Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၃)နယ်မြေတွင် ရွာလုံးကျွတ် တိမ်းရှောင်နေရသည့် ကျေးရွာနှစ်ရွာ တောမီးကြောင့် မီးလောင်

စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးလာကြဲခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်း၊ စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်ခြင်းများကြောင့် ရွာများရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

တောမီးလောင်ကျွမ်းခဲ့သော နေအိမ်အား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
တောမီးလောင်ကျွမ်းခဲ့သော နေအိမ်အား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU

▪️နေအိမ် ၁၅၀ကျော် ပြာကျ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)တွင် စစ်ကောင်စီတပ်ကြောင့် ဒေသခံများ ရွာလုံးကျွတ်တိမ်းရှောင်နေကြရပြီး ယင်းကျေးရွာများအနက် ရွာ နှစ်ရွာမှာ တောမီးလောင်စဉ် မီးကူး၍ နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးလာကြဲခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်း၊ စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်ခြင်းများကြောင့် ရွာများရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

ထိုသို့ တိမ်းရှောင်နေစဉ် ဖေဖော်ဝါရီ ၁၀ရက်တွင် ညောင်လေးပင်ခရိုင် မူးမြို့နယ် ကော့ပျင်းရွာ၌လည်းကောင်း၊ ဖေဖော်ဝါရီ ၁၂ရက်တွင် ကြောင်ပြာရွာ လည်းကောင်း တောမီးမှ မီးကူးပြီး နေအိမ်များ လောင်ကျွမ်းခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ထိုသို့ ရွာမီးလောင်မှုကြောင့် အိမ်ခြေ ၂၂၀ ကျော်ရှိသည့် ကြောင်ပြာရွာ၌ အိမ်ခြေ ၁၅၀ မီးလောင်ခဲ့ပြီး အိမ်ခြေ ၅၀၀ကျော်ရှိသည့် ကော့ပျင်းရွာ၌ အိမ် ၇လုံး မီးလောင်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါကျေးရွာများသည် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် ၂၀၂၂ ဇူလိုင်ကတည်းက ရွာလုံးကျွတ် ရှောင်နေရခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ရန်ကြောင့် ဒေသခံများ ရွာသို့ မပြန်ရဲဖြစ်ခဲ့ရာ ရွာအတွင်း အမှိုက်နှင့် သစ်ရွက်ခြောက်များ ပြည့်နေ့၍ တောမီးကူးစက်မီးစွဲလောင်ခဲ့ခြင်းဖြစ်ကြောင်း KNUက ဆိုသည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၁၅ရက် ညနေပိုင်းကလည်း တပ်မဟာ(၃)နယ်မြေလယ်ဒိုမြို့နယ်သို့ လေယာဉ် ၂စင်းဖြင့် ဗုံး လေးလုံး ကြဲချပြီး စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။ အဆိုပါ တိုက်ခိုက်ခံရမှု၌ ထိခိုက်ပျက်စီးမှုမရှိဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ၊ဒေလီမြို့တော်ကဟိုတယ်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားရာ အဆောက်အအုံတစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။