Connect with us

Hi, what are you looking for?

သတင်း

မဲပုံးတွေနေရာမှာ မဲပေးစက်တွေနဲ့အစားထိုးဖို့ စစ်ကောင်စီ စီစဉ်နေ

အဲဒီစနစ်ကိုအသုံးပြုဖို့အတွက် စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ဖန်တီးထားတဲ့ စက်ကို အာဏာသိမ်းစစ်ခေါင်းဆောင်ထံ မနေ့က သွားရောက်ပြသခဲ့ပါတယ်။

မဲပုံးတွေနေရာမှာ မဲပေးစက်တွေနဲ့အစားထိုးဖို့ စစ်ကောင်စီ စီစဉ်နေ
မဲပုံးတွေနေရာမှာ မဲပေးစက်တွေနဲ့အစားထိုးဖို့ စစ်ကောင်စီ စီစဉ်နေ

အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ အီလက်ထရောနစ် မဲပေးစနစ် ကို အသုံးပြုဖို့ပြင်ဆင်နေပါတယ်။

အဲဒီစနစ်ကိုအသုံးပြုဖို့အတွက် စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ဖန်တီးထားတဲ့ စက်ကို အာဏာသိမ်းစစ်ခေါင်းဆောင်ထံ မနေ့က သွားရောက်ပြသခဲ့ပါတယ်။

အဲဒီစက်မှာ မဲပေးတာ ၊ မဲရုံအဖွင့်အပိတ်လုပ်တာ ၊ မဲလက်မှတ်ထုတ်တာ စတဲ့ လုပ်ဆောင်ချက်တွေပါတယ်လို့ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။

အဲဒီစက်တွေကို 12 V ဘက်ထရီနဲ့ တွဲစပ်အသုံးပြုနိုင်တယ်လို့သိရပါတယ်။ မဲပုံးတွေနေရာမှာ အစားထိုးဖို့ စီစဉ်နေတဲ့ အီလက်ထရောနစ်စနစ်သုံး မဲပေးစက်တွေကို စစ်ကောင်စီရွေးကောက်ပွဲ ဥက္ကဋ္ဌ ဦးသိန်းစိုးက စစ်ခေါင်းဆောင်ထံ လာရောက်တင်ပြတာပါ။

Public Service Announcement

Public Service Announcement

အီလက်ထ​ရောနစ်စနစ်သုံးမဲ​ပေးစက်​တွေဟာ မဲခိုးဖို့ ၊မဲလိမ်ဖို့ အလွန်​ကောင်းတဲ့စနစ်ဖြစ်တယ်လို့ နည်းပညာကျွမ်းကျင်သူအချို့က​ပြောပါတယ်။

ဦးသိန်းစိုးဟာ မဲမသမာမှုတွေ အကြီးအကျယ်ရှိခဲ့တယ်လို့ ဝေဖန်ခံရတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကြီးကြပ်ခဲ့သူလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။