▪︎တိုက်ခိုက်ခံရသောစစ်အုပ်စုသည် CDSOM စခန်းကိုစီးနင်းတိုက်ခိုက်ခဲ့သည့်စစ်ကြောင်းဖြစ်
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် မီးရှို့ပြန်လာသော စစ်ကောင်စီတပ်၊ ရဲနှင့် ပျူများပါဝင်သည့် စစ်ကြောင်းအား PDF များက ၂ ရက်ဆက်ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာအရာရှိတစ်ဦးအပါအဝင် ၆ ဦးသေဆုံးကြောင်း မန္တလေးခရိုင်အမှတ်၅တပ်ရင်း MNpdf မြစ်ငယ်၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
မြောင်မြို့နယ် ချောင်းဆင်းရွာ၊ ရသစ်ကျေးရွာတို့ကိုမီးရှို့ဖျက်ဆီးပြီးပြန်လာသော စစ်ကောင်စီတပ်စစ်ကြောင်း ၃ ကြောင်းကို မြစ်ငယ်PDF အပါအဝင်PDF များက မတ်လ ၆ ရက်နေ့နှင့် ၇ ရက်နေ့များတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။စစ်ကြောင်းတစ်ကြောင်းတွင် အင်အားတစ်ရာခန့်ရှိပြီးစစ်ကြောင်း ၃ ကြောင်းပေါင်းအင်အား စုစုပေါင်းမှာ ၃၀၀ ခန့်ရှိသည်ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။

အဆိုပါစစ်ကြောင်းများသည် မြောင်မြို့နယ်ရှိ CDSOM စခန်းကို မတ်လဆန်းကစီးနင်းတိုက်ခိုက်ပြီး ပြန်ထွက်လာသောစစ်ကြောင်းများပင်ဖြစ်ကြောင်းလည်း ၎င်းကဆက်ပြောသည်။
မိုင်းဆွဲတိုက်ခိုက်မူများတွင်အခင်းဖြစ်နေရာ၌ဗိုလ်တစ်ဦးနှင့်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကြောင်း၊ သေဆုံးတပ်သား ၅ ဦးအား ဆီမီးခုံမြို့ဘေးတွင် သင်္ဂြိုလ်သွားပြီး ဗိုလ်တစ်ဦးကိုမူ ကားဖြင့် သယ်သွားကြောင်း သိရသည်။

Public Service Announcement
“ဗိုလ်လောင်းအမည်တော့ မသိရသေးဘူး။ မြေပြင်သတင်းကနေ တဆင့်သိရတာ။”ဟု မန္တလေးခရိုင်အမှတ်၅တပ်ရင်း MNpdf မြစ်ငယ်၏ ပြန်ကြားရေးတာဝန်ခံက People’s Spring သတင်းဌာနကပြောသည်။
အဆိုပါစစ်ဆင်ရေးကို မန္တလေးခရိုင် အမှတ် (၅)တပ်ရင်း MN PDF Myitnge၊ MNPDF Myitngeအမျိုးသမီးတပ်ခွဲ၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)၊ ဗိုလ်တစ်ထောင်ငမိုးပြောက်ကျားတပ်ဖွဲ့၊ Myaung Special People Defence Force (MS PDF) မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ထိုအပြင် မတ်လ ၇ ရက်တိုက်ခိုက်မှုတွင် အခြား PDF တပ်ဖွဲ့များလည်းပါဝင်ကြောင်းသိရသည်။

















































