Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့ကရိတ်အာရှလမ်းတိုက်ပွဲ စစ်ကောင်စီတပ် ဗိုလ်မှူး နှစ်ဦးအပါအဝင် ၅၀နီးပါးသေဟု ကော်ဘရာစစ်ကြောင်း အသိပေး

စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA) တပ်ရင်း(၁၈)၊ တပ်ရင်း(၂၇)၊ Cobra စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ Federal Wings ဒရုန်းတပ်ဖွဲ့၊ Golden Eagles ဒရုန်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

(ကော့ကရိတ်တိုက်ပွဲအတွင်းမှ မြင်ကွင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(ကော့ကရိတ်တိုက်ပွဲအတွင်းမှ မြင်ကွင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)

▪️လက်နက် ၄လက်နှင့် ကျည်၊ခဲယမ်းများ သိမ်းဆည်းရရှိပြီး သံချပ်ကာယာဉ် နှစ်စီးကိုဖျက်စီးနိုင်ခဲ့ဟု အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) နယ်မြေ ကော့ကရိတ်မြို့နယ် အာရှလမ်း၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး နှစ်ဦးအပါအဝင် ၄၈ဦး သေဆုံးခဲ့ပြီး ၆၁ဦး ဒဏ်ရာရခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

၂၀၂၂ ဒီဇင်ဘာ ၁၉ရက်မှ ၃၁ရက်အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေကို ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(ကော့ကရိတ်တိုက်ပွဲအတွင်းမှ မြင်ကွင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(ကော့ကရိတ်တိုက်ပွဲအတွင်းမှ မြင်ကွင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း)

အကြမ်းဖက်စစ်ကောင်စီဘက်မှ နယ်မြေခံတပ် ခလရ (၂၃၁)၊ ခလရ (၂၃၀)၊ ခလရ (၉၇)၊ အမြှောက်တပ် (၅၄၇)၊ တပ်မ(၄၄) လက်အောက်ခံ ခမရ (၉)၊ ခလရ (၁၀၄)၊ တပ်မ(၁၁) ထုတ်နုတ်အင်အားတို့သည် ကော့ကရိတ်တောင်ပိုင်း အာရှလမ်းနှင့် ကော့နွဲကျေးရွာဘက်သို့ အင်အားအလုံးအရင်းဖြင့် ကျူးကျော်ဝင်ရောက်လာ၍ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA) တပ်ရင်း(၁၈)၊ တပ်ရင်း(၂၇)၊ Cobra စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ Federal Wings ဒရုန်းတပ်ဖွဲ့၊ Golden Eagles ဒရုန်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ရက်ရှည်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ Cobra စစ်ကြောင်းမှ ၁၀ဦး ဒဏ်ရာရပြီး တစ်ဦးကျဆုံးခဲ့ကြောင်း၊ ဒေါနစစ်ကြောင်းမှ လေးဦးဒဏ်ရာရကာ နဂါးဖြူစစ်ကြောင်းမှ သုံးဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြ သည်။

(ကော့ကရိတ်တိုက်ပွဲအတွင်းမှ မြင်ကွင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(ကော့ကရိတ်တိုက်ပွဲအတွင်းမှ မြင်ကွင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း)

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီထံမှ MA3 (၂)လက်၊ MA2 (စက်ကလေး) (၁)လက်၊ ကျည်ဘောက် (၁၂)ဘောက်၊ (၄၀)မမကျည် (၂၉)လုံး၊ ခြေနင်းမိုင်း (၂)လုံး၊ လက်ပစ်ဗုံး (၆)လုံး၊ RPGကျည် (၂)လုံး၊ ပို့ယမ်း (၃)တောင့်၊ (၆၀) မမကျည် တစ်လုံး၊ အီနာဂါ (၁)လုံး၊ ၇.၆၂ကျည် (၆၅၀)တောင့်၊ ၅.၅၆ကျည် (၅၆၅)တောင့်၊ ကျည်ကာခမောက် (၆)လုံး တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက အသိပေးသည်။

KNLA တပ်ရင်း(၁၈) မှ MA3 တစ်လက် သိမ်းဆည်းရမိပြီး ရန်သူ့သံချပ်ကာကား နှစ်စီးအား ဖျက်ဆီးနိုင်ခဲ့ ကြောင်း ထုတ်ပြန်သည်။

(ကော့ကရိတ်တိုက်ပွဲအတွင်းမှ မြင်ကွင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(ကော့ကရိတ်တိုက်ပွဲအတွင်းမှ မြင်ကွင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း)

စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း လက်နက် ကြီး၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များဖြင့် ပစ်ခတ်ခဲ့ဿည့်အပြင် ကော့နွဲ့ရွာမှ လူနေအိမ် ၁၈လုံးကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် တစ်ရွာလုံးနီးပါးရှိ အိမ်ခြေများ ပျက်စီးပြီး ကျေးရွာအတွင်း မွေးမြူထားသော ကျွဲ၊ နွား၊ ဝက်၊ ကြက် အမြောက်အများ သေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။