Connect with us

Hi, what are you looking for?

သတင်း

TNLA ဒုစစ်ဦးစီးချုပ်၏ ဈာပနအခမ်းအနား လူဦးရေ တစ်ထောင်ကျော်တက်ရောက်

အသက် (၆၄)နှစ်အရွယ်ရှိ TNLA ဒုစစ်ဦးစီးချုပ်သည် ဖေဖော်ဝါရီ ၂၁ရက် နံနက်တွင် ၉၆ပါးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်းကို ယမန်နေ့က မီးသဂြိုလ်ခဲ့သည်။

TNLA ဒုစစ်ဦးစီးချုပ်၏ ဈာပနအခမ်းအနားပြုလုပ်နေစဉ်၊ ဓာတ်ပုံ - TNLA
TNLA ဒုစစ်ဦးစီးချုပ်၏ ဈာပနအခမ်းအနားပြုလုပ်နေစဉ်၊ ဓာတ်ပုံ - TNLA

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တားအလှော် (ခ) တားမူစယ်၏ ဈာပနအခမ်အနားကို ယမန်နေ့ (ဖေဖော်ဝါရီ ၂၂ရက်)က TNLA လွတ်မြောက်နယ်မြေ တစ်နေရာ၌ ပြုလုပ်ခဲ့ရာ လူဦးရေ တစ်ထောင်ကျော် တက်ရောက်ခဲ့သည်ဟု TNLAက သတင်းထုတ်ပြန်သည်။

အသက် (၆၄)နှစ်အရွယ်ရှိ TNLA ဒုစစ်ဦးစီးချုပ်သည် ဖေဖော်ဝါရီ ၂၁ရက် နံနက်တွင် ၉၆ပါးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်းကို ယမန်နေ့က မီးသဂြိုလ်ခဲ့သည်။

စျာပန အခမ်းအနားသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကြသည့် ဗိုလ်မှူးချုပ် တားဘုန်းကျော်၊ ဗိုလ်မှူးချုပ် တားဟိုပလန်၊ ဗိုလ်မှူကြီး တားအိုမ်တမာဝ်း၊ ဗိုလ်မှူးကြီး တားဂူ;ဇာရ်၊ ဗိုလ်မှူးကြီး တားနော်ရောဘတ်၊ ဗိုလ်မှူးကြီး တားနောရိူန်း၊ ဒုဗိုလ်မှူးကြီး တားပန်လနှင့် တပ်မဟာမှူးများ၊ စစ်ဘက်ဆိုင်ရာအရာရှိများအပြင် ပြည်သူလူထု တစ်ထောင်ကျော်တက်ရောက်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

ဈာပန အခမ်းအနားတွင် ဗိုလ်မှူးကြီး တားနောရိူန်းမှ ကွယ်လွန်သွားပြီဖြစ်သည့် တားအလှော်၏ အတ္ထုပ္ပတ္တိအား ဖတ်ကြားခဲ့ပြီး ဒုဗိုလ်မှူးကြီး တားပန်လက ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် မဟာမိတ်အဖွဲ့အစည်းများက ပေးပို့သည့်ဝမ်းနည်းကြောင်း သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

TNLA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးတားအလှော်သည် ၁၉၇၉ ခုနှစ် PSLO/PLSAလက်ထက်ကတည်းက တော်လှန်ရေးတွင် ပါဝင်ခဲ့သူဖြစ်ပြီး PSLF/TNLA လက်ထက်တွင် ဗျူဟာ(၄) ဒုဗျူဟာမှူး၊ ဗျူဟာမှူးအဖြစ်လည်းကောင်း၊ တပ်မဟာ(၂)ဒုတပ်မဟာမှူး နှင့် တပ်မဟာမှူးအဖြစ်လည်းကောင်း အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၈တွင် စစ်ဦးစီးမှူး တာဝန်ယူခဲ့သူဖြစ်သည်ဟု ဈာပန ကျင်းပရေးကော်မတီက အသိပေးထားသည်။ ၂၀၁၉ တွင် ဒုစစ်ဦးစီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နောင်ချိုတွင်တိုက်ပွဲပြင်းထန်နေစဉ်ကျောက်မဲ-နောင်ချို ပြည်‌ ထောင်စုလမ်းပိုင်းကို ယနေ့နံနက်ပိုင်းမှစ၍ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ဖြတ်သန်းခွင့်ပိတ်လိုက်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးမှာ နေရာစုံစစ်မျက်နှာပြင်အားလုံး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က မြို့အဝင်နားရောက်လာတယ်လို့ နောင်ချိုမြို့ခံအချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့အနီးမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်တပ်ရဲ့ စစ်ကြောင်းတွေက ‌ရှေ့တိုးလာနေတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။