Connect with us

Hi, what are you looking for?

သတင်း

စစ်ဗိုလ်ချုပ်ဟောင်းကို အာဆီယံအထူးကိုယ်စားလှယ်ခန့်ဖို့အင်ဒိုစီစဉ်နေ

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီးနောက် မြန်မာ့အရေးကိုထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ အာဆီယံအထူးကိုယ်စားလှယ်ရုံးအဖွဲ့ကို သီးခြား ဖွဲ့စည်းမယ်လို့ အင်ဒိုနီးရှားက ထုတ်ပြောခဲ့ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ခံရဖို့နာမည်ထွက်လာသူ စစ်ဗိုလ်ချုပ်ဟောင်း Luhut Panjaitan
အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ခံရဖို့နာမည်ထွက်လာသူ စစ်ဗိုလ်ချုပ်ဟောင်း Luhut Panjaitan

မြန်မာ့အရေးကြားဝင်ညှိနှိုင်းဖြေရှင်းပေးနိုင်ဖို့ စစ်ဗိုလ်ချုပ်ဟောင်းဖြစ်သူ ဝန်ကြီးတစ်ပါးကို အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ဖို့ အင်ဒိုနီးရှားကစီစဉ်နေပါတယ်။

အသက် ၇၅ နှစ်အရွယ် အင်ဒိုအစိုးရအဖွဲ့ဝင် ဝန်ကြီး စစ်ဗိုလ်ချုပ်ဟောင်း Luhut Panjaitan ကို အာဆီယံအထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ဖို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ အင်ဒိုသမ္မတက စီစဉ်နေတာပါ။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်းကူးပြောင်းရေးအတွက်အထောက်အကူပြုမယ့် အင်ဒိုရဲ့အတွေ့အကြုံတွေကိုနည်းလမ်းပြနိုင်ဖို့ စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးကို နေပြည်တော်ဆီစေလွှတ်ဖို့ရှိတယ်လို့ လည်းအင်ဒိုသမ္မတက ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောထားပါတယ်။

အဲဒီနောက် အင်ဒိုနီးရှားအစိုးရ အဖွဲ့ဝင် ရင်းနှီးမြှုပ်နှံမှုနဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဖြစ်သူ စစ်ဗိုလ်ချုပ်ဟောင်း Luhut Panjaitan ကို အာဆီယံအထူးကိုယ်စားလှယ်ခန့်ဖို့နာမယ်ထွက်လာတာပါ။

Public Service Announcement

Public Service Announcement

သူဟာ အင်ဒိုနီးရှားစစ်တပ်မှာ ကြယ်လေးပွင့်ရ ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်ပြီးအတွေ့အကြုံရှိတဲ့ အင်ဒိုနိုင်ငံရေးသမားလည်းဖြစ်ပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီးနောက် မြန်မာ့အရေးကိုထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ အာဆီယံအထူးကိုယ်စားလှယ်ရုံးအဖွဲ့ကို သီးခြား ဖွဲ့စည်းမယ်လို့ အင်ဒိုနီးရှားက ထုတ်ပြောခဲ့ပါတယ်။

အဲဒီရုံးကို အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက ဦးဆောင်မှာဖြစ်ပြီး မြန်မာပြည်တွင်းက တွေ့ဆုံသင့်တွေ့ဆုံထိုက်သူတွေအားလုံးနဲ့ထိတွေ့ဆက်ဆံသွားမယ်လို့ ဆိုထားပါတယ်။

ကိုးကား − bloomberg

ဆက်စပ်သတင်းများ

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ သုံးရက်တာမြန်မာနိုင်ငံခရီးစဥ်မှာ စစ်ရှောင် မိသားစု ၁၁၀၀၀ ဝန်းကျင်အတွက် လူသားချင်း စာနာမှု အကူအညီတွေ ဖြန့်ဝေမှု အစီအစဉ်ကို အစပြုပေးခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)နဲ့ အမေရိကန် အစိုးရကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင် အသစ်တစ်ခု ထူထောင်ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က အဆိုပြုခဲ့ပါတယ်။

သတင်း

ခရီးစဥ်မှာ ဖမ်းဆီးခံထားရတဲ့​ဒေါ်​အောင်ဆန်းစုကြည်နဲ့​တွေ့ရဖို့မရှိဘဲ၊လူသားချင်းစာနာအကူအညီ​ပေး​ရေးအဖွဲ့​တွေနဲ့​တောင်ကြီးမြို့မှာ​တွေ့ဖို့ရှိ​ကြောင်း Thai PBS ​ဖော်ပြ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံဖက်ကနေ ရောက်ရှိလာတဲ့ မီးခိုးမြူတွေကြောင့် အရှေ့တီမော နိုင်ငံမှာ ကျောင်းတွေကို ပိတ်ထားလိုက်ရပါတယ်။