Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနားတွင် (၄)နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ရန်ကြိုးပမ်းသူက လူမှုရေးအရဖြေရှင်းမှုအပေါ် ဖမ်းဆီးအရေးယူ

အထက်ပါအမှုသည် မြစ်ကြီးနားမြို့ ရပ်ကွက်တစ်ခုတွင် ဖေဖော်ဝါရီ၂ရက်က ဖြစ်ပွားခဲ့ပြီးကျူးလွန်သူကို ဖေဖော်ဝါရီ ၇ရက်တွင်မှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ကျူးလွန်သူအား ဖမ်းဆီးလာစဥ်၊ ဓာတ်ပုံ - CJ
ကျူးလွန်သူအား ဖမ်းဆီးလာစဥ်၊ ဓာတ်ပုံ - CJ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အသက်(၄) နှစ် အရွယ် မိန်းကလေးတစ်ဦးအား အိမ်နီးချင်းအမျိုးသားက အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုကို လူမှုရေးအရ ‌ညှိနှိုင်းဖြေရှင်းစဉ် ယင်းအမျိုးသားအား ဒေသခံများက ဖမ်းဆီးလိုက်ပြီး ဥပဒေအရ အရေးယူနိုင်ရေးကြိုးစားနေသည်။

အထက်ပါအမှုသည် မြစ်ကြီးနားမြို့ ရပ်ကွက်တစ်ခုတွင် ဖေဖော်ဝါရီ၂ရက်က ဖြစ်ပွားခဲ့ပြီးကျူးလွန်သူကို ဖေဖော်ဝါရီ ၇ရက်တွင်မှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

“လူမှု‌ရေးနဲ့ ညှိဖို့ကြိုးစားနေချိန်မှာ ဒါဟာပြစ်မှုကြီးတယ်ဆိုတာ ရှင်းပြပြီး ဥပဒေအရအရေးယူဖို့ ကြိုးစားခဲ့ပါတယ်။ ဖမ်းပြီး ရဲစခန်းအပ်ထားပါတယ်”ဟု အခင်းဖြစ်ရာရပ်ကွက်မှ ‌ဒေသခံတစ်ဦးကပြောသည်။

အဖမ်းခံထားရသူမှာ အသက်(၆၀)အရွယ် အိမ်နီးချင်းအမျိုးသားတစ်ဦး ဖြစ်သည်။ ကလေးငယ်ကို မုန့်ကျွေးမည်ဟုပြောပြီး ၎င်း၏ အိမ်‌ပေါ်သို့ ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ရန် ကြိုးစားခြင်းဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ဘေးအိမ်က တစ်ယောက်က မသင်္ကာလို့လိုက် ကြည့်တာ။ ကလေးကို ဘောင်းဘီချွတ်ပြီး မဖွယ်မရာလုပ်ဖို့ ပြင်နေတုန်း ကလေးရဲ့မိဖတွေကိုသွားပြောလို့ ဒီကိစ္စကို သိရတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့နောက် ကျူးလွန်သူအမျိုးသားက အမှုကို ဖျောက်ဖျက်ရန်အတွက် လူမှုရေးအရ ကျေအေးပေးရန် ကလေးငယ်၏မိဖများနှင့် ညှိနှိုင်းခဲ့သည်။ ထိုအကြောင်းကို ဒေသတွင်း အမျိုးသမီးများနှင့် ကလေးငယ်များအရေးဆောင်ရွက်နေသူများကသိရှိပြီးနောက် ဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရန် ကြိုးပမ်းကြခြင်းဖြစ်သည်။

ကလေးငယ်သည် ယခုအခါ ကျန်းမာရေးမကောင်းဘဲ ပုံမှန်အခြေအနေမဟုတ်ကြောင်း၊ ကိုယ်ခန္ဓာတွင် ပွန်းပဲ့ဒဏ်ရာအချို့တွေ့ရှိရကြောင်း ဒေသခံများက ပြောသည်။

” ရဲစခန်းမှာ ချုပ်ထားတယ်။ ဆေးစစ်ချက်လည်းစောင့်နေတယ်။ ဒီလ်ိုမျိုးအမှုက လူ့အဖွဲ့အစည်းက ဝိုင်းပြီးကူညီရမယ့်အမှုမျိုးပါ”ဟု မြစ်ကြီးနားမြို့မှအမျိုးသမီးများနှင့်ကလေးငယ်များအရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

Facebook