မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ တောပုမာယာပင်ရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒရုန်းသုံးစီးဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Unicorn Guerrilla Force အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဖေဖော်ဝါရီ ၅ ရက်က တောပုမာယာပင်ကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်ဆွဲထားသည့် စစ်ကောင်စီတပ်ကို Unicorn Guerrilla Force အဖွဲ့က ဒရုန်း သုံးစင်းဖြင့် ဗုံးသီးငါးလုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း နယ်မြေခံ များ၏သတင်းပေးပို့ချက်အရ သိရှိရပြီး အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း Unicorn Guerrilla Force အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“အဲဒီရွာက စစ်ကောင်စီတပ်တွေက ဘေးပတ်လည် ရွာတွေကို စစ်ကြောင်း ထိုးမွှေနှောက်တာတွေလုပ်တယ်။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

Public Service Announcement
ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်သားများနှင့် အတက်နိုင်ဆုံး ဝေးရာတွင်နေထိုင်ကြရန် Unicorn Guerrilla Force အဖွဲ့က သတိပေးထားသည်။
စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ဘေးကျေးရွာများအား စစ်ကြောင်းထိုးကာ ပြည်သူများအားဖမ်းဆီးနှိပ်စက်ခြင်းများပြုလုပ်နေကြောင်း ဒေသခံများက ပြော သည်။
