Connect with us

Hi, what are you looking for?

သတင်း

မြင်းမူတွင် PDF ယာယီစခန်းအနီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ၂၅ ရက်က ဖမ်းဆီးခဲ့သည့် ညောင်ပင်ကန်ရွာမှ လူငယ်နှစ်ဦးကို လိုက်ပြခိုင်းပြီးနောက်သတ်ဖြတ်သွား ZERO ပြောက်ကျားတပ်ဖွဲ့၏ ယာယီ Campကို စစ်ကြောင်းဝင်လာခဲ့ခြင်းဖြစ်သည်။

Zero ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်
Zero ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်

▪️စစ်အုပ်စုက ရဲဘော်နှစ်ဦးနှင့် လမ်းပြကလေးနှစ်ဦး ခေါင်းဖြတ်သတ်သွား၊ စစ်ကောင်စီဘက်က ၁၇ဦးခန့်သေဆုံးနိုင်ဟုဆို

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် Zeroပြောက်ကျားတပ်ဖွဲ့၏ ယာယီစခန်းအနီးသို့ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ တိုက်ပွဲတစ်နေကုန်ဖြစ်ပွားပြီး ရဲဘော်နှစ်ဦးနှင့် လမ်းပြကလေးနှစ်ဦး ခေါင်းဖြတ်သတ်ဖြတ်ခံရကာ စစ်ကောင်စီဘက်က ၁၇ဦးခန့်သေဆုံးနိုင်ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဖေဖော်ဝါရီ၂၆ ရက်)က မြင်းမူမြို့နယ် အတွင်းရှိ Zero ပြောက်ကျားတပ်ဖွဲ့၏ ယာယီစခန်းနေရာကို နယ်ကျွံကာရောက်လာသည့် အင်အား ၈၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို နံနက် ၉ နာရီမှ ည ၇ နာရီခွဲခန့်အထိ တိုက်ခိုက် ခဲ့ကြောင်းZero ပြောက်ကျားတပ်ဖွဲ့က ပြော သည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ၂၅ ရက်က ဖမ်းဆီးခဲ့သည့် ညောင်ပင်ကန်ရွာမှ လူငယ်နှစ်ဦးကို လိုက်ပြခိုင်းပြီးနောက်သတ်ဖြတ်သွား ZERO ပြောက်ကျားတပ်ဖွဲ့၏ ယာယီ Campကို စစ်ကြောင်းဝင်လာခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

“ဖမ်းခေါ်ခဲ့တဲ့ ကလေးနှစ်ယောက်ကို စခတွေဟာ ဘုန်းကြီးကျောင်းထဲမှာ ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ပစ်ခဲ့ပါတယ်။ အသတ်ခံရတဲ့ ကလေး ၂ ယောက်ဟာ အသက် ၁၂နှစ်နဲ့ ၁၃ နှစ်သာရှိပါသေးတယ်။”ဟု Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲတွင် ဆားတောင်မိုးကြိုးအဖွဲ့က ရဲဘော် နှစ်ဦးလည်း ခေါင်းဖြတ်သတ်ဖြတ်ခံရ၍ ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ၁၇ ဦးခန့်သေဆုံးနိုင်ကာ ဗိုလ်ကြီးတစ်ဦးခြေထောက်ဒဏ်ရာရရှိသွားကြောင်း Zero ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

“ချောင်းမြှောင်းပစ်ခတ်တိုက်ခိုက်ပေါ့။ ဝင်လုံးတာတွေလည်းရှိတယ်။ ကွန်မန်ဒိုအဆင့်လောက်ရှိတဲ့သူတွေဖြစ်လောက်တယ်။ လုံးဝပျူမပါဘူး။ ကျွန်တော်တို့က တော်တော်ကိုတိုက်ယူရတယ်။ ဆုတ်လိုက် တိုက်လိုက် သူတို့ဗျုဟာကြည့်လိုက်နဲ့ တစ်နေကုန်တိုက်နေရတာ။ အဲဒါကြောင့် အချိန်ကပိုကြာသွားတာ။”ဟု ကိုသက်ကြီးက ပြောသည်။

စစ်ကောင်စီတပ်၏ ဖျက်ဆီးမှုကြောင့်Zero ပြောက်ကျားတပ်ဖွဲ့၏ ယာယီစခန်းရှိသိန်း၁၀၀ ခန့်မီးစက်တစ်လုံးနှင့် မိုင်းဖောက်ခွဲရေးပစ္စည်းများ၊ ခဲယမ်းများ၊ ထုတ်လုပ်ရေးတွင်ခုံများ၊ မော်တာများအပါအဝင် သိန်း၃၀၀ဝန်းကျင်ဆုံးရှုံးသွားကြောင်း ၎င်းက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံခရိုင် တပ်ရင်း ၇)၊ မြင်းခြံခရိုင် တပ်ရင်း (၂)၊ကျောက်ဆည်ခရိုင် တပ်ရင်း ၁ ၊စစ်ကိုင်းခရိုင် တပ်ရင်း (၂) ၊ဆားတောင်မိုးကြိုးအဖွဲ့၊ နယ်မြေခံလက်နက်ကြီးအဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ (LDF)များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဖေဖော်ဝါရီ၂၅ ရက်ကလည်း မြင်းမူနယ်နှင့် အရာတော်နယ်စပ်တွင် စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းနှင့် ဒေသတွင်း PDF များတိုက်ပွဲဖြစ်ပွားခဲ့ပြီး အရာရှိတစ်ဦးအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးကာ PDF ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း ZERO ပြောက်ကြားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

Facebook