Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ညပိုင်းအချိန် ရိုက်နှက် ပြီး ဆိုင်ကယ်လုယက်မှု ၂ရက်ဆက်တိုက်ဖြစ်ပွား

မတ်လ ၇ ရက် ဖြစ်စဉ်ဟာ ချမ်းအေးသာစံမြို့နယ် ၊ကန်တော်ကြီးပတ်လမ်း အနီးမှာ ဆိုင်ကယ်စီးအမျိုးသား ဓားနဲ့ခုတ်ခံရပြီး ဆိုင်ကယ်လုခံရတာဖြစ်ပါတယ်။

မန္တလေးမှာ ညပိုင်းအချိန် ရိုက်နှက် ပြီး ဆိုင်ကယ်လုယက်မှု ၂ရက်ဆက်တိုက်ဖြစ်ပွား
မန္တလေးမှာ ညပိုင်းအချိန် ရိုက်နှက် ပြီး ဆိုင်ကယ်လုယက်မှု ၂ရက်ဆက်တိုက်ဖြစ်ပွား

မန္တလေး ချမ်းအေးသာစံမြို့နယ်ထဲမှာ ညပိုင်း အချိန် ၂ ရက်ဆက်တိုက် ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

လုယက်မှုဖြစ်ပွားတဲ့မြို့နယ်ဟာ ချမ်းအေးသာစံမြို့နယ်ဖြစ်ပြီး မတ် ၇ ရက်နဲ့ ၈ ရက်ညပိုင်း တွေမှာဖြစ်ပွားတာပါ။

မတ်လ ၇ ရက် ဖြစ်စဉ်ဟာ ချမ်းအေးသာစံမြို့နယ် ၊ကန်တော်ကြီးပတ်လမ်း အနီးမှာ ဆိုင်ကယ်စီးအမျိုးသား ဓားနဲ့ခုတ်ခံရပြီး ဆိုင်ကယ်လုခံရတာဖြစ်ပါတယ်။

မနေ့ မတ်လ ၈ ရက် ညပိုင်း ၈ နာရီခွဲဝန်းကျင်မှာလည်း ချမ်းအေးသာစံမြို့နယ် ၈၂ လမ်းနဲ့ ၃၉ လမ်းအနီး ဆိုင်ကယ်စီးအမျိုးသားကို လူတစ်စု ဓားနဲ့ခုတ်ပြီး ဆိုင်ကယ်လုပြေးသွားတယ်လို့ မဏီစလလူမှုကူညီရေးအသင်း(မန္တလေး)ဆီကသိရပါတယ်။

Public Service Announcement

Public Service Announcement

ဓားနဲ့ခုတ်ခံရတဲ့ အမျိုးသား ဟာ ဒဏ်ရာများလို့ မန္တလေးဆေးရုံဆီပို့လိုက်ရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ လုယက် ၊ဓားပြတိုက်မှုတွေပိုများလာတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။