Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းမြို့နယ်တွင် အရက်ဝယ်ထွက်လာသည့် စစ်ကောင်စီတပ်သားအချို့ တိုက်ခိုက်ခံရပြီး နှစ်ဦးသေ

သရက်ချောင်းမြို့နယ် စော်ဖျားရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှ တပ်သားအချို့သည် ဖေဖော်ဝါရီ ၂၂ ရက်နေ့ညနေ ၅ နာရီခန့်က အရက်ဝယ်ထွက်လာစဥ် ဥသြစစ်ကြောင်း၊ PDF တပ်ရင်း (၁)နှင့် DGRF တပ်ဖွဲ့ဝင်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထားဝယ်-ထီးခီးလမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ်အား တိုက်ခိုက်နေသည့် ဥသြစစ်ကြောင်းမှ ရဲဘော်အချို့အားတွေ့ရစဥ်
ထားဝယ်-ထီးခီးလမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ်အား တိုက်ခိုက်နေသည့် ဥသြစစ်ကြောင်းမှ ရဲဘော်အချို့အားတွေ့ရစဥ်

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် အရက်ဝယ်ရန်ထွက်လာသော စစ်ကောင်စီတပ်သားအချို့ကို စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း Dawei Guerrilla Revolution Force – DGRF က People’s Spring သတင်းဌာနသို့ ပြောသည်။

သရက်ချောင်းမြို့နယ် စော်ဖျားရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှ တပ်သားအချို့သည် ဖေဖော်ဝါရီ ၂၂ ရက်နေ့ညနေ ၅ နာရီခန့်က အရက်ဝယ်ထွက်လာစဥ် ဥသြစစ်ကြောင်း၊ PDF တပ်ရင်း (၁)နှင့် DGRF တပ်ဖွဲ့ဝင်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“တပ်စွဲထားတဲ့ စခတွေ အရက်ထွက်လာဝယ်တုန်း ကျတော်တို့ ကင်းနဲ့ တည့်တိုးပြီး ပစ်ခံခဲ့ရတာ”ဟု DGRF မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြော သည်။

အဆိုပါ တိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ချိန် ၁၀ မိနစ်ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကာ PDF ပူးပေါင်းတပ်မှ တော်လှန်ရေးရဲဘော်များ အထိ အခိုက်မရှိခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြော သည်။

Public Service Announcement

Public Service Announcement

အလားတူ ယမန်နေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ညနေပိုင်းကလည်း သရက်ချောင်းမြို့နယ် သိမ်ကုန်းရွာရေတံခွန်အနီး စစ်ကောင်စီတပ်နှင့် ဒေသအခြေစိုက် ပြောက်ကျားတပ်ဖွဲ့တစ်ခု ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးအခြေ အနေအား မသိရသေးပေ။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် အခြေပြု ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ သံမဏိလိပ်ပြာတပ်ဖွဲ့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ကွပ်ကဲမှု ခံယူလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။