Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဦး​အောင်ခမ်းထီး၏PNO/PNAပြည်သူ့စစ် စစ်​တပ်နှင့်ပူး​ပေါင်း​နေမှုကိုပြန်သုံးသပ်ရန် PNFC တိုက်တွန်း

လက်ရှိတွင် စစ်ကောင်စီသည် စစ်ရေးသာမက နိုင်ငံရေးအရလည်း ရှုံးနိမ့်နေ၍ ၎င်းလက်အောက်ရှိ တိုင်းရင်းသားတပ်ဖွဲ့များ၊ ပြည်သူ့စစ်များကို စည်းရုံးကာ အသုံးချမည်ဖြစ်ကြောင်း PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက သုံးသပ်သည်။

(ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်း(ပအိုဝ်းအမျိုးသားဝတ်စုံဝတ်ဆင်ထားသူ) ကို​တွေ့ရစဥ်။ဓါတ်ပုံ-PNFC)
(ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်း(ပအိုဝ်းအမျိုးသားဝတ်စုံဝတ်ဆင်ထားသူ) ကို​တွေ့ရစဥ်။ဓါတ်ပုံ-PNFC)

နာယက ဦးအောင်ခမ်းထီး ဦးဆောင်သောPNO/PNAပြည်သူ့စစ်အဖွဲ့အနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေခြင်းကို ပြန်လည်သုံးသပ်ပေးရန် ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက တောင်းဆိုလိုက်သည်။

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ် နိမ်းနိန်ကျေးရွာ၌ သံဃာတော်သုံးပါးအပါအဝင် ပအိုးဝ်ဒေသခံ ၂၀ ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC၊ ပအိုးဝ်အမျိုးသားဖက်ဒရယ်ကောင်စီ PNFC နှင့် တာ၀န်ရှိသူများက ပူးတွဲသတင်းစာရှင်းလင်းပွဲ ယနေ့ ပြုလုပ်ခဲ့ရာ ထည့်သွင်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။

အထက်ပါအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုအပေါ် စစ်ကောင်စီက လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးအဓိကရုဏ်းများဖြစ်ပေါ်လာစေရန် ရည်ရွယ်လုပ်ဆောင်နေကြောင်း ပအိုးဝ်အမျိုးသားဖက်ဒရယ်ကောင်စီ PNFC၊ ပအိုးဝ်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ PNDF KK တို့က သတိပေးသည်။

“အခုအချိန်မှာ အင်မတန်စိတ်မကောင်းတာကတော့ ပအိုးဝ်နဲ့ ကရင်နီကြားမှာ လူမျိုးရေးပဋိပက္ခရော၊ ဘာသာရေးပဋိပက္ခရော စစ်ကောင်စီက ကောက်ကျစ်စွာနဲ့ ဖန်တီးတာဖြစ်ပါတယ်။ ဒီနေရာကနေ ပန်ကြားချင်တာက ပအိုးဝ်ပြည်သူတွေရော၊ ကရင်နီပြည်သူတွေရော စစ်ကောင်စီရဲ့ လိမ်ညာဝါဒဖြန့်တာတွေကို မယုံကြဖို့ လိုတယ်။ နောက်တစ်ခုကတော့ ကရင်နီနဲ့ ပအိုးဝ်ကြားမှာရှိတဲ့ မိိသားစုစိတ်ဓာတ်ကို အပြိုကွဲမခံဘဲနဲ့ မိသားစုစိတ်ဓာတ်ကို ဆက်လက်စောင့်ရှောက်ဖို့လိုတယ်ဆိုတာ တင်ပြချင်ပါတယ်” ဟု ခွန်မြင့်ထွန်းက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

နိန်းနိန်ကျေးရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဥ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျူးလွန်ခြင်းဖြစ်သည်မှာ ထင်ရှားပြီး အာဏာသိမ်းစစ်တပ်က လူမျိုးရေးပဋိပက္ခများဖြစ်လာစေရန် ရည်ရွယ်ကျူးလွန်ခြင်းဖြစ်ကြောင်း PNDF KK မဟာမိတ်ဆက်ဆံရေးမှူး-ဒုခွဲမှူး ခွန်မိုးဟိန်းက ရှင်းပြသည်။

“ကျွန်တော်တို့ ပအိုးဝ်တွေအနေနဲ့ဆိုရင် လူမျိုးရေးပဋိပက္ခကို ဘယ်လောက်ပဲ ဖန်တီး ဖန်တီးနေ တော်တော်များများက ဒါကို ထိန်းနိုင်တဲ့ အသိပညာလေးတွေ ရှိလာတော့ သူတို့ လုပ်ဆောင်ချက်က မအောင်မြင်ဘူးပေါ့။ ဒါပေမဲ့ ဘာသာရေးကို ထိလာတဲ့အခါ ကျွန်တော်တို့ဘက်မှာ ၅၀-၅၀ ရပ်တည်နေတဲ့ လူငယ်တွေ အပါအဝင် ဘာသာရေးဘက်ကို ထိခိုက်လာတော့ အဲဒီနောက်ကို လိုက်သွားတယ်လို့မြင်တယ်။ အဲဒါကြောင့် သူတို့(စစ်ကောင်စီ)က ဘာသာရေး၊ လူမျိုးရေးနှစ်ခုကို ဖန်တီးနိုင်ပြီဆိုရင် ကျွန်တော်တို့ရဲ့ တော်လှန်ရေးအင်အားစုတွေကိုလည်း တနည်းတဖုံနဲ့ရပ်တန့်နိုင်မယ်ထင်လို့ ဒီလိုမျိုး ရည်ရွယ်ချက်ရှိရှိကျူးလွန်တယ်လို့ မြင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် နိန်းနိန်ကျေးရွာဖြစ်စဥ် မဖြစ်ပွားမီ လေးရက်အလိုတွင် PNO/PNA နာယက ဦးအောင်ခမ်းထီးကို ရှမ်းပြည်နယ် ကျောက်တလုံးကြီးသို့ သွားရောက်တွေ့ဆုံခဲ့သည်။ ယင်းနောက် မင်းအောင်လှိုင်၏ တပ်ဖွဲ့ဝင်များက ဗုဒ္ဓဘာသာ သံဃာတော် ၃ ပါးနှင့် အပြစ်မဲ့ပြည်သူ ၂၀ ကျော်ကို ရက်စက်စွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည်။

ထိုသို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဥ်ကို PNO က ဦးဆောင်ကာ ယင်းသတ်ဖြတ်မှုကို ကရင်နီပြည်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များက ကျူးလွန်သည်ဟု စွပ်စွဲကာ တောင်ကြီးမြို့၌ အင်အားအများအပြားဖြင့် ဆန္ဒပြခဲ့ကြသည်။

KNDF နှင့် PDF ပူးပေါင်းတပ်များက ပအိုးဝ်ဒေသခံများကို သတ်ဖြတ်သည်ဆိုသော မဟုတ်မမှန် သတင်းထုတ်ပြန်ကြေညာများ ထုတ်ပြန်ခြင်းသည် ဖြစ်ရပ်မှန်များကို ကွယ်ဝှက်ထားခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်များကို မဖော်ထုတ်နိုင်ပါက ကျူးလွန်သူများကို အပြစ်မှ ကင်းလွှတ်ခွင့် ပေးနေခြင်းဖြစ်သည်ကို သိနားလည်ရန် လိုအပ်ကြောင်း ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က ပြောသည်။

“ကျွန်တော်တို့မှာ အဖြစ်မှန်အတွက် သက်သေအခိုင်အမာရှိပါတယ်။ စစ်ကောင်စီတပ်ဟာ ကျွန်တော်တို့ ကရင်နီပြည်သူတွေကို ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်မှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တာတွေ၊ စစ်ကိုင်း၊ မကွေးမှာ သတ်ဖြတ်ခဲ့တာတွေ လက်တွေ့ပါပဲ။ အခုလည်း ရာဇဝတ်မှုကို ထပ်မံကျူးလွန်လိုက်တာဖြစ်ပြီး လူမျိုးတစ်မျိုးနဲ့တစ်မျိုးအကြား အထင်အမြင် လွဲမှားအောင်၊ သွေးကွဲအောင် ဖန်တီးနေတာဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အားလုံး သိရှိနားလည်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ဒီိလိုမကြာခဏ စစ်အုပ်စုက လူသားမျိုးနွယ်မှုဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်နေတာကို အပြစ်ပေးအရေးယူနိုင်ဖို့အတွက် ကျွန်တော်တို့အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြဖို့ လွန်စွာအရေးကြီးတယ်ဆိုတာ ကျွန်တော့်အနေနဲ့ ပဏမပြောကြားရင်းနဲ့ နိဂုံးချုပ်ပါတယ်ခင်ဗျာ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီသည် စစ်ရေးသာမက နိုင်ငံရေးအရလည်း ရှုံးနိမ့်နေ၍ ၎င်းလက်အောက်ရှိ တိုင်းရင်းသားတပ်ဖွဲ့များ၊ ပြည်သူ့စစ်များကို စည်းရုံးကာ အသုံးချမည်ဖြစ်ကြောင်း PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက သုံးသပ်သည်။

“အဲဒီလိုအခြေအနေမျိုးမှာ တိုင်းရင်းသားတပ်ဖွဲ့ တွေ၊ အသွင်ပြောင်းထားတဲ့ တချိန်တခါတုန်းက တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ ဖြစ်ခဲ့ပေမယ့်လို့ ခုနေခါမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်ပြီးတဲ့အခါ အသွင်ပြောင်းခဲ့ရတဲ့ ပြည်သူ့စစ်တို့ နယ်ခြားစောင့်တပ်တို့ စစ်တပ်ရဲ့ အမိန့်ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ဖွဲ့တွေကိုတော့ စစ်အင်အားရဖို့အတွက် ဝိုင်းတိုက်ဖို့အတွက် ပြောမှာ သေချာပါတယ်” ဟု ခွန်မြင့်ထွန်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

သတင်း

PNO ပြည်သူ့စစ် နှင့် စစ်ကောင်စီ စခန်းများ သိမ်းပိုက်ရရှိမှု အ​ခြေအ​နေကိုပြည့်ပြည့်စုံစုံသိရှိနိုင်ရန် တော်လှန်ရေးအင်အားစုများထံမှ အတည်ပြုချက်ရယူရန် လူထုနွေဦးကဆက်သွယ်မေးမြန်းဆဲ​နေဖြစ်သည်။

သတင်း

TNLA သိမ်းပိုက်ထားသည့် နမ့်ခမ်းမြို့နယ်အတွင်း ယခင်က ပန်ဆေးပြည်သူ့စစ် ထိန်းချုပ်ခဲ့သည့် ဒေသမှ ဘိန်းခင်းများကို မတ်လ ၄ ရက်နေ့မှ ၁၂ရက် အတွင်း ၉ရက်ကြာ ဖျက်ဆီးခဲ့သည်ဟု အသိပေးသည်။

သတင်း

PNLA ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့ကို စစ်ကောင်စီနှင့် အပေါင်းအပါများက စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်နေသည်ဟု အသိပေးထားသည်။