Connect with us

Hi, what are you looking for?

သတင်း

ထိုင်းတောင်ပိုင်း ဒူးရင်းခြံထဲမှာ မြန်မာလုပ်သား ၂ ဦးသတ်ဖြတ်ခံရ

ထိုင်းရဲက သွားရောက်စစ်ဆေးရာမှာ စိုက်ပျိုးရေးခြံထဲက တဲမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၂ဦးဟာ ဓားဒဏ်ရာတွေနဲ့ သွေးအိုင်ထဲ လဲကျသေဆုံးနေတာကိုတွေ့ခဲ့ရပါတယ်။

ထိုင်းတောင်ပိုင်း ဒူးရင်းခြံထဲမှာ မြန်မာလုပ်သား ၂ ဦးသတ်ဖြတ်ခံရ
ထိုင်းတောင်ပိုင်း ဒူးရင်းခြံထဲမှာ မြန်မာလုပ်သား ၂ ဦးသတ်ဖြတ်ခံရ

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်ထဲက ဒူးရင်းစိုက်ပျိုးရေးခြံ မှာ မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦးမနေ့ က သတ်ဖြတ်ခံလိုက်ရတယ်လို့ထိုင်းသတင်းတွေဖော်ပြပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁၄ ရက်ညပိုင်း ၈ နာရီမှာ လူသတ်မှုသတင်းကို ထိုင်းရဲက ကြားသိရတာပါ။

ထိုင်းရဲက သွားရောက်စစ်ဆေးရာမှာ စိုက်ပျိုးရေးခြံထဲက တဲမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၂ဦးဟာ ဓားဒဏ်ရာတွေနဲ့ သွေးအိုင်ထဲ လဲကျသေဆုံးနေတာကိုတွေ့ခဲ့ရပါတယ်။

သေဆုံးသူ ၂ ဦးဟာ အသက် ၄၈ နှစ်အရွယ်နဲ့ အသက် ၅၈ နှစ်အရွယ်တွေရှိကြပါပြီ။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကလည်း ထိုင်းနိုင်ငံ၊ စမွတ်ပကန်ခရိုင် ထဲမှာ အသက် ၂၃ နှစ်အရွယ် မြန်မာအမျိုးသားဟာ နေထိုင်ရာ အခန်း မှာသတ်ဖြတ်ခံခဲ့ရပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။