Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KNU ဦးစီးမှုအောက်ရှိတဲ့အဖွဲ့အစည်းတွေနဲ့အဖွဲ့ဝင်တွေ နားလည်မှုနဲ့ ပူးပေါင်းကြဖို့တိုက်တွန်း

ကရင့်အမျိုးသားတွေရဲ့ အသိအမှတ်ပြု ထောက်ခံမှုတွေ ဆက်ရရှိနေဖို့ ကြိုးစားအားထုတ်ကြရမယ်လို့လည်း KNU ဥက္ကဋ္ဌ က တိုက်တွန်းတာတွေ့ရပါတယ်။

KNU ဦးစီးမှုအောက်ရှိတဲ့အဖွဲ့အစည်းတွေနဲ့အဖွဲ့ဝင်တွေ နားလည်မှုနဲ့ ပူးပေါင်းကြဖို့တိုက်တွန်း
KNU ဦးစီးမှုအောက်ရှိတဲ့အဖွဲ့အစည်းတွေနဲ့အဖွဲ့ဝင်တွေ နားလည်မှုနဲ့ ပူးပေါင်းကြဖို့တိုက်တွန်း

ကရင်အမျိုးသားအစည်းအရုံး ( KNU ) ရဲ့ ဦးဆောင်မှုအောက်မှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့အဖွဲ့ဝင် တွေအနေနဲ့ အပြန်အလှန်နားလည်မှုနဲ့ပူးပေါင်းဆောင်ရွက်ကြဖို့ ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် KNU နေ့ ကို ပေးပို့တဲ့သဝဏ်လွှာမှာထည့်သွင်းတိုက်တွန်းလိုက်တာပါ။

KNU ဟာ ပြောင်းလဲဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းတွေနဲ့အညီ မူဝါဒတွေ ပြောင်းလဲချမှတ် တိုက်ပွဲဝင်နေတယ်လို့လည်း KNU ဥက္ကဋ္ဌ က အသိပေးပါတယ်။

ဒီလို ကရင်တစ်မျိုးသားလုံးအတွက် သင့်လျော်အကျိုးရှိမယ့် တော်လှန်ရေးလမ်းစဉ်နဲ့ လုပ်ငန်းစဉ်တွေကို ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ အညီ ပြောင်းလဲနိုင်လို့ ယနေ့ထက်တိုင် KNU ဟာ မားမားမတ်မတ်ရပ်တည်နိုင်တာလို့ ဆိုပါတယ်။

ကရင့်အမျိုးသားတွေရဲ့ အသိအမှတ်ပြု ထောက်ခံမှုတွေ ဆက်ရရှိနေဖို့ ကြိုးစားအားထုတ်ကြရမယ်လို့လည်း KNU ဥက္ကဋ္ဌ က တိုက်တွန်းတာတွေ့ရပါတယ်။

ဒါအပြင် ကရင့်အမျိုးသားတွေရဲ့ နိုင်ငံရေးရည်မှန်းချက်တွေပြီးမြောက်အောင်မြင်တဲ့အထိ ကျရာတာဝန်အသီးသီးမှာ တာဝန်ယူပြီး ကြိုးပမ်းကြဖို့ကိုလည်း သဝဏ်လွှာထဲမှာ ပြောထားပါတယ်။

You May Also Like

သတင်း

အာဏာသိမ်းစစ်ကောင်စီ တပ်မ-၄၄ လက်အောက်ခံ ခမရ-၂၀၇၊ ခလရ-၂၊ ခမရ-၂၊ အမတ- ၆၀၂ နှင့် အမတ-၃၁၀ တပ်ရင်းများမှ လက်နက်ကြီး မကြာခဏပစ်ခတ်လေ့ရှိကြောင်း KNUက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်၏ လုပ်ရပ်များကြောင့် ဒေသတွင်းရှိ ရွာပေါင်း ၃၉ရွာမှ ဒေသခံပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေကြရကြောင်း၊ ယင်းကျေးရွာများအနက် ကျေးရွာပေါင်း (၃၁)ရွာမှ လူဦးရေ နှစ်သောင်းနှစ်ထောင်ကျော်ကို စာရင်းအတည်ပြုနိုင်ခဲ့ပြီး ကျန် ၈ရွာမှ လူဦးရေစာရင်းကိုမူ အတည်မပြုနိုင်သေးဟု ထုတ်ပြန်သည်။

သတင်း

အဆိုပါတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ဒုဗိုလ် တစ်ဦးနှင့် ဒုအရာခံဗိုလ် တစ်ဦးအပါအဝင် ၃၁ဦးသေဆုံးပြီး ၂၁ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

ဒူးသထူခရိုင် တပ်မဟာ(၁)၊ ခလယ်လွီထူခရိုင် တပ်မဟာ(၃)နှင့် မူတြော်ခရိုင် တပ်မဟာ(၅)တွင် ဖေဖေါ်ဝါရီလနှင့် မတ်လအတွင်း အရပ်သားပြည်သူ (၅)ဦး ထက်မနည်း သေဆုံးခဲ့ပြီး (၁၁)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ ပြောခွင့်ရသူ စောနန္ဒဆူးက ဆိုသည်။