Connect with us

Hi, what are you looking for?

သတင်း

အုပ်ချုပ်ရေးမှူးမိသားစုဝင် ၇ ဦး အစုလိုက်အသတ်ခံရမှု ပုလော PDF ရှုတ်ချ

အမျိုးသမီးတွေနဲ့အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါ ပါဝင်တဲ့အတွက် အစုလိုက် အပြုံလိုက် လူမဆန်စွာ သတ်ဖြတ်မှုဖြစ်တယ်လို့ ပုလော PDF က ဆိုထားပါတယ်။

အုပ်ချုပ်ရေးမှူးမိသားစုဝင် ၇ ဦး အစုလိုက်အသတ်ခံရမှု ပုလော PDF ရှုတ်ချ
အုပ်ချုပ်ရေးမှူးမိသားစုဝင် ၇ ဦး အစုလိုက်အသတ်ခံရမှု ပုလော PDF ရှုတ်ချ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မိသားစု ၇ ဦး သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ပုလော PDF က ပြောလိုက်ပါတယ်။

အမျိုးသမီးတွေနဲ့အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါ ပါဝင်တဲ့အတွက် အစုလိုက် အပြုံလိုက် လူမဆန်စွာ သတ်ဖြတ်မှုဖြစ်တယ်လို့ ပုလော PDF က ဆိုထားပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက် ည ၈ နာရီခွဲက ပုလောမြို့နယ် ၊ပလောက်မြို့ ၊ကျောက်လုံးကြီးကျေးရွာအုပ်စု ၊အလယ်ကုန်းကျေးရွာ ရဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်ရဲ့ နေအိမ်ကို လက်နက်ကိုင် လူတစ်စု ရောက်လာပြီး ကလေးငယ်တွေ အပါအဝင် မိသားစုဝင် ၇ ဦးကိုသတ်ဖြတ်သွားတာပါ။

Public Service Announcement
Public Service Announcement

လူသတ်မှု ဖြစ်ပွားခဲ့တာကို ကြားသိရပြီး အစုလိုက် အပြုံလိုက် လူမဆန်စွာ သတ်ဖြတ်သွားတဲ့ လူသတ်မှုနဲ့ပတ်သက်မှုမရှိဘူးလို့ ပုလော PDF က ဒီနေ့ မှာ ထုတ်ပြန်အသိပေးလာပါတယ်။

Public Service Announcement

Public Service Announcement

ပုလော PDF ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ NUG အစိုးရ လက်အောက်ခံတပ်ဖြစ်ပြီး အရပ်သားတွေ ၊အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပေါ် မည်သို့ ပြုမှုဆက်ဆံရမှာကိုလေ့ကျင့်သင်ကြားထားပြီးဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။

စစ်ကောင်စီလော်ဘီ လူမှုကွန်ရက်မှာတွေမှာ လူသတ်မှုကို PDF က ကျုးလွန်တာလို့ စွပ်စွဲထားကြပါတယ်။

လူသတ်မှုဖြစ်ပွားတဲ့ညမှာ အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်ဟာ နေအိမ် မှာ ရှိမနေဘဲ. ဦးမြင့်အောင်ရဲ့ ဇနီး ၊သမီးနဲ့ မြေးမြစ်သူ ကလေးငယ်တွေအပါအဝင် မိသားစု ၇ ဦးလုံးအသတ်ခံရတာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook