Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၅)နယ်မြေကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်၊ စာသင်ကျောင်းနှင့် လူနေအိမ်များ မီးလောင်

စစ်ကောင်စီ၏ အပြစ်မဲ့ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုသည် လူ့အခွင့်အရေးချိုးဖောက်မှုကို ပြောင်တင်းစွာ ချိုးဖောက်နေခြင်းဖြစ်ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ဖော်ပြသည်။

ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်၍ စာသင်ကျောင်းနှင့် လူနေအဆောက်အဦးအများအပြားမီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်၍ စာသင်ကျောင်းနှင့် လူနေအဆောက်အဦးအများအပြားမီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - KNU

▪️တိုက်လေယာဉ် သုံးစီးဖြင့် နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့၍ စာသင်ကျောင်းနှင့် လူနေအဆောက်အဦးအများအပြားမီးလောင်ပျက်စီးခဲ့ကြောင်း တပ်မဟာ(၅)က ယနေ့ သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၅ရက် ညပိုင်းက စစ်ကောင်စီ တိုက်လေယာဉ် သုံးစီးသည် ဖာပွန်(မူတြော်)ခရိုင်၊ ပေးကေးဒဲကျေးရွာအုပ်စုအတွင်းရှိ ထော့ထီးပယ်ကျေးရွာအတွင်းသို့ ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ဗုံးသီး ခြောက်လုံး ကြဲချခဲ့ရာစာသင်ကျောင်း ခုနစ်လုံး၊ လူသူမဲ့အဆောက်အဦး ခြောက်လုံး၊ ဈေးဆိုင် သုံးနှင့် စပါးကျီ နှစ်လုံးအားထိမှန်ကာ မီးလောင်ပျက်စီးသည့်အပြင် လယ်ထွန်စက် လေးစီး ၊ ဆိုင်ကယ် နှစ်စီး၊ အင်တာနက်ဝိုင်ဖိုင်စလောင်တစ်ချပ်နှင့် ဆန်စက်တစ်လုံး စုစုပေါင်း ကာလတန်ဖိုး သိန်းတစ်ထောင်ကျော် ဆုံးရှုံးခဲ့ရသည်ဟု ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ဖေဖော်ဝါရီ ၁၄ရက် ညပိုင်းကလည်း တိုက်လေယာဉ် သုံးစီးဖြင့် ဒေဘုနိုကျေးရွာအတွင်းသို့ ဗုံးသီး ခြောက်လုံးဖြင့်လာရောက်ကြဲချရာ လူသူမဲ့အဆောက်အဦး ခြောက်လုံးထိမှန်ကာ မီးလောင်ပျက်စီးသွားခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထိုသို့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိတ်လန့်ကြောက်ရွံ့နေကြရပြီး နေ့စဉ် လုပ်ငန်းခွင်ကိုပါ အနှောက်အယှက်ဖြစ်စေကြောင်း မီးလောင်ပျက်စီးသွားသည့် အိမ်ရှင်စောရယ်ဖိုးက ပြောကြားသည်ဟု တပ်မဟာ(၅)က ထုတ်ပြန်သည်။

စစ်ကောင်စီ၏ အပြစ်မဲ့ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုသည် လူ့အခွင့်အရေးချိုးဖောက်မှုကို ပြောင်တင်းစွာ ချိုးဖောက်နေခြင်းဖြစ်ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ဖော်ပြသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီအတွင်းကလည်း တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်နှင့် တပ်မဟာ (၆)နယ်မြေ ညောင်လေးပင်ခရိုင်တို့၌ လေကြောင်း တိုက်ခိုက်မှု အကြိမ် ၆၀နီးပါး ပြုလုပ်ခဲ့ရာ ဗုံးအလုံးရေ ၂၀၀ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ စက်သေနတ်များဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း KNUကထုတ်ပြန်ထားပြီး အရပ်သားပြည်သူများသေဆုံးထိခိုက်မှုရှိခဲ့သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။

သတင်း

အဟာရပြည့်​အောင်​ကြွေးရမယ့်ညွန်ကြားပြီးဘက်ဂျက်​မ​ပေးလို့ အသားကျွေးဖို့ ကျောင်းသားမိဘတွေဆီကပိုက်ဆံကောက်

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။