Connect with us

Hi, what are you looking for?

သတင်း

တရုတ်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာ့အရေး ဆွေးနွေး

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အင်ဒိုနီးရှားဟာ မြန်မာ့ ပြဿနာကို ထဲထဲဝင်ဝင် ကိုင်တွယ် ဖြေရှင်းဖို့ လိုလားကြောင်း သဘောထားမျိုးတွေ ပြသထားပါတယ်။

(နိုင်ငံခြား​ရေးဝန်ကြီး နှစ်ဦး။ဓါတ်ပုံ-File Photo)
(နိုင်ငံခြား​ရေးဝန်ကြီး နှစ်ဦး။ဓါတ်ပုံ-File Photo)

▪︎အာဆီယံရဲ့ ဘုံသဘောတူညီမှု ၅ ရပ် ကြေညာချက်ကို တရုတ်အစိုးရက အားပေး ထောက်ခံတဲ့အတွက် ကျေးဇူးတင်ကြောင်းအင်ဒို​ပြော

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ကူညီ ဖြေရှင်းနိုင်ရေး ပူးပေါင်း လုပ်ဆောင်ကြဖို့ တရုတ်နဲ့အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးတွေက ဆွေးနွေးခဲ့ကြပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အင်ဒိုနီးရှားဟာ မြန်မာ့ ပြဿနာကို ထဲထဲဝင်ဝင် ကိုင်တွယ် ဖြေရှင်းဖို့ လိုလားကြောင်း သဘောထားမျိုးတွေ ပြသထားပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်မှာတော့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်ဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာ မြို့တော်ကို ရောက်ရှိလာချိန်မှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီနဲ့ တွေ့ဆုံပြီး မြန်မာ့အရေးကိုထည့်သွင်းဆွေးနွေးခဲ့ကြတတယ်လို့ဆိုပါတယ်။

ချင်ရဲ့ ခရီးစဉ်ဟာ အာဆီယံ နိုင်ငံတချို့နဲ့ တရုတ်တို့ကြား တောင်တရုတ်ပင်လယ် ရေပိုင်နက်ဆိုင်ရာ အငြင်းအခုံ ကိစ္စတွေအတွက် ညှိနှိုင်းဖို့ အဓိက ရည်ရွယ်ထားခဲ့တာပါ။ သူတို့နှစ်ဦးရဲ့ ပူးတွဲ ထုတ်ပြန်ချက်မှာတော့ အင်ဒိုနီးရှားနဲ့ အာဆီယံတို့ဟာ တောင်တရုတ်ပင်လယ် ပတ်ဝန်းကျင်မှာ ငြိမ်းချမ်းပြီး တည်ငြိမ်တဲ့ အခြေအနေမျိုးကို လိုလားကြောင်း ထည့်သွင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ချင်နဲ့ မာဆူဒီတို့ဟာ မြန်မာ့အရေး ဆွေးနွေးခဲ့ကြရာမှာလည်း အာဆီယံရဲ့ ဘုံသဘောတူညီမှု ၅ ရပ် ကြေညာချက်ကို တရုတ် အစိုးရက အားပေး ထောက်ခံတဲ့အတွက် ကျေးဇူးတင်ကြောင်း မာဆူဒီက ပြောကြားခဲ့ပါတယ်။ အဲဒီ ဘုံသဘော တူညီချက်တွေကို ၂၀၂၁ ခုနှစ်မှာ မြန်မာစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေက ပြဿနာ ဖြေရှင်းနိုင်ရေးအတွက် ဆွေးနွေး အတည်ပြုခဲ့တာပါ။ ဒါပေမဲ့ အလုံးစုံ စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းဆီ ဦးတည်တဲ့ အာဆီယံ ဘုံသဘောတူညီမှုတွေကို အာဏာသိမ်း စစ်တပ်က လိုက်နာမှု မရှိသလို ပြီးခဲ့တဲ့ ၂ နှစ်တာအတွင်း ဘာတိုးတက်မှုမှလည်း ဖြစ်ပေါ်မလာခဲ့ပါဘူး။

မာဆူဒီကတော့ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းကို အာဆီယံက ကူညီ ဖြေရှင်းဖို့ ရည်ရွယ်ထားရာမှာအဲဒီဘုံသဘောတူညီချက်တွေဟာ အဓိက ရည်ညွှန်းကိုးကားစရာအဖြစ် ဆက်ရှိနေဆဲလို့ ဆိုပါတယ်။ ပြီးတော့ အာဆီယံ ဥက္ကဋ္ဌ အနေနဲ့အင်ဒိုနီးရှားဟာမြန်မာ့နိုင်ငံရေးမှာပါဝင်ပတ်သက်သူ အားလုံးနဲ့ ထိတွေ့ ဆွေးနွေးနိုင်ဖို့ ကြိုးစားမှာဖြစ်

ကြောင်း၊ အဲဒီ အားထုတ်မှုတွေက မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စေ့စပ် ဆွေးနွေးမှုတွေ ပေါ်ထွန်းလာရေး ဖြစ်နိုင်ခြေ တစ်ခုတည်းကို ဦးတည်ရည်ရွယ်မှာ ဖြစ်ကြောင်းလည်း သူက ဆက်ပြောပါတယ်။

ချင်ဟာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ယူပြီး ၂ လအကြာမှာ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အင်ဒိုနီးရှားကို ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။

ကိုးကား-ရိုက်တာ

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။