Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တပ်မဟာ(၇)နယ်မြေ၌ မိုင်းထိသည့် စစ်ကောင်စီယာဉ် တစ်စီးပျက်စီး

KNUနှင့် စစ်ကောင်စီတပ်တို့ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ရှစ်ထောင်ကျော်ဖြစ်ခဲ့သော်လည်း တပ်မဟာ(၇)နယ်မြေ၌ တိုက်ပွဲဖြစ်ပွားမှု လုံး၀မရှိခဲပေ။

ထိခိုက်ပျက်စီးသည့် ယာဉ်အားတွေ့ရစဉ်၊ ဓာတ်ပုံ - Salween Press
ထိခိုက်ပျက်စီးသည့် ယာဉ်အားတွေ့ရစဉ်၊ ဓာတ်ပုံ - Salween Press

တိုက်ပွဲလုံး၀မရှိခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇)နယ်မြေ၌ စစ်ကောင်စီတပ် ရိက္ခာပို့ယာဉ် မိုင်းထိပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ရာ မိုင်းထိသည့်ယာဉ်၏ အပျက်အစီး ဓာတ်ပုံမှတ်တမ်းကို Salween Press က ယနေ့ ဖော်ပြသည်။

KNU တပ်မဟာ(၇)နယ်မြေ မာနယ်ပလော ဒေသတွင် ဖေဖော်ဝါရီ ၂၃ရက်က ရိက္ခာနှင့်လက်နက်ခဲယမ်းလာပို့သည့် ယာဉ်တန်းမှာ နို့ဒေးဒေသသို့ လာရောက်စဉ် စောတော့က အရောက်၌ မိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု Salween Press က ဖော်ပြထားသည်။

KNU သတင်းရင်းမြစ်တစ်ဦးကမူ စစ်ကောင်စီ၏ ရိက္ခာပို့ ယာဉ်တန်းသည် သတ်မှတ်နယ်မြေ ကျော် လွန် ဝင်ရောက်လာ၍ လုံခြုံရေးအရ ထောင်ထားသည့် မိုင်းထိခဲ့ခြင်းဖြစ်သည်ဟု People’s Spring သတင်းဌာန သို့ ဖြေကြားထားသည်။

အဆိုပါ မိုင်းထိသည့်ဖြစ်စဉ်တွင် စစ်ကောင်စီကား ၁စီး ထိခိုက်ပျက်စီးပြီး စစ်ကောင်စီတပ် သား တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“သူတို့ပြောတာ တစ်ယောက်သေတယ် ။နှစ်ယောက်ဒဏ်ရာရတယ်ပြောတယ်။ မတော်ဆပဲဖြစ်တာ။ အဲဒီမှာကကိုယ့်လူက လုံခြု့ရေးထောင်ထားတဲ့သဘောပေါ့။ သူ့ကားက ကျွံသွားတဲ့သဘောပေါ့။ ပစ်တာခတ်တာမရှိဘူး။ သူတို့က ကားလမ်းအတိုင်းပဲလာတယ်ဆိုဘာမှ မဖြစ်ဘူး။ ကျနော်ထင်တာ ။ သတ်မှတ်ထားတဲ့နယ်ကျော်လို့ ဖြစ်တဲ့သဘောပေါ့။တကယ်လို့သာပစ်မယ်ဆိုရင် ထိထက်ပိုထိမှာ”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

KNUနှင့် စစ်ကောင်စီတပ်တို့ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ရှစ်ထောင်ကျော်ဖြစ်ခဲ့သော်လည်း တပ်မဟာ(၇)နယ်မြေ၌ တိုက်ပွဲဖြစ်ပွားမှု လုံး၀မရှိခဲပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။