Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အုပ်ချုပ်ရေးမှူးမိသားစုဝင် ၇ ဦး အစုလိုက်အသတ်ခံရမှု ပုလော PDF ရှုတ်ချ

အမျိုးသမီးတွေနဲ့အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါ ပါဝင်တဲ့အတွက် အစုလိုက် အပြုံလိုက် လူမဆန်စွာ သတ်ဖြတ်မှုဖြစ်တယ်လို့ ပုလော PDF က ဆိုထားပါတယ်။

အုပ်ချုပ်ရေးမှူးမိသားစုဝင် ၇ ဦး အစုလိုက်အသတ်ခံရမှု ပုလော PDF ရှုတ်ချ
အုပ်ချုပ်ရေးမှူးမိသားစုဝင် ၇ ဦး အစုလိုက်အသတ်ခံရမှု ပုလော PDF ရှုတ်ချ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မိသားစု ၇ ဦး သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ပုလော PDF က ပြောလိုက်ပါတယ်။

အမျိုးသမီးတွေနဲ့အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါ ပါဝင်တဲ့အတွက် အစုလိုက် အပြုံလိုက် လူမဆန်စွာ သတ်ဖြတ်မှုဖြစ်တယ်လို့ ပုလော PDF က ဆိုထားပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက် ည ၈ နာရီခွဲက ပုလောမြို့နယ် ၊ပလောက်မြို့ ၊ကျောက်လုံးကြီးကျေးရွာအုပ်စု ၊အလယ်ကုန်းကျေးရွာ ရဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်ရဲ့ နေအိမ်ကို လက်နက်ကိုင် လူတစ်စု ရောက်လာပြီး ကလေးငယ်တွေ အပါအဝင် မိသားစုဝင် ၇ ဦးကိုသတ်ဖြတ်သွားတာပါ။

Public Service Announcement
Public Service Announcement

လူသတ်မှု ဖြစ်ပွားခဲ့တာကို ကြားသိရပြီး အစုလိုက် အပြုံလိုက် လူမဆန်စွာ သတ်ဖြတ်သွားတဲ့ လူသတ်မှုနဲ့ပတ်သက်မှုမရှိဘူးလို့ ပုလော PDF က ဒီနေ့ မှာ ထုတ်ပြန်အသိပေးလာပါတယ်။

Public Service Announcement

Public Service Announcement

ပုလော PDF ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ NUG အစိုးရ လက်အောက်ခံတပ်ဖြစ်ပြီး အရပ်သားတွေ ၊အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပေါ် မည်သို့ ပြုမှုဆက်ဆံရမှာကိုလေ့ကျင့်သင်ကြားထားပြီးဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။

စစ်ကောင်စီလော်ဘီ လူမှုကွန်ရက်မှာတွေမှာ လူသတ်မှုကို PDF က ကျုးလွန်တာလို့ စွပ်စွဲထားကြပါတယ်။

လူသတ်မှုဖြစ်ပွားတဲ့ညမှာ အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်ဟာ နေအိမ် မှာ ရှိမနေဘဲ. ဦးမြင့်အောင်ရဲ့ ဇနီး ၊သမီးနဲ့ မြေးမြစ်သူ ကလေးငယ်တွေအပါအဝင် မိသားစု ၇ ဦးလုံးအသတ်ခံရတာပါ။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။