Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်သည်အထိ ဖော်ဆောင်နိုင်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းရန် KNU ဥက္ကဋ္ဌတိုက်တွန်း

ယနေ့ (ဖေဖော်ဝါရီ ၅ရက်) ကျရောက်သည့် KNU၏ (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့သို့ ပေးပို့သည့် KNU ဥက္ကဋ္ဌ၏ သဝဏ်လွှာ၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

KNU ၏ (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပနေစဉ်၊ ဓာတ်ပုံ - KNU
KNU ၏ (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပနေစဉ်၊ ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) အဖွဲ့ဝင် များ၊ ကရင့်အမျိုးသား တော်လှန်ရေးသမားများအနေဖြင့် KNUသည် ကရင်အမျိုးသားများအတွက် အရေးပါသော အခန်းကဏ္ဍ၌ ရှီနေသည်ကို ခံယူ၍ ကရင့်အမျိုးသားများ၏ နိုင်ငံရေးရည်မှန်းချက်များ ပြီးမြောက်အောင်မြင်သည်အထိ အကောင်အထည် ဖော်ဆောင်နိုင်ရန် ကျရာ တာဝန်အသီးသီး၌ တာဝန် ယူပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် သွားကြရန် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက တိုက်တွန်းနှိုးဆော်သည်။

ယနေ့ (ဖေဖော်ဝါရီ ၅ရက်) ကျရောက်သည့် KNU၏ (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့သို့ ပေးပို့သည့် KNU ဥက္ကဋ္ဌ၏ သဝဏ်လွှာ၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

KNU စတင်ဖွဲ့စည်းချိန်မှစ၍ ကရင်အမျိုးသားများအတွက် အစဉ်တစိုက် ကြိုးပမ်းအားထုတ်ခဲ့ကြသည့် နည်းတူ လာမည့် အနာဂတ်အချိန်တွင်လည်း ဆက်လက်ကြိုးစားအားထုတ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက ပြောသည်။

ထိုသို့ ကြိုးပမ်းအားထုတ်ကြရာ၌ ကရင့်အမျိုးသားများက အသိအမှတ်ပြုပြီး ထောက်ခံအားပေးမှုများ ရရှိနေရန် အတွက်လည်း ကြိုးစားအားထုတ်ကြရမည်ဖြစ်ကြောင်းနှင့် ထိုသို့အားထုတ်မှသာ KNU မားမားမိတ်မတ် ရပ်တည်ရှင်သန်နေမည်ဟု ၎င်းက ပြောကြားသည်။

KNU နေ့အခမ်းအနားကို ယနေ့ နံနက်က KNU ဌာနချုပ်၌ ကျင်းပခဲ့ရာ KNU ဒုတိယ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း အပါအဝင် KNU ခေါင်းဆောင်များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) စစ်ဌာနချုပ်မှ ခေါင်းဆောင်များနှင့် စစ်သည်များ၊ ကရင်လူငယ်အစည်းအရုံး(KYO)မှ ခေါင်းဆောင်များ၊ မျိုးဆက်သစ်ခေါင်းဆောင် သင်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ၊ ဒေသခံ ပြည်သူများ တက်ရောက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

အာဏာသိမ်းစစ်ကောင်စီ တပ်မ-၄၄ လက်အောက်ခံ ခမရ-၂၀၇၊ ခလရ-၂၊ ခမရ-၂၊ အမတ- ၆၀၂ နှင့် အမတ-၃၁၀ တပ်ရင်းများမှ လက်နက်ကြီး မကြာခဏပစ်ခတ်လေ့ရှိကြောင်း KNUက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်၏ လုပ်ရပ်များကြောင့် ဒေသတွင်းရှိ ရွာပေါင်း ၃၉ရွာမှ ဒေသခံပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေကြရကြောင်း၊ ယင်းကျေးရွာများအနက် ကျေးရွာပေါင်း (၃၁)ရွာမှ လူဦးရေ နှစ်သောင်းနှစ်ထောင်ကျော်ကို စာရင်းအတည်ပြုနိုင်ခဲ့ပြီး ကျန် ၈ရွာမှ လူဦးရေစာရင်းကိုမူ အတည်မပြုနိုင်သေးဟု ထုတ်ပြန်သည်။

သတင်း

အဆိုပါတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ဒုဗိုလ် တစ်ဦးနှင့် ဒုအရာခံဗိုလ် တစ်ဦးအပါအဝင် ၃၁ဦးသေဆုံးပြီး ၂၁ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

ဒူးသထူခရိုင် တပ်မဟာ(၁)၊ ခလယ်လွီထူခရိုင် တပ်မဟာ(၃)နှင့် မူတြော်ခရိုင် တပ်မဟာ(၅)တွင် ဖေဖေါ်ဝါရီလနှင့် မတ်လအတွင်း အရပ်သားပြည်သူ (၅)ဦး ထက်မနည်း သေဆုံးခဲ့ပြီး (၁၁)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ ပြောခွင့်ရသူ စောနန္ဒဆူးက ဆိုသည်။