Connect with us

Hi, what are you looking for?

သတင်း

စစ်ဗိုလ်ချုပ်ဟောင်းကို အာဆီယံအထူးကိုယ်စားလှယ်ခန့်ဖို့အင်ဒိုစီစဉ်နေ

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီးနောက် မြန်မာ့အရေးကိုထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ အာဆီယံအထူးကိုယ်စားလှယ်ရုံးအဖွဲ့ကို သီးခြား ဖွဲ့စည်းမယ်လို့ အင်ဒိုနီးရှားက ထုတ်ပြောခဲ့ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ခံရဖို့နာမည်ထွက်လာသူ စစ်ဗိုလ်ချုပ်ဟောင်း Luhut Panjaitan
အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ခံရဖို့နာမည်ထွက်လာသူ စစ်ဗိုလ်ချုပ်ဟောင်း Luhut Panjaitan

မြန်မာ့အရေးကြားဝင်ညှိနှိုင်းဖြေရှင်းပေးနိုင်ဖို့ စစ်ဗိုလ်ချုပ်ဟောင်းဖြစ်သူ ဝန်ကြီးတစ်ပါးကို အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ဖို့ အင်ဒိုနီးရှားကစီစဉ်နေပါတယ်။

အသက် ၇၅ နှစ်အရွယ် အင်ဒိုအစိုးရအဖွဲ့ဝင် ဝန်ကြီး စစ်ဗိုလ်ချုပ်ဟောင်း Luhut Panjaitan ကို အာဆီယံအထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ဖို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ အင်ဒိုသမ္မတက စီစဉ်နေတာပါ။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်းကူးပြောင်းရေးအတွက်အထောက်အကူပြုမယ့် အင်ဒိုရဲ့အတွေ့အကြုံတွေကိုနည်းလမ်းပြနိုင်ဖို့ စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးကို နေပြည်တော်ဆီစေလွှတ်ဖို့ရှိတယ်လို့ လည်းအင်ဒိုသမ္မတက ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောထားပါတယ်။

အဲဒီနောက် အင်ဒိုနီးရှားအစိုးရ အဖွဲ့ဝင် ရင်းနှီးမြှုပ်နှံမှုနဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဖြစ်သူ စစ်ဗိုလ်ချုပ်ဟောင်း Luhut Panjaitan ကို အာဆီယံအထူးကိုယ်စားလှယ်ခန့်ဖို့နာမယ်ထွက်လာတာပါ။

Public Service Announcement

Public Service Announcement

သူဟာ အင်ဒိုနီးရှားစစ်တပ်မှာ ကြယ်လေးပွင့်ရ ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်ပြီးအတွေ့အကြုံရှိတဲ့ အင်ဒိုနိုင်ငံရေးသမားလည်းဖြစ်ပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီးနောက် မြန်မာ့အရေးကိုထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ အာဆီယံအထူးကိုယ်စားလှယ်ရုံးအဖွဲ့ကို သီးခြား ဖွဲ့စည်းမယ်လို့ အင်ဒိုနီးရှားက ထုတ်ပြောခဲ့ပါတယ်။

အဲဒီရုံးကို အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက ဦးဆောင်မှာဖြစ်ပြီး မြန်မာပြည်တွင်းက တွေ့ဆုံသင့်တွေ့ဆုံထိုက်သူတွေအားလုံးနဲ့ထိတွေ့ဆက်ဆံသွားမယ်လို့ ဆိုထားပါတယ်။

ကိုးကား − bloomberg

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။

သတင်း

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီအိုနိုဟာ မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိုက်ပါတယ်။

သတင်း

ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် အင်အားကြီးနိုင်ငံများနှင့် ကုလသမဂ္ဂတို့ ကြီးကြီးမားမား ကျဆုံးနေကြောင်း တီမောလက်စ်တေနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ် ဟော်တာ (José Ramos-Horta) က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ နိုင်ငံတကာအနေဖြင့် အာဆီယံ (ASEAN) ၏ ပဋိပက္ခဖြေရှင်းရေး နည်းလမ်းများကို စံနမူနာယူသင့်ကြောင်း...