Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ်ရှိ တောပုပျူစခန်းကို ​PDFများ ပူးပေါင်းတိုက်ခိုက်

မုံရွာခရိုင်အပြင် ရွှေဘိုခရိုင်အတွင်း၌လည်း ပျူစောထီးကျေးရွာများအား ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်။

မုံရွာမြို့နယ်ရှိ တောပုပျူစခန်းကို ​PDFများ ပူးပေါင်းတိုက်ခိုက်
မုံရွာမြို့နယ်ရှိ တောပုပျူစခန်းကို ​PDFများ ပူးပေါင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာရှိ ပျူစောထီးစခန်းအား ဒေသတွင်းPDFများ သွားရောက်တိုက်ခိုက်ရာ ပျုနှစ်ဦးသေဆုံးကြောင်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း People’s Defence Force – South Monywa ၏ တာဝန်ခံ ဒေါင်းကာရန်က ပြောကြားသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ ရက်) ည ၇ နာရီ ၁၅ မိနစ်ခန့်က မုံရွာမြို့နယ် တောပုကျေးရွာအတွင်းရှိ ပျူစောထီးများစုဝေးရာနေရာသို့ လက်လုပ် (၄၀) မမများ၊ လက်လုပ်ရှော့ဂန်းများ၊ အော်တိုဂန်းများဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PDF-South Monywa၏ တာဝန်ခံ ဒေါင်းကာရန်က ပြောသည်။

(၄၀) မမ ငါးလုံးသည် ပျူစောထီးများစုဝေးရာနေရာသို့ ကျရောက်ပေါက်ကွဲရာ နှစ်ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရသွားသည်ဟု PDF-South Monywa တာဝန်ခံက ဆိုသည်။

“သူတို့ စုဝေးရာ ကျောင်းထဲကို ကျတယ်။”ဟု PDF-South Monywa၏ တာဝန်ခံ ဒေါင်းကာရန်က ပြောသည်။

Public Service Announcement

Public Service Announcement

ပျူစောထီးအဖွဲ့ဘက်က ထိခိုက်သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပျူစောထီးများဘက်ကလည်း (၆၀)မမများ၊ (၉၀) မမများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း People’s Defence Force – South Monywa နှင့် Monywa People’s Liberation Force-ဒေါင်းမင်းစစ်ကြောင်းတပ်ခွဲ၊ Spring Dove၊ Forces our history(ငါတို့သမိုင်း)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

မုံရွာခရိုင်အပြင် ရွှေဘိုခရိုင်အတွင်း၌လည်း ပျူစောထီးကျေးရွာများအား ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ နယ်ကျော်လှည့်လည်လာတဲ့ ပုသိမ်ကြီးပြည်သူ့စစ်အဖွဲ့က ပျူစောထီး ၃ ဦးကို နယ်မြေခံ ပသစနဲ့ စစ်တပ်က ပြန်လည်ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။