Connect with us

Hi, what are you looking for?

သတင်း

မြဝတီမှာတံတားဘောင်ကိုပစ်ကပ်ကားဝင်တိုက်မိလို့ လူနှစ်ဦးသေဆုံး

ကရင်ပြည်နယ်၊ မြ၀တီမြို့မှာ မနေ့ (နိုဝင်ဘာ ၁၁ ရက်) ညပိုင်းကအာရှလမ်းပိုင်းရှိတံတားဘောင်ကိုပစ်ကပ်ကားဝင်တိုက်မိပြီးလူနှစ်ဦးသေဆုံးသွားခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ မြို့ခံတွေကနေ သိရပါတယ်။

ကရင်ပြည်နယ်၊ မြ၀တီမြို့မှာ မနေ့ (နိုဝင်ဘာ ၁၁ ရက်) ညပိုင်းကအာရှလမ်းပိုင်းရှိတံတားဘောင်ကိုပစ်ကပ်ကားဝင်တိုက်မိပြီးလူနှစ်ဦးသေဆုံးသွားခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ မြို့ခံတွေကနေ သိရပါတယ်။

နိုဝင်ဘာ – ၁၂ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ မြ၀တီမြို့မှာ မနေ့ (နိုဝင်ဘာ ၁၁ ရက်) ညပိုင်းကအာရှလမ်းပိုင်းရှိတံတားဘောင်ကိုပစ်ကပ်ကားဝင်တိုက်မိပြီးလူနှစ်ဦးသေဆုံးသွားခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ မြို့ခံတွေကနေ သိရပါတယ်။

မနေ့ညပိုင်း၉ နာရီကျော်အချိန်ကမြ၀တီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အာရှလမ်း၊ AAA ကားဝင်းအရှေ့မှာတံတားဘောင်ကို ကားက ဝင်တိုက်မိရာမှာ ကားပေါ်ကအမျိုးသားနှစ်ဦးသေဆုံးခဲ့တာပါ။

ကားပေါ်မှာလူခြောက်ဦးလိုက်ပါလာတာဖြစ်ပြီး နှစ်ဦးသေဆုံးခဲ့တာပါ။

Public Service Announcement

Public Service Announcement

သေဆုံးသူက ယာဉ်မောင်းအမျိုးသားနဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ကားခေါင်းခန်းထဲမှာ ညှပ်နေတဲ့အမျိုးသားကို ကယ်ဆယ်ရေးအဖွဲ့က ဆွဲထုတ်ကယ်ဆယ်ခဲ့ပေမယ့် အသက်ဆုံးပါးခဲဲ့ပါတယ်။

ဒဏ်ရာရတဲ့ အမျိုးသမီးကိုတော့ မြဝတီဆေးရုံကို ပို့ဆောင်ခဲ့ပြီးဆေးရုံအရောက်မှာပဲသေဆုံးခဲ့တယ်လို့မြဝတီမြို့ခံဆီကသိရပါတယ်။

အခုဖြစ်စဉ်ဖြစ်ပွားတဲ့ AAA ကားဝင်းအရှေ့ကတံတားမှာ ယာဉ်တိုက်မှုဖြစ်စဉ်တွေမကြာခဏဖြစ်နေပြီး လမ်းက ကျယ်ပေမယ့် တံတားအဝင်မှာ လမ်းကျဉ်းသွားတာကြောင့် တံတားဘောင်ကိုဝင်တိုက်မိတာလို့ မြို့ခံအချို့က ယူဆနေကြပါတယ်။

တံတားမရောက်ခင်မှာ လမ်းကျဉ်းရှိတယ်ဆိုတဲ့ သတိပေး ဆိုင်းဘုတ် စိုက်ထူထားသင့်တယ်လို့လည်း မြို့ခံအချို့က အကြံပြုကြပါတယ်။

ဆက်စပ်သတင်းများ