Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲလုံး၀မရှိခဲ့သည့် KNU တပ်မဟာ(၇) နယ်မြေ၌ စစ်ကောင်စီတပ်ရိက္ခာပို့ယာဉ် မိုင်းထိ

KNUနှင့် စစ်ကောင်စီတပ်တို့ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ထောင်ချီဖြစ်ခဲ့သော်လည်း KNU တပ်မဟာ(၇)နယ်မြေ၌ တိုက်ပွဲဖြစ်ပွားမှု လုံး၀မရှိခဲ့ပေ။

KNU တပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
KNU တပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU

▪️စစ်ကောင်စီတပ်က သတ်မှတ်နယ်မြေကျော်လွန်လာ၍ လုံခြုံရေးအရ ထောင်သည့်မိုင်းထိခြင်းဖြစ်နိုင်ဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၇) ဖားအံခရိုင်အတွင်း၌ စစ်ကောင်စီယာဉ်တန်း မိုင်းထိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးထိခိုက်ရှိခဲသည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ဖေဖော်ဝါရီ ၂၃ရက်က စစ်ကောင်စီ၏ ရိက္ခာပို့ ယာဉ်တန်းသည် မာနယ်ပလောဒေသ၌ မိုင်းထိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“သူတို့ပြောတာ တစ်ယောက် သေတယ်။ နှစ်ယောက်ဒဏ်ရာရတယ်ပြောတယ်။ မတော်ဆပဲဖြစ်တာ။ အဲဒီမှာကကိုယ့်လူက လုံခြုံရေးထောင်ထားတဲ့သဘောပေါ့။ သူ့ကားက ကျွံသွားတဲ့သဘောပေါ့။ ပစ်တာခတ်တာမရှိဘူး။ သူတို့က ကားလမ်းအတိုင်းပဲလာတယ်ဆိုဘာမှ မဖြစ်ဘူး။ ကျနော်ထင်တာ ။ သတ်မှတ်ထားတဲ့နယ်ကျော်လို့ ဖြစ်တဲ့သဘောပေါ့။တကယ်လို့သာပစ်မယ်ဆိုရင် ထိထက်ပိုထိမှာ”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

KNUနှင့် စစ်ကောင်စီတပ်တို့ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ထောင်ချီဖြစ်ခဲ့သော်လည်း KNU တပ်မဟာ(၇)နယ်မြေ၌ တိုက်ပွဲဖြစ်ပွားမှု လုံး၀မရှိခဲ့ပေ။

Public Service Announcement

Public Service Announcement

“ဒီဘက် ကျနော်တို့လူတွေကလည်း လည်း တိုက်ပွဲမဖော်ဘူးလေ။ တပ်မဟာ(၇)တစ်ဂွင်ပေါ့။အဲဒီနေရာက တိုက်ပွဲဖော်တဲ့နေရာမဟုတ်ဘူး။ တပ်မဟာ(၇)က လက်ရှိ အခြေအနေအရ တိုက်ပွဲမဖြစ်အောင်ထိန်းထားတဲ့သဘောပေါ့နော်”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

KNU ခရိုင်နှင့်တပ်မဟာ ခုနစ်ခုရှိသည့်အနက် တပ်မဟာ(၁)၊ တပ်မဟာ(၂)၊ တပ်မဟာ(၃)၊ တပ်မဟာ(၄)၊ တပ်မဟာ(၅)နှင့် တပ်မဟာ(၆) နယ်မြေများ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ အာဏာသိမ်းပြီးနောက် တိုက်ပွဲပေါင်း ၈ထောင်ကျော်ရှိခဲ့ကြောင်း KNUက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။