Connect with us

Hi, what are you looking for?

သတင်း

ထူးကြီးမြို့မှ စစ်​ကောင်စီ သတင်းပေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

ဦးထွန်းထွန်းဝင်းသည် စစ်ကောင်စီနှင့် ပူးပေါင်းကာဒလန်အကြီးစားအဖြစ် လှုပ်ရှားနေ၍ ဒေသခံကာကွယ် ရေး တပ်ဖွဲ့များမှ အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း အပြစ်မဲ့ပြည်သူများနှင့်ပတ်သက်ပြီး မဟုတ်မမှန်ပြောဆိုကာ စစ်ကောင်စီထံအကြိမ်ကြိမ် သတင်းပေးပို့မှုများ ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။

ထူးကြီးမြို့
ထူးကြီးမြို့

ဧရာဝတီတိုင်း၊ ထူးကြီးမြို့မှ စစ်​ကောင်စီတပ် သတင်း ပေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို ပြည်သူ့ကာ ကွယ်ရေးမဟာမိတ်အဖွဲ့က ယနေ့ သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့သည်။

အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ အမှတ်(၃)အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးနှစ်ဖွဲ့ဖြစ်သည့် စွန်ရဲနီအဖွဲ့နှင့် ဧရာနဂါးညီနှောင်အဖွဲ့ကသေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဧရာဝတီတိုင်းတော်လှန် ရေးသတင်းဌာနက ထုတ်ပြန်ထားသည်။

ယနေ့ (ဇွန်လ ၈) နံနက်၁၀နာရီခန့်တွင် သေနတ်ဖြင့် ပစ်ခတ်လိုက်ခြင်းဖြစ်ပြီး ဦးထွန်းထွန်းဝင်းအား ဟသ်ာတဆေးရုံသို့ စစ်ကောင်စီက ပို့ဆောင်ခဲ့သည်။ သို့​သော် ဦးထွန်းထွန်းဝင်း၏ နောက်ဆက်တွဲအခြေအနေကို မသိရသေးပေ။

ဦးထွန်းထွန်းဝင်းသည် စစ်ကောင်စီနှင့် ပူးပေါင်းကာဒလန်အကြီးစားအဖြစ် လှုပ်ရှားနေ၍ ဒေသခံကာကွယ် ရေး တပ်ဖွဲ့များမှ အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း အပြစ်မဲ့ပြည်သူများနှင့်ပတ်သက်ပြီး မဟုတ်မမှန်ပြောဆိုကာ စစ်ကောင်စီထံအကြိမ်ကြိမ် သတင်းပေးပို့မှုများ ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

လက်နက်ကိုင်တော်လှန်ရေးအားနည်းသည်ဟု ဝေဖန်ခံနေရသော ဧရာဝတီတိုင်းတွင် ယခုရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များ ခပ်စိပ်စိပ်လှုပ်ရှားလာနေ သည်။

ဇွန်လ ၂ရက်ကလည်း ထူးကြီးမြို့အနီး ကွင်းကောက်မြို့ရှိ စစ်ကောင်စီ၏ အမှတ်(၅) လေ့ကျင့်ရေးတပ်ရင်းဂိတ်ကို ဧရာနဂါးညီနောင်အဖွဲ့က တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook