Connect with us

Hi, what are you looking for?

သတင်း

ရိုးမတစ်နေရာတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို မဟာမိတ်တပ်ဖွဲ့များ တိုက်ခိုက်

ယနေ့(မတ်လ ၃ရက်) နံနက် ၉နာရီခန့်တွင် အင်္ဂပူမြို့နယ်နှင့် မဲဇလီကုန်း၌ စစ်ကောင်စီရဟတ်ယာဥ် နှစ်စီးပျံဝဲနေခဲ့သည်ဟု ဒေသခံများက ပြောသည်။

(စစ်တပ်အာဏာမှုအပေါ်ကန့်ကွက်ဆန္ဒပြနေသော ပြည်သူများအား ပစ်ခတ်ဖြိုခွင်းရန်စောင့်ဆိုင်းနေသော စစ်ကောင်စီတပ်သားများအား ၂၀၂၁က တွေ့ရစဉ်။ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာမှုအပေါ်ကန့်ကွက်ဆန္ဒပြနေသော ပြည်သူများအား ပစ်ခတ်ဖြိုခွင်းရန်စောင့်ဆိုင်းနေသော စစ်ကောင်စီတပ်သားများအား ၂၀၂၁က တွေ့ရစဉ်။ဓာတ်ပုံ - CJ)

▪️စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် လေးဦးသေဟုဆို

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်နှင့် ထိစပ်နေသော ရိုးမတစ်နေရာတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် လေးဦးသေဆုံးကြောင်း သတင်းရရှ်ိသည်။

အင်္ဂပူမြို့နယ် မဲဇလီကုန်းဒေသနှင့် ထိစပ်နေသော ရိုးမပေါ်သို့ ယမန်နေ့(မတ်လ ၂ရက်)နံနက် ၁၀နာရီခန့်က စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် ယာဉ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အင်္ဂပူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“နန်ကသူဆည်( ရိုးမပေါ်၌ တည်ဆောက်ထားသောဆည်)ဘက်မှာ ချတာ။ စစ်ဗိုလ်တစ်ယောက်နဲ့ တပ်သားလေးယောက် ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရတာများတယ်”ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ခိုက်မှုကို အင်္ဂပူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စွန်ရဲနီနွေဦးတော်လှန်ရေးအောင်ဆန်းတပ်ရင်း(Red Falcon PDF)တို့ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဧရာဝတီတိုင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲမှာ အထိနာသွားတာ ဟုတ်တယ်။ အခု မြို့မှာပါ လုံခြုံရေးတိုးပြီးတော့စစ်နေတယ်။ ရဟတ်ယာဉ်တွေလည်း ဝဲနေတယ်”ဟု မဲဇလီကုန်း‌ေဒသခံတစ်ဦးက ပြောသည်။

ယနေ့(မတ်လ ၃ရက်) နံနက် ၉နာရီခန့်တွင် အင်္ဂပူမြို့နယ်နှင့် မဲဇလီကုန်း၌ စစ်ကောင်စီရဟတ်ယာဥ် နှစ်စီးပျံဝဲနေခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်းအတွင်း ကြံ့ခင်းမြို့တွင်လည်း ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်တော်လှန်းရေးအသံမဲ့သပိတ်ကို တော်လှန်ရေးအင်အားစုများကပြုလုပ်ခဲ့သည်။

ထို့အပြင် မော်လမြိုင်ကျွန်းမြို့တွင်လည်း စစ်ကောင်စီထောက်တိုင် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဖေဖော်ဝါရီ ၂၄ရက်တွင် ပစ်ခတ်ရှင်းလင်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။