Connect with us

Hi, what are you looking for?

သတင်း

PNO/PNA ပြည်သူ့စစ်၏လုပ်ဆောင်ချက် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို အားပေးခွင့်ပြုသည့်လုပ်ရပ်ဟု ပအိုဝ်းအရပ်ဘက်အဖွဲ့များ ထုတ်ပြန်

ပြည်သူများအနေဖြင့် ခိုင်လုံသည့်သတင်းအရင်းအမြစ်များမှ တစ်ဆင့် သတင်းအချက်အလက် များကို စောင့်ကြည့်လေ့လာသုံးသပ်မှုလုပ်ဆောင်ရန်လည်း တိုက်တွန်းထားသည်။

(ပအိုဝ်းစစ်ရှောင်များခိုလှုံနေသည့် နမ်းနိန်းကျေးရွာရှိ ဘုန်ကြီးကျောင်းနှင့် နေအိမ်များအား စစ်ကောင်စီတပ်က မတ်လ ၁၁ရက်တွင် မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - KNDF)
(ပအိုဝ်းစစ်ရှောင်များခိုလှုံနေသည့် နမ်းနိန်းကျေးရွာရှိ ဘုန်ကြီးကျောင်းနှင့် နေအိမ်များအား စစ်ကောင်စီတပ်က မတ်လ ၁၁ရက်တွင် မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - KNDF)

▪️နမ်းနိန်းရွာ အစုလိုက်သတ်ဖြတ်မှု ကျူးလွန်သည့် စစ်ကောင်စီအား ပြင်းထန်စွာရှုတ်ချကြောင်း ဖော်ပြ

အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ဖြစ်သော PNO/PNA ပြည်သူ့စစ်၏ လုပ်ဆောင်ချက် များသည် အကြမ်းဖက်စစ်ကောင်စီမှ ကျူးလွန်သော စစ်ရာဇဝတ်မှု၊ လူသားဖြစ်မှုကို ဆန့်ကျင်သော ရာဇဝတ်မှုများအား အားပေးအားမြှောက်သည့် လုပ်ရပ်ဖြစ်ပြီး ဆက်လက်ကျူးလွန်ခွင့်ပေးသည့် လုပ်ရပ်များဖြစ်ကြောင်း ပအိုဝ်းအရပ်ဘက်လူမှုအဖွဲ့အစည်းများက သဘောထား ထုတ်ပြန်ခဲ့သည်။

မတ်လ ၁၁ရက်က ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ပအိုဝ်းဒေသ နမ်းနိန်းရွာမှ သံဃာတော်သုံးပါးအပါအဝင် အရပ်သားပြည်သူများအပေါ် စစ်ကောင်စီတပ်က အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် ဖြစ်ရပ်အပေါ် ပအိုဝ်းအရပ်ဘက်အဖွဲ့များက မတ်လ ၁၄ရက်က သဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နမ်းနိန်းရွာ ပြည်သူများ အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခံရခြင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်း၌ ဖြစ်ပွားလျက်ရှိသည့် စစ်ပွဲသည်အကြမ်းဖက် စစ်တပ်မှ တိုင်းရင်းသားလူမျိုးအချင်းချင်းကြား လူမျိုးရေး ပဋိပက္ခဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပအိုဝ်းအရပ်ဘက်အဖွဲ့များက ဆိုသည်။

Public Service Announcement
Public Service Announcement

အကြမ်းဖက် စစ်တပ်၏ လက်အောက်ခံ PNO/PNAသည် လူမှုကွန်ရက်စာမျက်နှာများတွင် လူမျိုးရေး ပဋိပက္ခ ၊ ဘာသာရေးပဋိပက္ခ သွေးထိုးလှုံ့ဆော်သည့် အရေးအသားများကို ပုံစံမျိုးစုံဖြင့် ပြောဆိုနေပြီး ထိုသို့သွေးထိုး လှုံ့ဆော်မှုများသည် စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်များ ဆက်လက် ကျူးလွန်ရန် ခွင့်ပြုသည့် လုပ်ရပ်ဖြစ်သည်ဟု ဖော်ပြခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေဖြင့် ခိုင်လုံသည့်သတင်းအရင်းအမြစ်များမှ တစ်ဆင့် သတင်းအချက်အလက် များကို စောင့်ကြည့်လေ့လာသုံးသပ်မှုလုပ်ဆောင်ရန်လည်း တိုက်တွန်းထားသည်။

PNO/PNAသည် ယနေ့တွင်လည်း တောင်ကြီးမြို့နယ်မှ ကျေးရွာများမှ ပြည်သူများကို တစ်အိမ်တစ်ယောက် မလာမနေရအမိန့်ပေးပြီး စစ်ကောင်စီထောက်ခံကြောင်း ဆန္ဒပြပွဲလုပ်ဆောင်ခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲ၌ PDFအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပြီးနမ့်နိန်းရွာ ဖြစ်စဉ်ကို KNDFက လုပ်ဆောင်ခြင်းဖြစ်ကြောင်း လိမ်ညာထားသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်း​တွေသိမ်းဆည်းပြီး ပျူ​စောထီး​တွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ​ပေမယ့် စစ်ရာဇဝတ်မှုကျူးလွန်သူ​တွေကို​တော့ ဥပ​ဒေ နဲ့အညီ အ​ရေးယူမယ်လို့ အသိ​ပေးထားပါတယ် ။