Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

က​လေးမြို့တွင် စစ်​တပ် တပ်စွဲရာငါး​နေရာကို ​တော်လှန်​ရေးအင်အားစုများတစ်ချိန်တည်းတိုက်ခိုက်

“နေရာစုံမှရန်သူ့စခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။​ေးအကျဆုံးရှိနိုင်ပြီး ပြင်းထန်ဒဏ်ရာရမှုတို့လဲရှိနိုင်ပါသည်။ –ကျဆုံးမှုနှင့်ဒဏ်ရာရရှိကို ဆက်လက်စုံစမ်းဆဲဖြစ်ပါသည်” ဟု Kalay PDFမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

က​လေးမြို့တွင် ကင်းလှည့်​နေ​သော​တော်လှန်​ရေးအင်အားစုများ ။ ဓါတ်ပုံ-CJ
က​လေးမြို့တွင် ကင်းလှည့်​နေ​သော​တော်လှန်​ရေးအင်အားစုများ ။ ဓါတ်ပုံ-CJ

ကလေးမြို့ တွင် စစ်​ကောင်စီတပ်စွဲထား​သောဆည်မြောင်းရုံး ၊ ရဲစခန်းအပါအဝင် နေရာ ငါး​​နေရာကို ​တော်လှန်​ရေး အင်အားစုများက ယ​နေ့ နံနက် အ​စောပိုင်းတွင်တပြိုက်နက်တိုက်ခိုက်ခဲ့သည်။

ကလေးမြို့ပေါ်ရှိဆည်မြောင်းရုံး၊ မြောက်စည်းရဲစခန်း၊ ကလေးတောင်ပိုင်းရှိ စစ်ကောင်စီတပ်စွဲထားသည့် ရန်ကြီးအောင်၊ကြံသာ၊အင်းကျွန်းရွာစခန်းများကို ပကဖ(ကလေး)၊ Kalay PDFနှင့်မြို့ပြပျောက်ကျား(UG) – ကလေးတို့က ဖေ‌ဖော်ဝါရီ ၉ ရက်နံနက် ၀ဝး၃၅ မိနစ်ခန့်မှ၁နာရီ ၁၅မိနစ်အထိ(​ဖေ​ဖော်ဝါရီ ၈ ရက်ညသန်း​ခေါင်​ကျော်)တစ်ပြိုင်နက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်​ရေးသတင်းရင်းမြစ်များက People’s Spring သို့​ပြောသည်။

၂၀၂၃ ​ဖေ​ဖော်ဝါရီ ၁ ရက်တွင် အသံတိတ်သပိတ်ဆင်နွှဲ​နေ​သောက​လေးမြို့ ။ ဓါတ်ပုံ-CJ
၂၀၂၃ ​ဖေ​ဖော်ဝါရီ ၁ ရက်တွင် အသံတိတ်သပိတ်ဆင်နွှဲ​နေ​သောက​လေးမြို့ ။ ဓါတ်ပုံ-CJ

အဆိုပါတိုက်ခိုက်မှုတွင် ပကဖ(ကလေး)ကထုတ်လုပ်သော လက်လုပ် ၆၀မမ၊၈၀မမ၊ ၄၀မမနှင့် အခြားလက်နက်ငယ်များပါ အသုံးပြုခဲ့ပြီး စစ်ကောင်စီတပ်စခန်း ပစ်မှတ်များသို့ တိတိကျကျပေါက်ကွဲခဲ့သည်ဟုစစ်​ရေးသတင်းရင်းမြစ်တစ်ခုကပြောသည်။

“နေရာစုံမှရန်သူ့စခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။​ေးအကျဆုံးရှိနိုင်ပြီး ပြင်းထန်ဒဏ်ရာရမှုတို့လဲရှိနိုင်ပါသည်။ –ကျဆုံးမှုနှင့်ဒဏ်ရာရရှိကို ဆက်လက်စုံစမ်းဆဲဖြစ်ပါသည်” ဟု Kalay PDFမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

” ကလေးမြို့ထဲမှာလည်း စစ်ကောင်စီမချောင်တော့ဘူး။ ရုံးဌာနတွေလည်း မနေရဲကြဘူးကြားတယ်။ ညကတော့ တော်တော် ဆော်ပုံရတယ်ဗျ။ ပစ်ခတ်သံတွေ ဆက်တိုက်ကြားခဲ့တယ်”ဟု ကလေးမြို့ခံတစ်ဦးကလည်းပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။