်ပြုပြီး ထောက်ခံအားပေးမှုများ ရရှိနေရန် အတွက်လည်း ကြိုးစားအားထုတ်ကြရမည်ဖြစ်ကြောင်းနှင့် ထိုသို့အားထုတ်မှသာ KNU မားမားမိတ်မတ် ရပ်တည်ရှင်သန်နေမည်ဟု ၎င်းက ပြောကြားသည်။

Public Service Announcement

Public Service Announcement

KNU နေ့အခမ်းအနားကို ယနေ့ နံနက်က KNU ဌာနချုပ်၌ ကျင်းပခဲ့ရာ KNU ဒုတိယ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း အပါအဝင် KNU ခေါင်းဆောင်များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) စစ်ဌာနချုပ်မှ ခေါင်းဆောင်များနှင့် စစ်သည်များ၊ ကရင်လူငယ်အစည်းအရုံး(KYO)မှ ခေါင်းဆောင်များ၊ မျိုးဆက်သစ်ခေါင်းဆောင် သင်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ၊ ဒေသခံ ပြည်သူများ တက်ရောက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။