Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပင်​လောင်းတိုက်ပွဲစစ်သား၂၀ ​ကျော်ထပ်​သေဟုKRU ဆို

တိုက်ပွဲတွင်စစ်ကောင်စီ ဘက်မှ (၂၀)ကျော်သေဆုံးခဲ့ပြီး တပ်ပေါင်းစု အဖွဲ့များ မှ KRU (၂)ဦး ၊ တပ်ရင်း(804) တစ်ဦး၊တပ်ရင်း(805)တစ်ဦး၊စစ်တောင်းပြောက်ကျားတစ်ဦးစုစု​ပေါင်း ၅ဦးမစိုးရိမ်ဒဏ်ရာများရရှိခဲ့သည်။

(KRUတပ်ဖွဲ့ဝင်အချို့နှင့် တိုက်ပွဲတွင်မ​ပေါက်ကွဲ​သေး​သောလက်နက်ကျည်အစိတ်အပိုင်းတစ်ခု။ ဓါတ်ပုံ-KRU)
(KRUတပ်ဖွဲ့ဝင်အချို့နှင့် တိုက်ပွဲတွင်မ​ပေါက်ကွဲ​သေး​သောလက်နက်ကျည်အစိတ်အပိုင်းတစ်ခု။ ဓါတ်ပုံ-KRU)

ရှမ်း-ကရင်နီ(ကယား) နယ်စပ်ပင်းလောင်းမြို့ နယ်တိုက်ပွဲ စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်းထပ်မံသေဆုံးကြောင်း ကရင်နီတော်လှန်ရေး တပ်ပေါင်းစု (KRU) က ယနေ့ ထုတ်ပြန်သည်။

ပင်လောင်းမြို့နယ်၊နမ့်နိန်းကျေးရွာ အနောက်ဘက်ရှိ တောင်ကုန်း ဒေသတစ်ကျောအား စစ်ကောင်စီကစစ်ကြောင်းအများအပြားဖြင့် ထိုးစစ်ဆင်လာသဖြင့် ​ဒေသခံ​ကရင်နီတော်လှန်​ရေးအင်အားစုများကခုခံတိုက်ခိုက်​နေရာ ယနေ့(မတ်လ ၁၆ ရက်) နံနက် ၇နာရီ မှ နေလည်ပိုင်းထိ တိုက်ပွဲပြင်းထန်ခဲ့သည်ဟုသိရသည်။

KRU နှင့် KNDF BO(11)၊ PNDF(KK)၊အလယ်ပိုင်းတိုင်း တပ်ရင်း(804)၊ တပ်ရင်း(805)၊ တပ်ရင်း (1102)၊စစ်တောင်းပျောက်ကျားအဖွဲ့တို့ ကပူးပေါင်း၍ စစ်တပ်ကိုခုခံတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

တိုက်ပွဲတွင်စစ်ကောင်စီ ဘက်မှ (၂၀)ကျော်သေဆုံးခဲ့ပြီး တပ်ပေါင်းစု အဖွဲ့များ မှ KRU (၂)ဦး ၊ တပ်ရင်း(804) တစ်ဦး၊တပ်ရင်း(805)တစ်ဦး၊စစ်တောင်းပြောက်ကျားတစ်ဦးစုစု​ပေါင်း ၅ဦးမစိုးရိမ်ဒဏ်ရာများရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

(KRUတပ်ဖွဲ့ဝင်အချို့နှင့် တိုက်ပွဲတွင်မ​ပေါက်ကွဲ​သေး​သောလက်နက်ကျည်အစိတ်အပိုင်းတစ်ခု။ ဓါတ်ပုံ-KRU)
(KRUတပ်ဖွဲ့ဝင်အချို့နှင့် တိုက်ပွဲတွင်မ​ပေါက်ကွဲ​သေး​သောလက်နက်ကျည်အစိတ်အပိုင်းတစ်ခု။ ဓါတ်ပုံ-KRU)

အဆိုပါတိုက်ပွဲနှင့်ပတ်သပ်၍KRU မှတာဝန်ရှိသူကို People’s Spring ကဆက်သွယ်​မေးမြန်းရန်ကြိုးစား​သော်လည်းဆက်သွယ်မရ​သေးပါ။

စစ်တပ်​သေဆုံးမှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

စစ်ကောင်စီတပ်က အရပ်သားပြည်သူများအားဖမ်းဆီးခေါပြီး စစ်သုံ့ပန်းသဖွယ် ပြုမူနေခြင်း၊ဖမ်းဆီးသတ်ဖြတ်ခြင်းပြုလုပ်​နေသောကြောင့် စစ်မျက်နှာ နှင့် ဝေးသော နေရာဒေသ များ အား ပြောင်းရွှေ့နေ ထိုင်ပေးကြရန်လည်းဒေသခံပြည်သူများကို KRU က တိုက်တွန်းသည်။

ကရင်နီ(ကယား)ပြည်နယ် အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်ကောင်စီတပ်က စစ်မျက်နှာ (၄) ခုဖွင့်ကာ စစ်ကြောင်း၁၂ ​ကြောင်းဖြင့် အင်အား ​ထောင်ချီအသုံးပြု၍ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ကရင်နီတပ်​ပေါင်းစုကလည်း စနစ်တကျခုခံတိုက်ခိုက်​နေသဖြင့် စစ်တပ်အထိ့နာ​နေသည်။

Public Service Announcement
Public Service Announcement

စစ်တပ်က​အထိနာ၍ ​လေ​ကြောင်းတိုက်ခိုက်မှုကို အကြိမ်​ရေများစွာပြုလုပ်​နေသည်။မတ် ၁၆ ရက်က ဒီး​မော့ဆို ​ရှေတန်းတစ်​နေရာတွင် စစ်တပ်၏ ရဟတ်ယာဥ်ကို​တော်လှန်​ရေးအဖွဲ့က တိုက်ခိုက်၍ ရဟတ်ယာဥ်မဆင်းနိုင်ဘဲ ပြန်​ပြေးသွားခဲ့ရသည်။

“နေ့စဥ်နဲ့အမျှ စစ်ရေး ဆိုတာ ပြောင်းလဲနေရတယ်။အခု ခုခံစစ် ဆို တခါတလေ ထိုးစစ်ဆင်တယ်။ဒီကနေ့(မတ်လ ၁၆ ရက်)အထိက ရလဒ်ကောင်းတွေရနေတယ်။ရထားတယ်” ဟုကရင်နီအမျိုးသားများကာကွယ်ရေးတပ်မတော်(KNDF)၏တာဝန်ရှိသူက People’s Spring နှင့်အင်တာဗျူးတွင်​ပြောသည်။

စစ်တပ်က အင်အားအများအပြားဖြင့်ထိုးစစ်ဆင်​နေ​သော်လည်းကရင်နီ​တော်လှန်​ရေးအင်အားစုများက​ကောင်းစွာပြင်ဆင် ခုခံတိုက်ခိုက်​နေပြီ ရလဒ်​ကောင်းများရရှိ​နေခြင်းမှာ ပြဘ်တွင်းပြည်ပမှ ပြည်သူများ၏ ကူညီ​ထောက်ပံ့မှုများ​ကြောင့်ဖြစ်ပြီး ဆက်လက်ကူညီ​ပေးကြရန် လည်းအထက်ပါတာဝန်ရှိသူက ​မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။