Connect with us

Hi, what are you looking for?

သတင်း

က​လေးမြို့တွင် စစ်​တပ် တပ်စွဲရာငါး​နေရာကို ​တော်လှန်​ရေးအင်အားစုများတစ်ချိန်တည်းတိုက်ခိုက်

“နေရာစုံမှရန်သူ့စခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။​ေးအကျဆုံးရှိနိုင်ပြီး ပြင်းထန်ဒဏ်ရာရမှုတို့လဲရှိနိုင်ပါသည်။ –ကျဆုံးမှုနှင့်ဒဏ်ရာရရှိကို ဆက်လက်စုံစမ်းဆဲဖြစ်ပါသည်” ဟု Kalay PDFမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

က​လေးမြို့တွင် ကင်းလှည့်​နေ​သော​တော်လှန်​ရေးအင်အားစုများ ။ ဓါတ်ပုံ-CJ
က​လေးမြို့တွင် ကင်းလှည့်​နေ​သော​တော်လှန်​ရေးအင်အားစုများ ။ ဓါတ်ပုံ-CJ

ကလေးမြို့ တွင် စစ်​ကောင်စီတပ်စွဲထား​သောဆည်မြောင်းရုံး ၊ ရဲစခန်းအပါအဝင် နေရာ ငါး​​နေရာကို ​တော်လှန်​ရေး အင်အားစုများက ယ​နေ့ နံနက် အ​စောပိုင်းတွင်တပြိုက်နက်တိုက်ခိုက်ခဲ့သည်။

ကလေးမြို့ပေါ်ရှိဆည်မြောင်းရုံး၊ မြောက်စည်းရဲစခန်း၊ ကလေးတောင်ပိုင်းရှိ စစ်ကောင်စီတပ်စွဲထားသည့် ရန်ကြီးအောင်၊ကြံသာ၊အင်းကျွန်းရွာစခန်းများကို ပကဖ(ကလေး)၊ Kalay PDFနှင့်မြို့ပြပျောက်ကျား(UG) – ကလေးတို့က ဖေ‌ဖော်ဝါရီ ၉ ရက်နံနက် ၀ဝး၃၅ မိနစ်ခန့်မှ၁နာရီ ၁၅မိနစ်အထိ(​ဖေ​ဖော်ဝါရီ ၈ ရက်ညသန်း​ခေါင်​ကျော်)တစ်ပြိုင်နက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်​ရေးသတင်းရင်းမြစ်များက People’s Spring သို့​ပြောသည်။

၂၀၂၃ ​ဖေ​ဖော်ဝါရီ ၁ ရက်တွင် အသံတိတ်သပိတ်ဆင်နွှဲ​နေ​သောက​လေးမြို့ ။ ဓါတ်ပုံ-CJ
၂၀၂၃ ​ဖေ​ဖော်ဝါရီ ၁ ရက်တွင် အသံတိတ်သပိတ်ဆင်နွှဲ​နေ​သောက​လေးမြို့ ။ ဓါတ်ပုံ-CJ

အဆိုပါတိုက်ခိုက်မှုတွင် ပကဖ(ကလေး)ကထုတ်လုပ်သော လက်လုပ် ၆၀မမ၊၈၀မမ၊ ၄၀မမနှင့် အခြားလက်နက်ငယ်များပါ အသုံးပြုခဲ့ပြီး စစ်ကောင်စီတပ်စခန်း ပစ်မှတ်များသို့ တိတိကျကျပေါက်ကွဲခဲ့သည်ဟုစစ်​ရေးသတင်းရင်းမြစ်တစ်ခုကပြောသည်။

“နေရာစုံမှရန်သူ့စခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။​ေးအကျဆုံးရှိနိုင်ပြီး ပြင်းထန်ဒဏ်ရာရမှုတို့လဲရှိနိုင်ပါသည်။ –ကျဆုံးမှုနှင့်ဒဏ်ရာရရှိကို ဆက်လက်စုံစမ်းဆဲဖြစ်ပါသည်” ဟု Kalay PDFမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

” ကလေးမြို့ထဲမှာလည်း စစ်ကောင်စီမချောင်တော့ဘူး။ ရုံးဌာနတွေလည်း မနေရဲကြဘူးကြားတယ်။ ညကတော့ တော်တော် ဆော်ပုံရတယ်ဗျ။ ပစ်ခတ်သံတွေ ဆက်တိုက်ကြားခဲ့တယ်”ဟု ကလေးမြို့ခံတစ်ဦးကလည်းပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။