Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံအရှေ့ခြမ်းတိုက်ပွဲ စစ်ကောင်စီတပ်သေဆုံးထိခိုက်များဟုကရင်နီတပ် ပြော

စစ်​ကောင်စီတပ်သည် ကရင်နီ(ကယား)ပြည်နယ် အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှစစ်မျက်နှာ (၄) ခုဖွင့်ကာ စုစုပေါင်း စစ်ကြောင်း (၁၂) ကြောင်းဖြင့် မတ်လ ၁၀ ရက်မှစ၍ အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။

ကရင်နီပြည်နယ်တွင် စစ်​ကောင်စီတပ်ထိုးစစ်ဆင်လာ​သောစစ်​ကြောင်းများပြ​​မြေပုံ ။ကိုးကား-KNDF
ကရင်နီပြည်နယ်တွင် စစ်​ကောင်စီတပ်ထိုးစစ်ဆင်လာ​သောစစ်​ကြောင်းများပြ​​မြေပုံ ။ကိုးကား-KNDF

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်၌ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁၂ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူများပြားကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောသည်။

“အဲဒီမှာ KNDF တပ်တွေရှိတယ်။ KNDF/PDFပေါ့။ သူတို့ (စစ်ကောင်စီတပ်)နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်လာတာ။ သူတို့ ၁၂ဦး ကျတယ်။ ၁၀ယောက်ကျော်ဒဏ်ရာရယ်။ ဖြစ်တာက ရှမ်းပြည်နယ်နဲ့ ကရင်နီ နယ်စပ်ပေါ့။ လွိုင်ကော်မြောက်ဘက် ဖယ်ခုံမြို့နယ် အရှေ့ခြမ်း မိုးဗြဲဆည်ရဲ့ အရှေ့ဘက်ပေါ့။နေရာအတိအကျက ရွှေသန်းတာဝါတိုင်လို့ခေါ်တယ်” ဟု ခူညေးရယ်က ပြောသည်။

ဖယ်ခုံPDF မှ တတိုက်ပွဲဝင်ရဲ​ဘော်တစ်ဦး။ဓါတ်ပုံ-PDFဖယ်ခုံ
ဖယ်ခုံPDF မှ တတိုက်ပွဲဝင်ရဲ​ဘော်တစ်ဦး။ဓါတ်ပုံ-PDFဖယ်ခုံ

အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်က အထိနာသဖြင့်လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထို့အပြင်ယမန်နေ့က ဒီးမော့ဆိုမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုရှိ​ကြောင်း ခူညေးရယ်က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“မနေ့ဒီးမော့ဆိုမှာလည်း ဖြစ်တယ်။ ဒေါတမကြီးအုပ်စုပေါ့။ အခုထိ သတင်းအတိအကျမရသေးဘူး။အဲဒီမှာစစ်ကောင်စီဘက်က ၂ဦး ၃ဦး ကျတယ်ကြားတယ်” ဟုခူညေးရယ်က ပြောသည်။

စစ်​ကောင်စီတပ်သည် ကရင်နီ(ကယား)ပြည်နယ် အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှစစ်မျက်နှာ (၄) ခုဖွင့်ကာ စုစုပေါင်း စစ်ကြောင်း (၁၂) ကြောင်းဖြင့် မတ်လ ၁၀ ရက်မှစ၍ အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။

မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-MB-PDF
မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-MB-PDF

မတ်လ ၁၀ ရက် ဒီး​မော့ဆို မြို့နယ်အ​ရှေ့ခြမ်းတိုက်ပွဲတွင်စစ်တပ်မှ ၁၆ ဦး​သေဆုံး​ကြောင်းKNDF ကထုတ်ပြန်သည်။

မတ် ၁၁ ရက်တိုက်ပွဲများတွင် နယ်စပ်ရှိကရင်နီ တပ်မ​တော်(KA)စခန်းတစ်ခုကို သိမ်းပိုက်ရန် ထိုးစစ်ဆင်​သောစစ်တပ်၏ တပ်ရင်း ၃ ရင်းတစ်​နေကုန်တိုက်ပွဲဖြစ်ရာ အထနာ၍ ပြန်ဆုတ်သွားပြီး အ​လောင်း ၂ ​လောင်းနှင့် ခဲယမ်း၊စစ်ဘက်သုံးပစ္စည်းများသိမ်းဆည်းရရှိ​ကြောင်း KA နှင့်KMIC တို့ကထုတ်ပြန်သည်။

အလားတူ မတ် ၁၁ ရက်က ပင်​လောင်းမြို့နယ် နမ်းနှိန်းရွာတိုက်ပွဲတွင်စစ်တပ်အထိနာပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ​ကြောင်း KRU ကလည်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။