Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KNU တပ်မဟာ(၃)နယ်မြေတွင် ရွာလုံးကျွတ် တိမ်းရှောင်နေရသည့် ကျေးရွာနှစ်ရွာ တောမီးကြောင့် မီးလောင်

စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးလာကြဲခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်း၊ စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်ခြင်းများကြောင့် ရွာများရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

တောမီးလောင်ကျွမ်းခဲ့သော နေအိမ်အား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
တောမီးလောင်ကျွမ်းခဲ့သော နေအိမ်အား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU

▪️နေအိမ် ၁၅၀ကျော် ပြာကျ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)တွင် စစ်ကောင်စီတပ်ကြောင့် ဒေသခံများ ရွာလုံးကျွတ်တိမ်းရှောင်နေကြရပြီး ယင်းကျေးရွာများအနက် ရွာ နှစ်ရွာမှာ တောမီးလောင်စဉ် မီးကူး၍ နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးလာကြဲခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်း၊ စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်ခြင်းများကြောင့် ရွာများရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

ထိုသို့ တိမ်းရှောင်နေစဉ် ဖေဖော်ဝါရီ ၁၀ရက်တွင် ညောင်လေးပင်ခရိုင် မူးမြို့နယ် ကော့ပျင်းရွာ၌လည်းကောင်း၊ ဖေဖော်ဝါရီ ၁၂ရက်တွင် ကြောင်ပြာရွာ လည်းကောင်း တောမီးမှ မီးကူးပြီး နေအိမ်များ လောင်ကျွမ်းခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ထိုသို့ ရွာမီးလောင်မှုကြောင့် အိမ်ခြေ ၂၂၀ ကျော်ရှိသည့် ကြောင်ပြာရွာ၌ အိမ်ခြေ ၁၅၀ မီးလောင်ခဲ့ပြီး အိမ်ခြေ ၅၀၀ကျော်ရှိသည့် ကော့ပျင်းရွာ၌ အိမ် ၇လုံး မီးလောင်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါကျေးရွာများသည် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် ၂၀၂၂ ဇူလိုင်ကတည်းက ရွာလုံးကျွတ် ရှောင်နေရခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ရန်ကြောင့် ဒေသခံများ ရွာသို့ မပြန်ရဲဖြစ်ခဲ့ရာ ရွာအတွင်း အမှိုက်နှင့် သစ်ရွက်ခြောက်များ ပြည့်နေ့၍ တောမီးကူးစက်မီးစွဲလောင်ခဲ့ခြင်းဖြစ်ကြောင်း KNUက ဆိုသည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၁၅ရက် ညနေပိုင်းကလည်း တပ်မဟာ(၃)နယ်မြေလယ်ဒိုမြို့နယ်သို့ လေယာဉ် ၂စင်းဖြင့် ဗုံး လေးလုံး ကြဲချပြီး စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။ အဆိုပါ တိုက်ခိုက်ခံရမှု၌ ထိခိုက်ပျက်စီးမှုမရှိဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။