Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့၊ စစ်ကောင်စီစစ်ရေးဂိတ်ကို မြို့ပြ​​ပြောက်ကျားအဖွဲ့ကဝင်ပစ်ရာစစ်သား ၄ ဦးသေဆုံးဟုဆို

ကလေးမြို့တွင်း စစ်ရေးအရှိန်မြင့်တက်လာခြင်းကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီစစ်ကြောင်းများ၊ စစ်ကောင်စီခန်းများနှင့် နေရာများ အနီးကို သွားလာခြင်းမပြုရန်နှင့် အဝေးမှရှောင်ရှားသွားကြရန် PDF(ကလေး)က တာဝန်ရှိသူကသတိ​ပေးထားသည်။

(က​လေးမြို့ပြစီမံချက်UG တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KLUG)
(က​လေးမြို့ပြစီမံချက်UG တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KLUG)

ကလေးမြို့ ၊မြို့လှရပ်ကွက်ရှိစစ်ကောင်စီစစ်ရေးဂိတ်ကို ကလေးမြို့ပြပျောက်ကြားအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာစစ်ကောင်စီတပ်သားလေးဦးသေဆုံးခဲ့ကြောင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၀ရက်ညနေ၆နာရီခန့်ကမြို့လှရပ်ကွက်မြို့ပတ်လမ်းမပေါ်ရှိဂိတ်စောင့်အစောင့်နေသည့်အစောင့်စစ်သား၃ဦးကိုက​လေးမြို့ပြစီမံချက်(UG)အဖွဲ့ကစနိုက်ပါနှင့်မောင်းပြန်များကို အသုံးပြု၍ပစ်ခတ်ခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးစလုံးသေဆုံးခဲ့ပြီး ပစ်ခတ်နေချိန်တွင် မြို့လှရပ်ကွက်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သား ၆ ဦးထပ်မံရောက်ရှိလာသဖြင့် ပစ်ခတ်ရာ တစ်ဦးထပ်မံသေဆုံးခဲ့သည်ဟု အဆိုပါအဖွဲ့ကထုတ်ပြန်သည်။

ထိုသို့ပစ်ခတ်နေစဉ်ရပ်ကွက်အတွင်းနှစ်ထပ်အိမ်တွင်တပ်စွဲထားသည့်စစ်ကောင်စီတပ်သား ၅၀ခန့်ထပ်မံရောက်ရှိလာ၍ မြို့ပြပြောက်ကျားတပ်ဖွဲ့များချက်ချင်းနောက်ဆုတ်လာခဲ့ရခြင်းဖြစ်သည်ဟုအဖွဲ့ကအသိ​ပေးသည်။

Public Service Announcement
Public Service Announcement

“တိုက်ခိုက်မှုကဟုတ်တယ်။ကျွန်တော်တို့သတင်းကြားတယ်။UG အဖွဲ့တွေသိုသိုသိပ်သိပ်လှုပ်ရှားတာမို့ကျွန်တော်တို့မမေးတာပါ” ဟုကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တဦးကပြောသည်။

Public Service Announcement

Public Service Announcement

ကလေးမြို့ခံတစ်ဦးကလည်း“အဲ့နေရာကနေပြည်သူတွေကို အကျပ်ကိုင်စစ်ဆေးနေတဲ့ နေရာပါ။ ဒါကို ဝင်ပစ်တာ အဲ့နေ့က သုံးယောက်ပဲရှိတော့ သုံးယောက်ပဲသေတယ်”ဟုပြောသည်

ကလေးမြို့တွင်း စစ်ရေးအရှိန်မြင့်တက်လာခြင်းကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီစစ်ကြောင်းများ၊ စစ်ကောင်စီခန်းများနှင့် နေရာများ အနီးကို သွားလာခြင်းမပြုရန်နှင့် အဝေးမှရှောင်ရှားသွားကြရန် PDF(ကလေး)က တာဝန်ရှိသူကသတိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်အတွင်း အာဟာရပြတ်လပ်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိတာ၊ အာဏာပိုင်တွေက ဖိနှိပ်တာ၊ ရိက္ခာ ခေါင်းပုံဖြတ်တာတွေကြောင့် အိန္ဒိယနိုင်ငံသား အပါအဝင် အကျဉ်းသား ၇ဦး ဒီနှစ်အတွင်း သေဆုံးခဲ့ရကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။