Connect with us

Hi, what are you looking for?

သတင်း

လက်နက်နှင့် အလင်းဝင်လာသည့် ခလရ(၂၆၈)မှ တပ်သားကို ကျပ်သိန်း ၁၀၀ပေးအပ်ခဲ့ဟု CNOအသိပေး

လက်နက်အပြည့်စုံဖြင့် အလင်းဝင်ရောက်ခဲ့ပြီး CNO/CNDFမှ ဆုကြေးငွေ ချီးမြင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။

အလင်းဝင်လာသည့်တပ်သားအား တွေ့ရစဥ်၊ ဓာတ်ပုံ - CNO
အလင်းဝင်လာသည့်တပ်သားအား တွေ့ရစဥ်၊ ဓာတ်ပုံ - CNO

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အခြေပြု ခလရ(၂၆၈)တပ်မှ စစ်ကောင်စီတပ်သား တစ်ဦးသည် လက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာ၍ ၎င်းကို ကျပ်သိန်း ၁၀၀ပေးအပ်ခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က ထုတ်ပြန်သည်။

တပ်သား ကောင်းမိုးသည် အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့သဖြင့် ပြည်သူနှင့်အတူပူးပေါင်းရန် CNO/CNDF ထံသို့ ၂၀၂၂ ဒီဇင်ဘာ ၂၆ရက်တွင် အလင်းဝင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

လက်နက်အပြည့်စုံဖြင့် အလင်းဝင်ရောက်ခဲ့ပြီး CNO/CNDFမှ ဆုကြေးငွေ ချီးမြင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။

အလင်းဝင်လာသည့်တပ်သားအား တွေ့ရစဥ်၊ ဓာတ်ပုံ - CNO
အလင်းဝင်လာသည့်တပ်သားအား တွေ့ရစဥ်၊ ဓာတ်ပုံ – CNO

“အဓိကတော့ အလင်းဝင်လာမယ့် စကစဘက်က လူတွေကို ငွေအပြင် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ဒီထက်ပိုပေးနိုင်ဖို့လည်း လိုတယ်။နောက်ပြီး ချင်းပြည်နယ်နဲ့ ကပ်နေတဲ့ အိန္ဒိယနဲ့ဆက်ဆံရေးကို NUGပဲဖြစ်ဖြစ် UNကပဲ ဖြစ်ဖြစ်သေချာစေ့စပ်ညှိနှိုင်းနိုင်မယ်ဆိုရင် ချင်းပြည်နယ်မှာ CDM လုပ်လာမယ့် စကစတပ်သားအရေအတွက် ဒီထက်ပိုများနိုင်တယ်”ဟု ချင်းပြည် နယ် စစ်ဒေသမှူးတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

CNO/CNDFအနေနှင့် စစ်ကောင်စီထံမှလက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာသော စစ်သား၊ရဲများအား ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းအတွက် ယခင်က ကျပ်သိန်း ၅၀ဆုချီးမြှင့်ခဲ့သော်လည်း ယခုအခါ သိန်း ၅၀ထပ်မံ တိုးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လက်နက်အပြည့်စုံနှင့် အလင်းဝင်ရောက်သူအားလုံးအား ၎င်းတို့ အသက်မွေးဝမ်းကြောင်းအတွက် ယခင်ဆုကြေးငွေ ကျပ်သိန်း(၅၀)အပြင် ထပ်တိုးချီးမြှင့်ငွေ ဆုကြေး ကျပ်သိန်း(၅၀)၊စုစုပေါင်း ကျပ်သိန်း (၁၀၀)ထိ ပေးအပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။