Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြစ်ကြီးနားတွင် (၄)နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ရန်ကြိုးပမ်းသူက လူမှုရေးအရဖြေရှင်းမှုအပေါ် ဖမ်းဆီးအရေးယူ

အထက်ပါအမှုသည် မြစ်ကြီးနားမြို့ ရပ်ကွက်တစ်ခုတွင် ဖေဖော်ဝါရီ၂ရက်က ဖြစ်ပွားခဲ့ပြီးကျူးလွန်သူကို ဖေဖော်ဝါရီ ၇ရက်တွင်မှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ကျူးလွန်သူအား ဖမ်းဆီးလာစဥ်၊ ဓာတ်ပုံ - CJ
ကျူးလွန်သူအား ဖမ်းဆီးလာစဥ်၊ ဓာတ်ပုံ - CJ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အသက်(၄) နှစ် အရွယ် မိန်းကလေးတစ်ဦးအား အိမ်နီးချင်းအမျိုးသားက အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုကို လူမှုရေးအရ ‌ညှိနှိုင်းဖြေရှင်းစဉ် ယင်းအမျိုးသားအား ဒေသခံများက ဖမ်းဆီးလိုက်ပြီး ဥပဒေအရ အရေးယူနိုင်ရေးကြိုးစားနေသည်။

အထက်ပါအမှုသည် မြစ်ကြီးနားမြို့ ရပ်ကွက်တစ်ခုတွင် ဖေဖော်ဝါရီ၂ရက်က ဖြစ်ပွားခဲ့ပြီးကျူးလွန်သူကို ဖေဖော်ဝါရီ ၇ရက်တွင်မှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

“ လူမှု‌ရေးနဲ့ ညှိဖို့ကြိုးစားနေချိန်မှာ ဒါဟာပြစ်မှုကြီးတယ်ဆိုတာ ရှင်းပြပြီး ဥပဒေအရအရေးယူဖို့ ကြိုးစားခဲ့ပါတယ်။ ဖမ်းပြီး ရဲစခန်းအပ်ထားပါတယ်” ဟု အခင်းဖြစ်ရာရပ်ကွက်မှ ‌ဒေသခံတစ်ဦးကပြောသည်။

အဖမ်းခံထားရသူမှာ အသက်(၆၀)အရွယ် အိမ်နီးချင်းအမျိုးသားတစ်ဦး ဖြစ်သည်။ ကလေးငယ်ကို မုန့်ကျွေးမည်ဟုပြောပြီး ၎င်း၏ အိမ်‌ပေါ်သို့ ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ရန် ကြိုးစားခြင်းဟု ဒေသခံများက ပြောသည်။

“ ဘေးအိမ်က တစ်ယောက်က မသင်္ကာလို့လိုက် ကြည့်တာ။ ကလေးကို ဘောင်းဘီချွတ်ပြီး မဖွယ်မရာလုပ်ဖို့ ပြင်နေတုန်း ကလေးရဲ့မိဖတွေကိုသွားပြောလို့ ဒီကိစ္စကို သိရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့နောက် ကျူးလွန်သူအမျိုးသားက အမှုကို ဖျောက်ဖျက်ရန်အတွက် လူမှုရေးအရ ကျေအေးပေးရန် ကလေးငယ်၏မိဖများနှင့် ညှိနှိုင်းခဲ့သည်။ ထိုအကြောင်းကို ဒေသတွင်း အမျိုးသမီးများနှင့် ကလေးငယ်များအရေးဆောင်ရွက်နေသူများကသိရှိပြီးနောက် ဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရန် ကြိုးပမ်းကြခြင်းဖြစ်သည်။

ကလေးငယ်သည် ယခုအခါ ကျန်းမာရေးမကောင်းဘဲ ပုံမှန်အခြေအနေမဟုတ်ကြောင်း၊ ကိုယ်ခန္ဓာတွင် ပွန်းပဲ့ဒဏ်ရာအချို့တွေ့ရှိရကြောင်း ဒေသခံများက ပြောသည်။

” ရဲစခန်းမှာ ချုပ်ထားတယ်။ ဆေးစစ်ချက်လည်းစောင့်နေတယ်။ ဒီလ်ိုမျိုးအမှုက လူ့အဖွဲ့အစည်းက ဝိုင်းပြီးကူညီရမယ့်အမှုမျိုးပါ” ဟု မြစ်ကြီးနားမြို့မှအမျိုးသမီးများနှင့်ကလေးငယ်များအရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

You May Also Like

သတင်း

သတ်ဖြတ်ခံရသူများမှာ စစ်ကိုင်းတိုင်းက ၅၉၄ ဦးနှင့် အများဆုံးဖြစ်ပြီး မန္တလေးတိုင်းက ၁၁၉ ဦး၊ မကွေးတိုင်းက ၁၀၁ ဦးတို့ဖြင့် အများဆုံးစာရင်းဝင်ခဲ့ပြီး ကျန် ပြည်နယ်နှင့် တိုင်းများတွင်လည်း စစ်တပ်က သတ်ဖြတ်မှုများကျူးလွန်ခဲ့ကြသည်။

သတင်း

မတ်လ ၁၇ရက်ကလည်း ပခုက္ကူခရိုင်တပ်ရင်းတစ်ခုမှ တပ်ခွဲတစ်ခုကိုလည်း လေကြောင်းတိုက်ခိုက်မှုများဖြင့်အားယူပြီး မြေပြင်စစ်ကြောင်းများက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်။ သို့သော် အဆိုပါ စခန်းမှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။

သတင်း

ကချင်ပြည်နယ် မံစီမြို့နယ်နှင့် ရှမ်ပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် -သိန္နီကြားတွင်လည်း တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း KIA တာဝန်ရှိသူက ပြောသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ရန်ကုန်အပါအဝင် မြို့ကြီးများ၌ သင်္ကြန်မဏ္ဍပ်များဆောက် လုပ်၍ တိုင်းပြည်အေးချမ်းသည့်ပုံစံပြသနိုင်ရန် ကြိုးပမ်းနေသည်။