Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထူးကြီးမြို့မှ စစ်​ကောင်စီ သတင်းပေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

ဦးထွန်းထွန်းဝင်းသည် စစ်ကောင်စီနှင့် ပူးပေါင်းကာဒလန်အကြီးစားအဖြစ် လှုပ်ရှားနေ၍ ဒေသခံကာကွယ် ရေး တပ်ဖွဲ့များမှ အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း အပြစ်မဲ့ပြည်သူများနှင့်ပတ်သက်ပြီး မဟုတ်မမှန်ပြောဆိုကာ စစ်ကောင်စီထံအကြိမ်ကြိမ် သတင်းပေးပို့မှုများ ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။

ထူးကြီးမြို့
ထူးကြီးမြို့

ဧရာဝတီတိုင်း၊ ထူးကြီးမြို့မှ စစ်​ကောင်စီတပ် သတင်း ပေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို ပြည်သူ့ကာ ကွယ်ရေးမဟာမိတ်အဖွဲ့က ယနေ့ သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့သည်။

အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ အမှတ်(၃)အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးနှစ်ဖွဲ့ဖြစ်သည့် စွန်ရဲနီအဖွဲ့နှင့် ဧရာနဂါးညီနှောင်အဖွဲ့ကသေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဧရာဝတီတိုင်းတော်လှန် ရေးသတင်းဌာနက ထုတ်ပြန်ထားသည်။

ယနေ့ (ဇွန်လ ၈) နံနက်၁၀နာရီခန့်တွင် သေနတ်ဖြင့် ပစ်ခတ်လိုက်ခြင်းဖြစ်ပြီး ဦးထွန်းထွန်းဝင်းအား ဟသ်ာတဆေးရုံသို့ စစ်ကောင်စီက ပို့ဆောင်ခဲ့သည်။ သို့​သော် ဦးထွန်းထွန်းဝင်း၏ နောက်ဆက်တွဲအခြေအနေကို မသိရသေးပေ။

ဦးထွန်းထွန်းဝင်းသည် စစ်ကောင်စီနှင့် ပူးပေါင်းကာဒလန်အကြီးစားအဖြစ် လှုပ်ရှားနေ၍ ဒေသခံကာကွယ် ရေး တပ်ဖွဲ့များမှ အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း အပြစ်မဲ့ပြည်သူများနှင့်ပတ်သက်ပြီး မဟုတ်မမှန်ပြောဆိုကာ စစ်ကောင်စီထံအကြိမ်ကြိမ် သတင်းပေးပို့မှုများ ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

လက်နက်ကိုင်တော်လှန်ရေးအားနည်းသည်ဟု ဝေဖန်ခံနေရသော ဧရာဝတီတိုင်းတွင် ယခုရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များ ခပ်စိပ်စိပ်လှုပ်ရှားလာနေ သည်။

ဇွန်လ ၂ရက်ကလည်း ထူးကြီးမြို့အနီး ကွင်းကောက်မြို့ရှိ စစ်ကောင်စီ၏ အမှတ်(၅) လေ့ကျင့်ရေးတပ်ရင်းဂိတ်ကို ဧရာနဂါးညီနောင်အဖွဲ့က တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။