စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ မရိုးကုန်းကျေးရွာအား ဝင်ရောက်မီးရှို့ဖျက်ဆီးသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မဟာမိတ်ခြောက်ဖွဲ့တို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က ခြောက်ဦးထက်မနည်းသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့က ပြောသည်။
မြောင်မြို့နယ် မရိုးကုန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့၊ ရဲနှင့် ပျူစောထီးများပါသောပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၁၂ရက်မှစတင်ကာ စစ်ကြောင်းထိုးဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
“စုစုပေါင်း အင်းအား ၈၃ယောက်ပါတယ်။ ပျူတွေက ဦးဆောင်ပြီး နေရာလိုက်ပြတာ။ နှစ်ရက်ဆက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ခြောယောက်အနည်းဆုံးသေပါတယ်”ဟု မြောင်မြို့နယ်အခြေဆိုက် ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုအခြေအနေကို People’s Spring က သီးခြားအတည်မပြုနိုင်ပါ။
စစ်ကောင်စီစစ်ကြောင်းတွင် ရေတပ်ဝတ်စုံဝတ်စစ်သားအချို့ကိုပါ တွေ့ရှိရသည်ဟု PDF အချို့က ပြောသည်။ ပျုစောထီးများက ဦးဆောင်ကာ ကျေးရွာအတွင်းဝင်ရောက်ပြီး ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
နှစ်ရက်ဆက်တိုက်ပွဲတွင် ဇာမဏီနှင့် ဒေါင်းညီနောင်အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခြောက်ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။