Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင် စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ကျေးရွာခြောက်ရွာမှ နေအိမ် ၅၀၀ကျော် မီးရှို့ဖျက်ဆီး

အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၈ ရက်က ရေဦးမြို့မှတဆင့် ဝင်ရောက်လာပြီးနောက် တစ်ပတ်အတွင်းကျေးရွာ၁၀ရွာထက် မနည်းစစ်ကြောင်းထိုးခဲ့သည်။

မီးရှို့ဖျက်ဆီးခံရသော လောင်းရှည်ကျေးရွာနှင့် လက်ပံလှ ကျေးရွာ မြင်ကွင်းနှင့် ထွက်ပြေးလာရသော ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
မီးရှို့ဖျက်ဆီးခံရသော လောင်းရှည်ကျေးရွာနှင့် လက်ပံလှ ကျေးရွာ မြင်ကွင်းနှင့် ထွက်ပြေးလာရသော ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

▪️အိုးမဲ့အိမ်မဲ့ပြည်သူ တစ်သောင်းခွဲကျော်ရှိလာ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ကျေးရွာ ခြောက်ရွာရှိ နေအိမ် ၅၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး အိုးမဲ့အိမ်မဲ့ပြည်သူ တစ်သောင်းခွဲကျော်ရှိလာကြောင်းခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၈ ရက်က ရေဦးမြို့မှတဆင့် ဝင်ရောက်လာပြီးနောက် တစ်ပတ်အတွင်းကျေးရွာ၁၀ရွာထက် မနည်းစစ်ကြောင်းထိုးခဲ့သည်။

ထို့နောက် သနပ်စိန်၊ စောကြီး၊ ကွမ်းတိုင်း၊ မင်းကံကြီး၊ လက်ပံလှ၊ လောင်းရှည် အစရှိသည့် ကျေးရွာ ခြောက်ရွာမှ အိမ်ခြေ ၅၀၀ကျော်အား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

မီးရှို့ဖျက်ဆီးခံရသော လောင်းရှည်ကျေးရွာနှင့် လက်ပံလှ ကျေးရွာ မြင်ကွင်းနှင့် ထွက်ပြေးလာရသော ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
မီးရှို့ဖျက်ဆီးခံရသော လောင်းရှည်ကျေးရွာနှင့် လက်ပံလှ ကျေးရွာ မြင်ကွင်းနှင့် ထွက်ပြေးလာရသော ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

ယမန်နေ့ (ဖေဖော်ဝါရီ ၁၅ ရက်)တွင်လည်း စစ်ကောင်စီတပ်က ချောင်းဆုံကျေးရွာ နေအိမ်များအားမီးတင်ရှို့၍ ပြည်သူပိုင်ပစ္စည်းများအား မကျီးတုံပျူရွာသို့ သယ်ယူသွားကြောင်း အထက်ပါအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“မနေ့ညက ချောင်းဆုံကျေးရွာမှာညအိပ်ပြီး အနီးဝန်းကျင်က တောထဲတဲတွေနဲ့ ကိုင်းတောတွေကို မီးရှို့ခဲ့လို့ ညပိုင်းအထိ မီးတောက်တွေမငြိမ်းဘူး။ ခင်ဦးမြို့ပေါ်ကနေလည်း ချောင်းဆုံ ကျေးရွာထဲကို ကား ငါးစီးဝင်သွားတယ်။”ဟု ဒေသခံတော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

မီးရှို့ဖျက်ဆီးခံရသော လောင်းရှည်ကျေးရွာနှင့် လက်ပံလှ ကျေးရွာ မြင်ကွင်းနှင့် ထွက်ပြေးလာရသော ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
မီးရှို့ဖျက်ဆီးခံရသော လောင်းရှည်ကျေးရွာနှင့် လက်ပံလှ ကျေးရွာ မြင်ကွင်းနှင့် ထွက်ပြေးလာရသော ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကောင်စီတပ်သည် လူနေအိမ်များအပြင် စစ်ရှောင်ယာယီတဲများ၊ စပါးတင်းရေထောင်ချီနှင့် ဆန်စက်များအား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများက ​ပြောသည်။

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းတို့မီးရှိုဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာပေါင်း(၆၆)ရွာက နေအိမ်ပေါင်း ၄,၀၀၀ကျော် ပြာကျပျက်စီးခဲ့၍ အိုးမဲ့အိမ်မဲ့ပြည်သူပေါင်း တစ်သောင်းခွဲကျော် ရှိနေပြီဖြစ်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook