Connect with us

Hi, what are you looking for?

သတင်း

KNU ဦးစီးမှုအောက်ရှိတဲ့အဖွဲ့အစည်းတွေနဲ့အဖွဲ့ဝင်တွေ နားလည်မှုနဲ့ ပူးပေါင်းကြဖို့တိုက်တွန်း

ကရင့်အမျိုးသားတွေရဲ့ အသိအမှတ်ပြု ထောက်ခံမှုတွေ ဆက်ရရှိနေဖို့ ကြိုးစားအားထုတ်ကြရမယ်လို့လည်း KNU ဥက္ကဋ္ဌ က တိုက်တွန်းတာတွေ့ရပါတယ်။

KNU ဦးစီးမှုအောက်ရှိတဲ့အဖွဲ့အစည်းတွေနဲ့အဖွဲ့ဝင်တွေ နားလည်မှုနဲ့ ပူးပေါင်းကြဖို့တိုက်တွန်း
KNU ဦးစီးမှုအောက်ရှိတဲ့အဖွဲ့အစည်းတွေနဲ့အဖွဲ့ဝင်တွေ နားလည်မှုနဲ့ ပူးပေါင်းကြဖို့တိုက်တွန်း

ကရင်အမျိုးသားအစည်းအရုံး ( KNU ) ရဲ့ ဦးဆောင်မှုအောက်မှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့အဖွဲ့ဝင် တွေအနေနဲ့ အပြန်အလှန်နားလည်မှုနဲ့ပူးပေါင်းဆောင်ရွက်ကြဖို့ ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် KNU နေ့ ကို ပေးပို့တဲ့သဝဏ်လွှာမှာထည့်သွင်းတိုက်တွန်းလိုက်တာပါ။

KNU ဟာ ပြောင်းလဲဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းတွေနဲ့အညီ မူဝါဒတွေ ပြောင်းလဲချမှတ် တိုက်ပွဲဝင်နေတယ်လို့လည်း KNU ဥက္ကဋ္ဌ က အသိပေးပါတယ်။

ဒီလို ကရင်တစ်မျိုးသားလုံးအတွက် သင့်လျော်အကျိုးရှိမယ့် တော်လှန်ရေးလမ်းစဉ်နဲ့ လုပ်ငန်းစဉ်တွေကို ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ အညီ ပြောင်းလဲနိုင်လို့ ယနေ့ထက်တိုင် KNU ဟာ မားမားမတ်မတ်ရပ်တည်နိုင်တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကရင့်အမျိုးသားတွေရဲ့ အသိအမှတ်ပြု ထောက်ခံမှုတွေ ဆက်ရရှိနေဖို့ ကြိုးစားအားထုတ်ကြရမယ်လို့လည်း KNU ဥက္ကဋ္ဌ က တိုက်တွန်းတာတွေ့ရပါတယ်။

ဒါအပြင် ကရင့်အမျိုးသားတွေရဲ့ နိုင်ငံရေးရည်မှန်းချက်တွေပြီးမြောက်အောင်မြင်တဲ့အထိ ကျရာတာဝန်အသီးသီးမှာ တာဝန်ယူပြီး ကြိုးပမ်းကြဖို့ကိုလည်း သဝဏ်လွှာထဲမှာ ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

Facebook