Connect with us

Hi, what are you looking for?

သတင်း

မီးရှို့ခံရသည့် တောင်မြို့ရွာကို မီးငြှိမ်းသတ်ပေးပြီးနောက် ဒေသခံများကို အားပေးခဲ့ဟု ZEROပြောက်ကျားတပ်ဖွဲ့ အသိပေး

စစ်ကောင်စီတပ်က တောင်မြို့ကျေးရွာသို့ ဝင်ရောက်စီးနင်းရာတွင် အချိန်မီရှောင်တိမ်းနိုင်ခြင်းမပြုနိုင်ခဲ့သော အသက် (၁၇)နှစ်ခန့်ရှိသည့် ရွာသားတစ်ဦး ပစ်သတ်ခံရကြောင်းလည်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဓာတ်ပုံ - Zero ပြောက်ကျားတပ်မဟာတပ်ရင်း တပ်ရင်း - ၇ - မြင်းခြံခရိုင်
ဓာတ်ပုံ - Zero ပြောက်ကျားတပ်မဟာတပ်ရင်း တပ်ရင်း - ၇ - မြင်းခြံခရိုင်

စစ်ကောင်စီတပ်က မီးရှို့ခဲ့သည့် စစ်ကိုင်းမြို့နယ်၊ တောင်မြို့ကျေးရွာကို မီးငြှိမ်းသတ်ပြီး ဒေသခံများကို အားပေးခဲ့ကြောင်း ZEROပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)က ထုတ်ပြန်သည်။

ယနေ့(ဩဂုတ် ၂၉ ရက်) နံနက် ၆နာရီခန့်က ကြွယ်ပုံကျေးရွာ၌ အခြေစိုက်ထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ တောင်မြို့ကျေးရွာကို လက်နက်ကြီး​​ဖြင့်ပစ်ခတ်ဝင်ရောက်ခဲ့ပြီး နောက်မီးရှို့ခဲ့ခြင်းဟု ဆိုသည်။

ဓာတ်ပုံ - Zero ပြောက်ကျားတပ်မဟာတပ်ရင်း တပ်ရင်း - ၇ - မြင်းခြံခရိုင်
ဓာတ်ပုံ – Zero ပြောက်ကျားတပ်မဟာတပ်ရင်း တပ်ရင်း – ၇ – မြင်းခြံခရိုင်

“စခ နဲ့ ပျူ​စောထီး ၄၀ ကျော်လောက်ပါတယ်။ ကျွန်တော်တို့ သတင်းကြားလို့သွားထောက်တဲ့အချိန်မှာ နေအိမ် ၅၀ လောက်ပါသွားတယ်။နောက်ပြီး စခ တပ်စစ်ကြောင်းက ဆုတ်သွား တယ်။ အဲဒါနဲ့ မီးငြိမ်းရင်းနဲ့ ဒေသခံတွေ အားတင်းထားဖို့၊စည်းလုံးဖို့နဲ့ အချင်းချင်းဝိုင်းဝန်း ကူညီဖို့ တိုက်တွန်းခဲ့တယ်”ဟု ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၏ ပြန်ကြားရေးတာဝန်ရှိ သူက ရှင်းပြသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က တောင်မြို့ကျေးရွာကိုအကြောင်းမဲ့ မီးရှို့ခဲ့ခြင်းဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က တောင်မြို့ကျေးရွာသို့ ဝင်ရောက်စီးနင်းရာတွင် အချိန်မီရှောင်တိမ်းနိုင်ခြင်းမပြုနိုင်ခဲ့သော အသက် (၁၇)နှစ်ခန့်ရှိသည့် ရွာသားတစ်ဦး ပစ်သတ်ခံရကြောင်းလည်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ထို့အပြင် ယနေ့ ညနေပိုင်းတွင် စစ်ကိုင်းမြို့နယ် တောင်ကြားကျေးရွာကို ကြွယ်ပုံရွာမှ စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့က ထပ်မံမီးရှို့ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံရွာကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဒေသခံ အမျိုးသား၁၀ဦးကို ဖမ်းဆီးသွားပြီး အခုအထိ ဖမ်း‌ဆီးခံရသူတွေရဲ့သတင်းအစအန ပျောက်နေတယ်လို့ ဒေသခံတွေ‌က ပြောပါတယ်။