Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့၊ စစ်ကောင်စီစစ်ရေးဂိတ်ကို မြို့ပြ​​ပြောက်ကျားအဖွဲ့ကဝင်ပစ်ရာစစ်သား ၄ ဦးသေဆုံးဟုဆို

ကလေးမြို့တွင်း စစ်ရေးအရှိန်မြင့်တက်လာခြင်းကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီစစ်ကြောင်းများ၊ စစ်ကောင်စီခန်းများနှင့် နေရာများ အနီးကို သွားလာခြင်းမပြုရန်နှင့် အဝေးမှရှောင်ရှားသွားကြရန် PDF(ကလေး)က တာဝန်ရှိသူကသတိ​ပေးထားသည်။

(က​လေးမြို့ပြစီမံချက်UG တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KLUG)
(က​လေးမြို့ပြစီမံချက်UG တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KLUG)

ကလေးမြို့ ၊မြို့လှရပ်ကွက်ရှိစစ်ကောင်စီစစ်ရေးဂိတ်ကို ကလေးမြို့ပြပျောက်ကြားအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာစစ်ကောင်စီတပ်သားလေးဦးသေဆုံးခဲ့ကြောင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၀ရက်ညနေ၆နာရီခန့်ကမြို့လှရပ်ကွက်မြို့ပတ်လမ်းမပေါ်ရှိဂိတ်စောင့်အစောင့်နေသည့်အစောင့်စစ်သား၃ဦးကိုက​လေးမြို့ပြစီမံချက်(UG)အဖွဲ့ကစနိုက်ပါနှင့်မောင်းပြန်များကို အသုံးပြု၍ပစ်ခတ်ခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးစလုံးသေဆုံးခဲ့ပြီး ပစ်ခတ်နေချိန်တွင် မြို့လှရပ်ကွက်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သား ၆ ဦးထပ်မံရောက်ရှိလာသဖြင့် ပစ်ခတ်ရာ တစ်ဦးထပ်မံသေဆုံးခဲ့သည်ဟု အဆိုပါအဖွဲ့ကထုတ်ပြန်သည်။

ထိုသို့ပစ်ခတ်နေစဉ်ရပ်ကွက်အတွင်းနှစ်ထပ်အိမ်တွင်တပ်စွဲထားသည့်စစ်ကောင်စီတပ်သား ၅၀ခန့်ထပ်မံရောက်ရှိလာ၍ မြို့ပြပြောက်ကျားတပ်ဖွဲ့များချက်ချင်းနောက်ဆုတ်လာခဲ့ရခြင်းဖြစ်သည်ဟုအဖွဲ့ကအသိ​ပေးသည်။

Public Service Announcement
Public Service Announcement

“တိုက်ခိုက်မှုကဟုတ်တယ်။ကျွန်တော်တို့သတင်းကြားတယ်။UG အဖွဲ့တွေသိုသိုသိပ်သိပ်လှုပ်ရှားတာမို့ကျွန်တော်တို့မမေးတာပါ” ဟုကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တဦးကပြောသည်။

Public Service Announcement

Public Service Announcement

ကလေးမြို့ခံတစ်ဦးကလည်း“အဲ့နေရာကနေပြည်သူတွေကို အကျပ်ကိုင်စစ်ဆေးနေတဲ့ နေရာပါ။ ဒါကို ဝင်ပစ်တာ အဲ့နေ့က သုံးယောက်ပဲရှိတော့ သုံးယောက်ပဲသေတယ်”ဟုပြောသည်

ကလေးမြို့တွင်း စစ်ရေးအရှိန်မြင့်တက်လာခြင်းကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီစစ်ကြောင်းများ၊ စစ်ကောင်စီခန်းများနှင့် နေရာများ အနီးကို သွားလာခြင်းမပြုရန်နှင့် အဝေးမှရှောင်ရှားသွားကြရန် PDF(ကလေး)က တာဝန်ရှိသူကသတိ​ပေးထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို တက်တဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတွေ ထိခိုက်နစ်မြုပ်ပြီး သင်္ဘောပေါ်ပါ စစ်သားတွေ ရေစီးနဲ့မျောပါလာတာကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြတဲ့ ရုပ်သံမှာ တွေ့ရပါတယ်။

Facebook