Connect with us

Hi, what are you looking for?

သတင်း

သီပေါမြို့တွင် ဘုန်းကြီးကျောင်းတစ်ကျောင်းမီးလောင်မှု ကိုရင်လေးတစ်ပါးပျံလွန်တော်မူ

ပျံလွန်တော်မူသွားသည့်ကိုရင်လေးမှာ အသက်(၁၀)နှစ်အရွယ်ရှိပြီဖြစ်သည်။ ကျောင်းအုပ်ချုပ်သူများ၏ ပေါ့လျော့မှုကြောင့် ကိုရင်လေးတစ်ပါး အသက်ဆုံးရှုံးရခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

စံဖိတ်ကျေးရွာ မဏိရတနာ စံဖိတ်ကျောင်းတိုက် မီးလောင်ကျွမ်းနေစဥ်၊ ဓာတ်ပုံ - CJ
စံဖိတ်ကျေးရွာ မဏိရတနာ စံဖိတ်ကျောင်းတိုက် မီးလောင်ကျွမ်းနေစဥ်၊ ဓာတ်ပုံ - CJ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် ယမန့်နေ့(ဖေဖော်ဝါရီ ၁၃ရက်)ညက ဘုန်းကြီကျောင်းတစ်ကျောင်းမီးလောင်ခဲ့မှုတွင် ကိုရင်လေးတစ်ပါး မီးထဲပါသွားပြီး ပျံလွန်တော်မူခဲ့ကြောင်း ဒေသခံများက ပြောသည်။

သီပေါမြို့ စံဖိတ်ကျေးရွာ မဏိရတနာ စံဖိတ်ကျောင်းတိုက်မှာ ည ၁၀နာရီခန့်တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

စံဖိတ်ကျေးရွာ မဏိရတနာ စံဖိတ်ကျောင်းတိုက် မီးလောင်ကျွမ်းနေစဥ်၊ ဓာတ်ပုံ - CJ
စံဖိတ်ကျေးရွာ မဏိရတနာ စံဖိတ်ကျောင်းတိုက် မီးလောင်ကျွမ်းနေစဥ်၊ ဓာတ်ပုံ – CJ

“ကျောင်းမှာ ဘုရားမီးပူဇော်ထားရာကနေ မီးစလောင်တာလိုလို၊ တောမီးကနေ ကူးတာလိုလို ကြားနေရတယ်။ ဘုန်းကြီးကျောင်းတစ်ကျောင်းလုံးလောင်တာ။ အဲ့ဒီအချိန်အိပ်ပျော်နေတဲ့ ကိုရင်လေးတစ်ပါး မီးထဲပါသွားတာပါ”ဟု သီပေါမြို့ခံတစ်ဦးက ပြောသည်။

ပျံလွန်တော်မူသွားသည့်ကိုရင်လေးမှာ အသက်(၁၀)နှစ်အရွယ်ရှိပြီဖြစ်သည်။ ကျောင်းအုပ်ချုပ်သူများ၏ ပေါ့လျော့မှုကြောင့် ကိုရင်လေးတစ်ပါး အသက်ဆုံးရှုံးရခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးခဲ့သူ အများစုဟာ မီးခိုးမွှန်ပြီး အသက်ဆုံးရှုံးခဲ့တာလို့ သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား တစ်ခုမှာ ဆိုးရွားတဲ့ မီးလောင်မှု ဖြစ်ပွားပြီး လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။