Connect with us

Hi, what are you looking for?

သတင်း

၁၅ မိနစ်ကြာ စစ်တပ်နှင့် ကော်ဘရာစစ်ကြောင်းတို့တိုက်ပွဲ သေဆုံးမှု ထုတ်ပြန်

ကော်ဘရာစစ်ကြောင်းဘက်မှ တစ်ဦး ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာအခြေအနေမရှိကြောင်း ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

၁၅ မိနစ်ကြာ စစ်တပ်နှင့် ကော်ဘရာစစ်ကြောင်းတို့တိုက်ပွဲ သေဆုံးမှု ထုတ်ပြန်
၁၅ မိနစ်ကြာ စစ်တပ်နှင့် ကော်ဘရာစစ်ကြောင်းတို့တိုက်ပွဲ သေဆုံးမှု ထုတ်ပြန်

KNU တပ်မဟာ (၆) နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် ကော်ဘရာစစ်ကြောင်းတို့ ယနေ့မွန်းလွဲပိုင်းအချိန်၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က ဗိုလ်မှူးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

တပ်မဟာ(၆)နယ်မြေအတွင်းရှိ ဝေါ်လေ ဖလူး လမ်းပိုင်းတစ်နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ (၅၈၅)တပ်ရင်း၊ စကခ(၁၃) ထုတ်နုတ်အဖွဲ့၏ ယာဉ်သုံးစီးသည် တပ်မဟာ(၆)နယ်မြေအတွင်းရှိ ကော်ဘရာစစ်ကြောင်း တာဝန်ယူထားသည့် ဖလူးဝေါ်လေလမ်းမကနေ ဖြတ်သန်းသွားရာ (၁၅)မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

ယင်းတိုက်ပွဲ၌ စစ်တပ်ဘက်က ဗိုလ်မှူးတစ်ဦးနှင့် အခြားအဆင့်တစ်ဦး သေဆုံးခဲ့ကာ လေးဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ကားပေါ်ကနေ ပစ်ခတ်သဖြင့် ဒုက္ခသည်စခန်းတွင် ခိုလှုံနေထိုင်သော ပြည်သူတစ်ဦး ဦးခေါင်းဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ကော်ဘရာစစ်ကြောင်းဘက်မှ တစ်ဦး ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာအခြေအနေမရှိကြောင်း ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတိုက်ပွဲနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်းတော့ မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။